ဂျာမာန်-မြန်မာအဘိဓာန်...ဂျာမာန်-မြန်မာအဘိဓာန်ဝယ်နိုင်... အင်္ဂလိပ်ဂျာမာန်ဘာသာပြန် ... နိုင်ငံသားလျှောက်ရန်မေးခွန်း(၃၀၀)... ကားမောင်းသင်တန်... အိမ်ဌားလိုလျှင် ...အိမ်ဝယ်လို လျှင်...ဆေးပေးရုံးများ...လုပ်သမားရုံးများ...Frankfurt. A to Z... အရေေးပ်ါနံပါတ်များ ...ဂျာမာန်ကိုonline မှလေ့လာလိုသူများအတွက်...wohngeld လျှောက်ရန်...
Kredite ယူသူများလေ့လာရန်..... Frankfurt Auslanderrecht ရှေ့နေများ
Saturday
ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အခမ်းအနား နှင့် ဓမ္မစေတီဆရာတော်တရားပွဲ
ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျား..........
ဖွားမြင်၊ ပွင့်၊ စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန် ကဆုန်လပြည့်ကြုံ ပာုအဆိုနှင့်အညီ ဗုဒ္ဓပုဏ္ဏိမာ နေ့ဖြစ်သော ကဆုန်လပြည့် သည် မြတ်စွာဘုရား၏ လပြည့်နေ့အခါပင်ဖြစ်သည်။
ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ ဘဒ္ဒကမ္ဘာမှာ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မည်ပာု ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့၊ မဟာသက္ကရာဇ် ၆၈ ခု ဂေါတမဘုရား
အလောင်းတော်သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောနေ့ ၊ မဟာသက္ကရာဇ် (၁၀၃) ခု ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့ ၊မဟာသက္ကရာဇ် ၁၄၈ ခု ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ ကဆုန်လပြည့် နေ့များပာာ ဗုဒ္ဓ ဘာသာဝင်များအလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ပင်ဖြစ်ပါသည်။
ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာ အသင်းမှ ဗုဒ္ဓပူဇာ ပွဲအားကျင်းပ လျက် ပူဇော်အထူး ခံယူတော်မူထိုက်သော
ဗုဒ္ဓမြတ်စွာဘုရားအား အမြတ်ဆုံးရိုသေပူဇော် ခြင်းအားဖြင့် မြတ်စွာဘုရား၏ နှိဗ္ဗာန်ရောက်ကြောင်းတရားတော်များအား ဂျာမနီရောက် သီတင်းသုံးကုန်သော သံဃာတော်အရှင်မြတ်များထံမှ နာကြားကုသိုလ်ယူကြမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေ အပေါင်းတို့ကြွရောက်နာကြား ကုသိုလ်ယူကြပါကြောင်း နှိုးဆော်ဖိတ်ကြားအပ်ပါသည်။
ပင့်သံဃာ........... (၆) ပါး
အစီအစဉ်...........
နံနက် ၁၁ နာရီ ခန့်........ဗုဒ္ဓမြတ်စွာဘုရားအား စုပေါင်းဆွမ်းတော်ကပ်လှူခြင်း
နံနက် ၁၁ နာရီ၁၅ မိနစ်............ သံဃာတော်အရှင်မြတ်များအား ဆွမ်းကပ်လှူခြင်း
နံနက် ၁၁ နာရီခွဲ ...........ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာ အသင်းမှ ဗုဒ္ဓပူဇာလေးချိုးဖြင့်ရွတ်ဖတ်ပူဇော်ခြင်း
နေ့လည် ၁၂ နာရီ..........ကြွရောက်လာသောတရားနာ အလှူရှင်ဓမ္မမိတ်ဆွေ အပေါင်းအားအစားအစာများဖြင့် ဧည့်ခံကျွေးမွေးခြင်း
နေ့လည် ၁ နာရီ............ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာ အသင်းမှ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ခြင်း
နေ့လည် ၁ နာရီခွဲ..........သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူခြင်း
နေ့လည် ၁ နာရီ ၄၅မိနစ်.........သံဃာတော်အရှင်သူမြတ်များမှ နှိဗ္ဗာန်ရောက်ကြောင်းတရားတော်များအား နာယူခြင်း နှင့် ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ အထူးတရားပွဲ ကျင်းပခြင်း
နေ့လည် ၃ နာရီ ခွဲ ..............ဆွမ်းဆန်စိမ်း လောင်းလှူခြင်း နှင့် အခမ်းအနားပြီးဆုံးခြင်း
ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ ၏ ဂျာမနီ ခရီးစဉ်အတွင်း ဓမ္မမိတ်ဆွေ သူတော်ကောင်းတို့အား နှိဗ္ဗာန်ရောက်ကြောင်းတရားဓမ္မချီးမြှင့် ပေးမည်ဖြစ်ပါသောကြောင့် ရတောင့်ရခဲ အခွင့်အရေးအား လက်လွတ်မခံ လာရောက်နာကြားခြင်းဖြင့် သံသရာဝဋ်ဆင်းရဲ မှ လွတ်ကြောင်း ကျင့်ကြံအားထုတ်ကြိုးထုတ်နိုင်ကြပါစေရန် ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာအသင်းမှ တိုက်တွန်းနှိုးဆော် လိုက်ပါသည် သူတော်ကောင်းအပေါင်းတို့......................

အစီအစဉ်..
နေ့ရက်......မေလ ၂၆ ရက် ၂၀၁၃ ခုနှစ် (တနင်္ဂနွေနေ့)
နေရာ........ Saalbau Gutleut ခန်းမ, Rottweiler Straße 32, 60327 Frankfurt am Main
Hauptbahnhof မှ Straßebahn 12,16,21 စီးပါ.မှတ်တိုင် Baseler Platz
ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အခမ်းအနား
ဆွမ်း ထမင်းအလှူရှင်များ
၁.)ဒေါ်နွယ်၊သားကိုဇင်နှင့်ကိုစိုးလွင်+မမင်းမင်းလှိုင်မိသားစု
............ ဆိတ်ကလီစာ၊ဆိတ်သား၊ငပိ၊တို့စရာအစုံ
............ ဆိတ်ကလီစာ၊ဆိတ်သား၊ငပိ၊တို့စရာအစုံ
...............၀က်သားမှို ၊ချဉ်ပေါင်ပာင်းချို
၂.)ကိုသန်းစိုး+မဆုလေးနွယ်မိသားစု ........ငါးဖယ်ပာင်း
၃.)ကိုအေးငြိမ်း+မကြည်ကြည်ခင်၊သားအာကာမင်း ........ပုဇွန်ပာင်း
၎.)ကိုထင်အောင်မြင့်+မအိမိသားစု ........၀က်ပဲငပိ
၅.)ကိုဖြိုး ........ဆတ်သားပာင်း
၆.)ကိုလှမောင်သန်း+မစန္ဒာမိသားစု .........
၇.)လူမှုရေးအသင်းအဖွဲ့ .........သောက်ရေသန့်
၈.)စံပယ်လွင် ..........သောက်ရေနှင့်အအေး
၉.)ကိုမင်းဦး+မပြုံး ..........အုန်းနှို့ကျောက်ကျော
၁၀.)ကိုနေဝင်းလှိုင်+မမိစံမိသားစု ..........ရွှေကြည်ဆနွင်းမကင်းမိုးမခ မီဒီယာ - MoeMaKa News & Media: Tu Maung Nyo - Articles
မိုးမခ မီဒီယာ - MoeMaKa News & Media: Tu Maung Nyo - Articles: တိုက်သွားတာလည်း မောင်ရင်၊ ဒီအမှုကို စစ်ဆေးတာလည်း မောင်ရင်ဆိုတော့ နဲနဲစဉ်းစားပါရစေအုံး တူမောင်ညို မေ ၁၊ ၂၀၁၃ “မိထ္ထီလာ” ပြီးတော့ “...
Tuesday
Thursday
ကချင်စစ်ပြေးဒုက္ခသည်များသို့ ထောက်ပံ့ကူညီခြင်း
မြန်မာလူမှုရေးအသင်းမှကျင်းပပြီးစီးခဲ့သော၊ အတာသင်္ကြန်မှရရှိခဲ့သော ပိုငွေများမှ ( ယူရို 500) မြန်မာကျပ်ငွေ (ခြောက်သိန်း) ကို ၄င်းကချင်ဒုက္ခသည်စခန်းသို့ ၊ ပေးပို့ ကူညီထောက်ပံ့ခဲ့ပါသည်။ လိုအပ်နေသောနေရာကိုပေးကမ်းလှူဒါန်းခြင်းသည်၊ တန်းဖိုးမဖြတ်နိုင်သော ကူညီထောက်ပံ့ခြင်းဖြစ်ပါသည်။ အတာသင်္ကြန်ပွဲတော်ကိုလာရောက်အားပေးကြသောလှူရှင်များအား၊ လူမှုရေးအသင်းမှအထူးကျေးဇူးတင်ရှိပါသည်။ဂျာမနီနိုင်ငံတွင်နေထိုင်နေကြသော၊ မြန်မာမိသားစု ညီအစ်ကိုမောင်နှများမှ၊ စုပေါင်းလှူဒါန်းထောက်ပံ့မည်ဆိုလျှင်ဆက်လက်ထောက်ပံ့လှူဒါန်းနိုင်ပါကြောင်းအသိပေးအပ်ပါသည်။
လှူရှင်များဆက်သွယ်ရန်
................................
၁.ကိုစိုးခင် (06925786776,01786362872) ၂.ကိုသန်းစိုး(06947869269,01733418195)
၃.ကိုအောင်နိုင်ထွေး(069 90753529,015211245984)
၎.ကိုဂျက်ကီ(06947868098,01622579294 )
၅.ကိုရှမ်းလေး(06917514135) ၆.ကိုမင်းမင်း(မွန်)(06926486984,015226805994)
၇.ကိုမင်းပာန်(06980905721, 015201466922) ၈.ကိုအောင်ရွှေ(06925755399)
၉.ကိုမိုးမြင့်ကျော်(015226699861) ၁၀.မစပါယ်လွင်(06966124609)

Wednesday
ကချင်ပြည်နယ်..ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် အိမ်သာ ခက်ခဲနေဆဲ
မြန်မာလူမှုရေးအသင်းမှကျင်းပပြီးစီးခဲ့သော၊ အတာသင်္ကြန်မှရရှိခဲ့သော အကျိုးအမြတ်များမှ ( ယူရို 500) ကို ၄င်းကချင်ဒုက္ခသည်စခန်းသို့ ၊ ပေးပို့ လှူဒါန်းသွားမည်ဖြင့်ပါသဖြင့်၊ ဂျာမနီနိုင်ငံတွင်နေထိုင်နေကြသော၊ မြန်မာမိသားစု ညီအစ်ကိုမောင်နှများမှ၊ စုပေါင်းလှူဒါန်းထောက်ပနိုင်ပါသည်။ လိုအပ်နေသောနေရာကိုပေးကမ်းလှူဒါန်းခြင်းသည်၊ တန်းဖိုးမဖြတ်နိုင်သော ကူညီထောက်ပံ့ခြင်းဖြစ်ပါသည်။ လှူရှင်များလူမှုရေးအသင်းသူအသင်းသားများကိုဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းအသိပေးအပ်ပါသည်။
ဆက်သွယ်ရန်
..................
၁.ကိုစိုးခင် (06925786776,01786362872)
၂.ကိုသန်းစိုး(06947869269,01733418195)
၃.ကိုအောင်နိုင်ထွေး(069 90753529,015211245984)
၎.ကိုဂျက်ကီ(06947868098,01622579294 )
၅.ကိုရှမ်းလေး(06917514135)
၆.ကိုမင်းမင်း(မွန်)(06926486984,015226805994)
၇.ကိုမင်းပာန်(06980905721, 015201466922)
၈.ကိုအောင်ရွှေ(06925755399)
၉.ကိုမိုးမြင့်ကျော်(015226699861)
၁၀.မစပါယ်လွင်(06966124609)
...........................................
အောက်ပါလူမှုရေးဘဏ်သို့ လဲတိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်
(Bank Name:Frankfurter Volksbank)(Name:myanmar-Sozialhilfe e.V)(Bank Account:
7500019284)(Bank leitzahl:50190000)(Bank BIC:FFVBDEFF)
(Bank IBAN:DE48501900007500019284)

ဇိုင်းအောင် ဒုက္ခသည်စခန်း။
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် အိမ်သာများမလုံလောက်မှုကြောင့် အခက်ခဲရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်းမှ သိရသည်။
ပြီးခဲ့သည့်မတ်လအတွင်း Health Unlimited (HU) မှ ဆောက်လုပ်ပေးထားသော အိမ်သာများသည် အိမ်သာ အခက်ခဲပိုများသည့် အိမ်ထောင်စုများအတွက် အိမ်ခြေ ၇ ခုလျင် အိမ်သာ ၁ လုံးစီပေါင်းသုံးရန် ဆောက်လုပ်ပေးထားသော်လည်း လိုအပ်နေဆဲဖြစ်ကြောင်း စခန်းတာဝန်ရှိသူများပြောသည်။
"လောလောဆယ်လိုနေတာပေါ့နော် တချို့တွေက အိမ်သာအဟောင်းက ခွက်တွေယူပြီးပြန်လုပ်ယူတယ်။ တချို့အိမ်သာတွေကျတော့ ပျက်စီးသွားတာတွေရှိတော့ ခက်ခဲနေတာပေါ့" ဟု ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
ဇိုင်းအောင်ဒုက္ခသည်စခန်းတွင် အိမ်ထောင် ၆၀၀ ကျော်ရှိပြီး ဖေဖော်ဝါရီလပိုင်းက Health Unlimited (HU) မှ ဒုက္ခသည်စခန်းကျန်းမာရေး အခြေအနေမြင့်မားလာအောင် အိမ်သာများကို နမူနာအဖြင့် အိမ်သာ ၈၀ ကူညီပေးခဲ့သော်လည်း လုံလောက်ခြင်းမရှိသေးကြောင်းသိရသည်။
အိမ်ခြေအများစုသည် ရေလောင်းအိမ်သာများသုံးနေသော်လည်း အိမ်ခြေသည် ၅၀ ကျော်သည် တွင်းတဲအိမ်သာများသာ အသုံးပြုနေရသောကြောင့် စခန်း ကျန်းမာရေးအဖွဲ့မှ တွင်းတဲအိမ်သာများကို အပေါက်ပိတ်ရန်စီစဉ်ပေးနေသော်လည်း ရေရှည်အတွက်မူ ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိကြောင်းပြောဆိုသည်။
၎င်းစခန်းတွင် ဒုက္ခသည်များ ကျမ်းမာရေးအားနည်နေဆဲလည်းဖြစ်ပြီး ယခုချိန် ချောင်းဆိုးသူများ၊ ၀မ်းရောဂါဖြစ်ပွားသူများ၊ အရေပြားယားယံခြင်းစသည့် လူနာများသည် ဆေးပေးခန်းသို့ နေ့စဉ် ၂၀ ဦးထက်မနည်း ဆေးများတောင်း သောက်နေကြောင်း ဒုက္ခသည်စခန်းမှ ပြောသည်။
စခန်းအတွင်း ဖုံထူခြင်း၊ မသန့်ရှင်းသောအစားအစာများစားသုံးခြင်း၊ ရေများလုံလောက်မှုမရှိခြင်းနှင့် အိမ်သာမလုံလောက်ခြင်းကြောင့် ကျမ်းမာရေးထိခိုက်စေသည်ဟု ကျန်းမာရေးဌာနမှ သုံးသပ်သည်။
၎င်းကျန်းမာရေးဌာနမှလည်း ဆေးဝါးအချို့ပြတ်လပ်နေသောကြောင့် ယခုချိန် လည်ချောင်းနှင့် ဆိုင်သောဆေးဝါးများ၊ ၀မ်းရောဂါဆေးများ၊ ယားနာဆေးများ၊ ကလေးငယ် သက်ကြီးများအတွက်အားဆေးများ အဓိကလိုအပ်နေကြောင်း ကျန်းမာရေးဌာနမှ ပြောသည်။
ဇိုင်းအောင်ဒုက္ခသည်စခန်းမှ အဆုပ်ရောဂါဖြစ်ပွားသူဟု ယူဆရသူ အယောက် ၂၀ ကျော်ရှိနေပြီး ၎င်းတို့သည် ဗဟိုဌာနချုပ် လိုင်ဇာ AZG ဆေးပေးခန်းသို့ သွားရောက်ရန် ငွေကြေးခက်ခဲမှုကြောင့် သွားစစ်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) သည် ၄င်းဒုက္ခသည်များအတွက် မိသားစုတစုလျင် အိမ်တစ်လုံးပြုလုပ်ပေးခဲ့သောကြောင့် ဇန်န၀ါရီလမှ စ၍ နေအိမ်များဖြင့်ကောင်းမွန်စွာနေထိုင်ရသော်လည်း ယခုချိန်အိမ်သာများလုံလောက်မှုမရှိ ဖြစ်နေခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့ အဆုပ်ရောဂါလက္ခဏာဟု ယူဆရသူများကိုလည်း လိုင်ဇာရှိ အမေရိကနိုင်ငံမှလာသော Kachin Relief မှ စာရင်းပြုစုခိုင်းသော်လည်း ယခုချိန်ထိ အကြောင်းပြန်ခြင်းမရှိသေးကြောင်းသိရသည်။
ဇိုင်းအောင်ဒုက္ခသည်စခန်းသည် ၀ိုင်းမော်မြို့နယ်တွင်းရှိပြီး အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ လှုပ်ရှားနယ်မြေကို ကျော်ဖြတ်၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်နေရာဖြစ်သောကြောင့် အကူအညီများကို အချိန်မီရရှိရန်ခက်ခဲသောစခန်းလည်းဖြစ်သည်။
Saturday
ရိုးရာအတာသင်္ကြန် 2013 ကျေးဇူးတင်လွှာ
ဂျာမနီနိုင်ငံ၊
ဖရန်ဖတ်မြို့ (Frankfurt )တွင်ကျင်းပပြုလုပ်သော
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်၊ စည်ကားသိုက်မြိုက်စွာဖြင့်၊
ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။ ၄င်းပွဲတော် စည်းကားသိုက် မြိုက်စွာ ကျင်းပနိုင်ရန်အတွက်၊
အတာသင်္ကြန်မင်္ဂလာစကားပြောကြားပေးသော ဒေါ်ခင်မာလွင်အား၎င်း၊ အခမ်းနားမှူးအဖြစ်ကူညီပေးသော
မစပါယ် လွင်အား၎င်း၊ အတာသင်္ကြန်သံချပ်ကိုယ်တိုင် ရေးစပ်သီဆိုပေးသော၊
ကိုဘုန်းအား၎င်း၊ အတာယိမ်းအကဖြစ်မြောက်ရေးအတွက် အစစ အရာ ရာကူညီပေးသော
ဒေါ်ခင်မာလွင်၊ ဒေါ်အုန်းမမ၊
မမာရီ၊ မမြတ်နိုး နှင့် ယိမ်းပျိုဖြူများအားလုံးတို့ အား၎င်း၊
အတာပွဲတော်သို့ လာရောက်အားပေးကြသောပရိတ်သတ်များအား၊ အဆင်ပြေစွာ စားသောက် နိုင်ရေးအတွက်၊
အစားအသောက်မျိုးစုံရောင်းချပေးခဲ့သော မနွယ်နှင့်သူငယ်ချင်းများ၊ မအေးမိ စံနှင့်မိသားစု၊
ကိုမင်းပာန်နှင့်မသိင်္ဂီ အဖွဲ့ သူငယ်ချင်းများ၊ ကိုသိန်းမြင့်နှင့်မိသားစု၊
ကိုခွန်လွန်း ကျော်နှင်မနန်းသီလာ၊ မြန်မာ့ရေးရာဌာနအဖွဲ့ သူအဖွဲ့ သားများ၊ ဗမာစတိုးဆိုင်မှကိုကျော်ဆွေညွန့် နှင့်အဖွဲ
့ အား၎င်း၊ ဒံပေါက်ကူညီရောင်းပေးသောမနွဲ့ ရင်အား၎င်း၊ ပန်းကုံး များရောင်းချပေးသော ညီမငယ်များအားလုံးတို့ အား၎င်း၊ ခလေး များရံပုံငွေဌာနမှ
အလှူငွေများလက္ခံပေးသော ကိုမိုးမြင့်ကျော်၏ဇနီးအား၎င်း၊ ဘီယာနှင့်အအေး ရောင်းချပေးသော
ကိုဘိုမြ၊ ကိုမိုးမြင့်ကျော်နှင့်သူငယ်ချင်းများအား၎င်း၊ အစားအသောက်များအတွက်
ကားများကူညီ မောင်းပေးကြသော၊ ကိုဘုန်းနိုင်နှင့်ကိုမွန်ချမ်းတို့ အား၎င်း၊ တေးဂီတ
တီးခတ်ပေးသော ကိုSuan ၊ ကို Bili ၊ ကို ဖိုးသား ၊
ကို Johnနှင့် သီချင်းများသီဆို ပေးကြသော ညီကိုမောင်နှမအားလုံးတို့ အား၎င်း၊ တေးဂီတ
ပစ္စည်းများကူညီပေးသော ကရင်းအမျိုးသားများအသင်းအား၎င်း၊ ဆိုကြမည့် ညီကိုမောင်နှမများကိုစုစည်းပေးသော
ကိုအောင်ရွှေ
အား၎င်း၊ announcer အဖြစ် ကူညီပေးသော ကိုဇာနည်နှင့်မစဲလ်ဒါ တို့ အား၎င်း၊ Super talent
show ဆုများ၏ အလှူရှင်များဖြစ်ကြသော ကိုမွန်ချမ်း ၊ ကိုမျိုးမြင့်အောင်နှင့်မအေးမွန်လှိုင်၊
ကိုသက်အောင်နှင့်မလွင်လွင်လှိုင် မိသားစုတို့ အား၎င်း၊ Super talent show ဆုချီးမြှင့်ပေးကြသော
အစ်ကိုအစ်မများအားလုံးတို့ အား၎င်း၊ အတာပွဲတော်အစမှအဆုံးထိ ပါဝင်ကူညီပေးကြသော
ညီအစ်ကိုမောင်နှမ အားလုံးတို့ အား၎င်း၊ အတာပွဲတော်သို
့လာအောက်အားပေးကြသောမိတ်ဆွေသူငယ်ချင်းအားလုံး
တို့ အား
မြန်မာလူမှုရေးအသင်းမှ၊ အထူးကျေးဇူးတင်ရှိပါကြောင်း၊ မှတ်တမ်းတင်အပ်ပါသည်။ယခုနှစ်အတာသင်္ကြန်တွင် လိုအပ်တာ များရှိခဲ့ ပါက မြန်မာလူမှုရေးအသင်းအနေနဲ့ အနူးအညွတ်
တောင်းပန်ပါသည်။နောက်နောင်နှစ်များမှာလည်း ယခုနှစ်ထက်ပိုမိုကောင်းမွန်လာစေရန်စီစဉ်နိုင်
အောင်ကြိုးစားကြပါမည်။ ညီအကိုမောင်နှမများမှလည်း ယခုနှစ်ထက်ပိုလို့ လာရောက်အားပေးကြ ပါရန်လေးစားစွာတိုက်တွန်းနှိုးဆော်လိုက်ပါသည်။လိုအပ်ချက်များ၊ မှားယွင်းချက်များရှိပါက အပြုသ ဘောဆောင်သော ဝေဖန်ခြင်းမျိုးကိုလည်း လှိုက်လှဲစွာ ကြိုဆိုပါသည်။
Subscribe to:
Posts (Atom)
My Blog List
-
-
ပညာနဲ့ ပိုက်ဆံ ဘယ်ဟာ အရင်ရှာမလဲ8 hours ago
-
1. ငါတွေးမိတဲ့”ဘ၀”နှင့်”စိတ်ကုထုံး ဆေးညွှန်း”14 hours ago
-
ကောက်လိုက်ကြစို့…အတူတူ4 days ago
-
အိပ်မက်ချို1 week ago
-
Ан Сан Су Чи-гийн илтгэл /2013.04.29/2 weeks ago
-
66th Mon National Day , 2013 , Denmark1 month ago
-
-
ကြေငြာလာနေတာ မဟုတ်ပါ8 months ago
-
-