iMyanmarAds

လူမှုရေးအသင်း၏ ရည်ရွယ်ချက်

မြန်မာလူမှုရေးကူညီမှုအသင်း(ဂျာမဏီ)

မြန်မာနိုင်ငံသည် ဖွံ့ ဖြိုးတိုးတက်မှု အစစအရာရာနောက်ကျနေသည့် အတွက် ဆင်းရဲသားပြည်သူ  လူထုများ၏ ဘ၀ရပ်တည်မှုမှာ အခက်ခဲများစွာနှင့် ရင်ဆိုင်ကြုံ တွေ့ နေရပါသည်၊ထိုအခက်ခဲများစွာထဲမှ စားဝတ်နေရေး၊ ပညာရေး၊ကျမ္မာရေး စသည်တို့ သည် နေ့ စဉ် ကြုံတွေ့နေသော အခက်ခဲ များဖြစ် ကြ သည်၊၄င်းအက်ခဲများကိုမိမိတတ်နိုင်သည့်ဘက်မှဝိုင်းဝန်းကူညီကြပါရန်မြန်မာလူမှုရေးကူညီမှုအသင်းမှ ပထမဦးစွာတိုက်တွန်း နှိုးဆော်အပ်ပါသည်။ပြည်ပနိုင်ငံ တွင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသား တိုင်း ရင်းသားညီအစ်ကိုမောင်နှမများအားလုံးမှ ဒုက္ခရောက်နေ ကြသော ပြည်သူလူထုများ၏ အခက်ခဲများ ကှို ၀ိုင်းဝန်ကူညီဆောင်ရွက်ကြမှသာလျှင် ဆင်းရဲသားပြည်သူများ၏ ဘ၀ရပ်တည်မှုမှာ သက်သာရာရပါ လိမ့် မည် ။မိမိ၏ကူညီမှုသည်မြန်မာတစ်နိုင်ငံလုံးကိုမထောက်ပံ့နိုင်သော်လည်၊တစ်မြို့ တစ်ရွာ သို့ မပာုတ်
လျှင်တစ်နေရာတချို့ ကို မိမိကူညီထောက်ပံ့မှုမှာအကျိုးပြုနိုင်လိမ့်မည်မှာသေချာပါလိမ့်မည်။

ဤအသင်း၏အဓိကရည်ရွယ်ချက်သည် မြန်မာနိုင်ငံ အတွင်းရှိအမှန် တကယ် လိုအပ်နေသည့်နေရာ များ 
ဖြစ်သော (လူမှုရေး ကျမ္မာရေး ပညာရေး) စသည့်နေရာများ ကို ကူညီရန်ရည်ရွယ်ထားခြင်းဖြစ် ပါသည်။ 
လူမှုရေးအပိုင်းတွင် 
သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရော်နေသည့်နေရာများ၊ကူညီစောင့် ရှောက်မှုကင်းဝေး နေ သောအသက်ကြီးအရွယ်အို အဘိုးအ ဘွားများ၊ မိဘမဲ့ကလေးငယ် များ၊  အများအကျိုး ကိုသယပိုးနေသော အသင်းအဖွဲ့ များကိုကူညီပံ့ပိုးခြင်း။ 
ကျမ္မာရေးအပိုင်းတွင် အခမဲ့ဆေးပေးခန်းဆောက်လုပ်ခြင်း နှင့်ကူညီပံ့ပိုးခြင်း၊ဆေးဝါစရိတ်မတတ်နိုင်သော ဝေဒနာရှင်များ ကိုကူညီပံ့ပိုးခြင်း၊ မျက်မမြင် နှင့် ကိုယ်လက်အဂါင်္မသန်စွမ်းသောဝေးနာသည်များကိုကူညီပံ့ပိုးခြင်း၊ ကင်ဆာနှင့်ခုခံအားကျဆင်းမှုဝေဒနာသည်များကိုကူညီပံ့ပိုးခြင်း။
ပညာရေးအပိုင်းတွင် 

အခမဲ့စာသင်ကျောင်းများဆောက်လုပ်ဖွင့်လှစ်ခြင်းနှင့် ကူညီပံ့ပိုးခြင်း၊စာသင် ကြားရန်အ တွက်အ ခက်ခဲဖြစ်နေသော ကလေးသူငယ်များကိုထောက်ပံ့ကူညီခြင်း ၊အမှန်တကယ်ကူညီ လိုအပ်နေသော ပညာ ရေးဆိုင်ရာနေရာများကို ကူညီပံ့ပိုးခြင်းတို့ ဖြစ်ကြပါသည်။
အများအကျိုးကိုသယ်ပိုးရာတွင် တစ်ဦးတစ်ယောက်အားဖြစ် မစွမ်းဆောင်နိုင်သဖြင့် စုပေါင်း၍လုပ်ဆောင် ရခြင်းဖြစ်
ပါသည်၊ ထို့ကြောင့်ဤအသင်းမှမိတ်ဆွေများ၏ကူညီမှုကိုများစွာလိုအပ်ပါ သည်၊မိတ်ဆွေ များအနေဖြင့် လစဉ်အလှူရှင်အဖြစ်စုပေါင်းပါဝင်လှူဒါန်းကြရန် တိုက်တွန်းအပ်ပါသည်။
မိမိအလှူဒါန်ထားသောစာရင်းကို ဤအသင်းမှ(၃)တစ်ကြိမ် ဖေါ်ပြပေးပါမည်။အလှူရှင်များကိုဤအသင်းမှနွေးထွေးစွာကြိုဆိုပါသည်။