iMyanmarAds

နာဂစ် အလှူ မှတ်တမ်း ၁

မြန်မာလူမှုရေးကူညီမှုအသင်း(ဂျာမဏီ) မှ နာဂစ်ဒုက္ခသည်များကို လှူဒါန်းရန် ရည်ရွယ်
ရှိခဲ့သော်လည် မည် သည့် နေရာ ၊ မည်သည့် အဖွဲ့ စည်း ကိုလှူရမည်ကို မသေချာမရေရာ
၍ အသင်းသူအသင်းသားများမှ နာ ဂစ် ဒုက္ခသည် များကိုကူညီပေးနေသော အသင်းဖွဲ့ များ
ကို ရှာဖွေ ကြရန် နှင့် အလှူငွေကောက်ခံ ကြရန်အတွက် ကိုအောင်နိုင်ထွေး နေ အိမ်တွင်
အစည်းဝေးတခု ပြုလုပ် ပြီ ဆွေး နွေး ခဲ့ကြသည်။ အားလုံးသဘောတူညီချက် ဖြင့် လှူမည့်
နေရာရှာဖွေ ခဲ့ ကြသည်။ ကိုစိုးခင်မှ သူ၏ တူမဖြစ်သူ မမိုးစန္ဒာ ကို ဖုန်းဆက် ၍ ဂျာမဏီ
ရောက် အ လှူရှင်များမှ နာဂစ်ဒုက္ခသည် များကို ကူညီလိုကြောင်း ပြောပြ ခဲ့သည် ။ မမိုးစ
န္ဒာ မှဂျာမဏီ အလှူရှင် များ ၏ စေတနာဖြည့်သည့် အနေဖြင့် လှူဒါန်းမည့် နေရာ ရှာဖွေ
ပေးခဲ့ရာ ပဲခူးမြို့  သာမဏေကျော် ကျောင်းမှ နာဂစ် ဒုက္ခ သည်များကို ကူညီရန် အတွက်
၎င်း ၏ကျောင်းအတွင်း၌ ရုံးခန်းဖွင့်၍ အလှူငွေ ကောက်ခံနေကြောင်း သိ ရှိရသဖြင့် သူမ
ကိုယ်တိုင် သာမဏေကျော် ကျောင်းသို့ သွားရောက်၍ သာမဏေကျော် ဆရာတော်နှင့်တွေ့ 
ဆုံ ခဲ့ ပြီ ဂျာမဏီ မှ အလှူရှင်များမှ နာဂစ် ဒုက္ခသည် များအတွက် အလှူငွေ ထောက်ပံ့လို
ကြောင်းပြောပြ သဖြင့် ဆရာတော်မှ ၀မ်း သာ ပီတိဖြစ်ပါသည် ။ ဒုက္ခရောက်နေ သော အချိန်
၌ ကူညီခြင်းသည် အလွန်ပင်ကောင်း သောအလှူဒါနဖြစ် သောကြောင့် သာဓုခေါ်ပါသည် ပာု
ဆရာတော်မှ ၀မ်းသာစကားမြွတ်ကြားခဲ့သည်။ နောက် တစ်ကြိမ် ကိုစိုးခင်မှ တူမ မမိုးစန္ဒာ ဆီ
ကို ဖုန်းဆက် သွယ်ပြန်ရာ သာမဏေကျော်ကျောင်းဆရာတော်နှင့် ဆက်သွယ်ရထားကြောင်း
သိရှိရပါသည်။ ကိုလှမြင့်စိုးမှ လည် အင်တာနက်စာမျက်နှာတခုမှ ကိုကျော်သူနာရေး အသင်း
ကို ကူညီပေးနေ သော ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့ ၏ ဖုန်းနံပါတ် ရထားသည်။ အခု
တော့ နာဂစ် ဒုက္ခ သည် များကို ကူညီနေသော အဖွဲ့  ၂ ဖွဲ့ ကို ကျွန်တော်တို့ ရရှိထားသည်။
ကျွန်တော်တို့ အဖွဲ့ မှ ကိုကျော်သူ နာရေးအသင်းကို လှူဒါန်းရေးကိစ္စသည် မသေချာသေးပါ။ ကိုကျော်သူနာရေးအသင်းနှင့် ကျွန်တော်တို့ အဖွဲ့ တိုက်ရိုက်အဆက်သွယ်မရရှိသေးပါ။ သာမ
ဏေကျော်ဆရာ တော် နှင့် ဆက်သွယ်ရထား သည်။ ကိုစိုးခင်၊ ကို အောင်နိုင်ထွေး ၊ ကိုလှ
မြင့်စိုး တို့ ၃ယောက်တွေ့ ဆုံပြီ ကိုဂျက်ကီး ကိုဖုန်းဆက်၍ အကျိုးအကြောင်း ပြောပြ ပြီ သာမ
ဏေကျော်ကျောင်း (ပဲခူးမြို့ ) ကို နာဂစ်ဒုက္ခသည် များအတွက် မြန်မာငွေ သိန်း (၂၀) လှူဒါန်း
ဖြစ်ခဲ့ပါသည်။ သာမဏေကျောင်းသို့ အလှူငွေရောက်မရောက်ကိုသိရှိရန်အတွက် ကျွန်တော်
တို့ ၃ယောက် မှ သာမဏေကျော်ကျောင်း ကို ဖုန်းဆက်သွယ် သောအခါ ဆရာတော်တစ်ပါး
မှ ဒကာတို့ ပို့ လိုက်သည့်ငွေ (သိန်း၂၀) အ တွက် အခု ဆရာတော်က ရေစက်ချနေ သည်ပာု
ပြော သဖြင့် ကျွန်တော် တို့  စိတ်ထဲမှာလည် သာဓုခေါ်မိပါသည်။
လူ နတ် ဗြဗ္မာ အပေါင်း သာဓုခေါ်နိုင်ပါစေ။
လူမှုရေးကူညီမှုအသင်း(ဂျာမဏီ)
.....................................သာမဏေကျော်ကျောင်း(ပဲခူးမြို့ )

.....................သာမဏေကျော်ဆရာတော်ထံအလှူငွေ သိန်း(၂၀) ဆက်ကပ်

.........သာမဏေကျော်ကျောင်းမှ အလှူငွေရရှိကြောင်းမှတ်တမ်း