iMyanmarAds

အတာသင်္ကြန် ၂၀၁၇ ဈေးရောင်းပွဲတော်နှင့် အမှတ်တရပုံရိပ်များ

အတာသင်္ကြန် ၂၀၁၇တွင် ကျေးဇူးတင်ထိုက်သူများ
အတာသင်္ကြန်ပွဲတော်တွင်ဆရာတော်များအတွက်ဆွမ်းခဲဖွယ်များနှင့် လာရောက်အားပေးကြသောမိတ်
ဆွေညီအစ်ကိုမောင်နှမများပျော်ပျော်ရွှင်ရွှင်ပျော်ပါးကြရန်အတွက် တာဝန်ယူကူညီပေးခဲ့ကြသော
ကိုကြည်ဝင်း မိသားစု၊ ကိုမင်းဦးနှင့် မပြုံး နှင့် ဆွမ်းအလှူရှင်များအား၎င်း၊ အတာပျော်ပွဲရွှင်ပွဲတွင် အဆိုအကများအတွက်အစီအစဉ်များကို တာဝန်ယူ ဆောင်ရွှက်ပေးသော ကိုသိန်းထွေးအား၎င်း၊ ဓါတ်ပုံများအားရိုက်ကူးမှတ်တမ်းတင်ပေးသော ကိုကြည်လင်းအား၎င်း၊ အတာပွဲသို့ လာရောက် ကြသူများကိုအစားအသောက်များကူညီရောင်းချပေးသော မတင်တင်ဝင်း မိသားစုနှင့် မရိုဇာ တို့ အား လူမှုရေးအသင်းမှ အထူးကျေးဇူးတင်ရှိပါကြောင်း။
အတာသင်္ကြန်ပွဲတော်သို့ လာရောက်အားပေးကြသော မြန်မာမိတ်ဆွေများနှင့် အကြောင်းအမျိုးမျိုးကြောင့်
မလာရောက်နိုင်သော ညီအစ်ကိုမောင်နှမများ လာမည့်နှစ်မှာ ပျော်ပျော်ပါးပါးလာရောက်အားပေးကြပါရန်
ဖိတ်ခေါ်ပါရစေ...
အတာသင်္ကြန်ပွဲတော်အတွင်း ရရှိသောအလှူငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်..
၁.မရိုဇာ ၈၈၈ယူရို
၂.မတင်တင်ဝင်းမိသားစု ၂၀၀ယူရို
၃.ဘီယာအအေးမှရောင်းရငွေ ၃၅၅ယူရို
၎.အလှူရှင်တစ်ဦးမှ အလှူငွေ   ၂၀ယူရို
.................................................
စုစုပေါင်းရရှိငွေ ... 1463ယူရို