iMyanmarAds

ဆရာတော်မှပြန်စာ

သို့ ...............................................................................ရက်စွဲ ၂၂.၈.၀၈
ဂျာမဏီနိုင်ငံ လူမှုရေးကူညီမှုအသင်း ဒကာများထံ ဘုန်းကြီးစာရေးလိုက်ပါသည်။
ဒကာများလှူဒါန်းလိုက်သော အလှူငွေ ကျပ် (ဆယ်သိန်းသုံးသောင်းငါးထောင်)
ကို ၁၆.၀၈.၀၈ ရက်နေ့ မှာ အလှူခံရရှိပါသည်။
မြန်မာနိုင်ငံသည် အစစအရာရာ ဖွံ့ ဖြိုးတိုးတက်မှု နောက်ကျနေ သည့်အတွက်
မြန်မာပြည်သူ လူထု တို့ ၏ ဘ၀ ရပ်တည် မှုမှာ အခက်ခဲများစွာနှင့် ရင်ဆိုင်ကြုံ
တွေ့ နေရပါသည်။ ထို အခက်ခဲများစွာထဲမှ ကျန်းမာရေးနှင့် ပညာ ရေး ကဏ္ဍ နှစ်
ရပ် ကို ဒကာများ၏ အားပေးကူညီမှုဖြင့် ဘုန်းကြီများက ပြေလည်အောင် အကောင်
ထည် ဖေါ် ဆောင်ရွက်ပေးလျှက်ရှိပါသည်။ဘုန်းကြီးများအနေဖြင့် မြန်မာပြည်သူ
တို့ ၏ အခက်ခဲအကြပ်အတည် များကို ပြေ လည် အောင်ဖြေရှင်းပေးလို သည့် ဆန္ဒ
မည် မျှပင် ထက်သန်နေ စေဦးတော့ ဒကာများ၏ အာပေးကူညီ မှုကို မရ လျှင် အ
ကောင်ထည် ဖေါ်ဆောင်ရွက်နိုင်မည် မပာုတ်ပါ။
ဤစာနှင့်အတူ ဆေးပေခန်း အဆောက်ဦးနှင့် ကိုမင်းမင်းလှူဒါန်ဒထားသော ကုဋီ
(အိမ်သာ)တို့ ကို ဓါတ်ပုံ ရိုက် ၍ထည့်ပေးလိုက်ပါ သည်။ ကိုမင်းမင်းလှူဒါန်းလိုက်
သောအလှူငွေ ကျပ် (၃၅၀၀၀၀) သည် ကုဋီ တစ်ခန်းစာဖြစ် ၍တခြားအလှူရှင်တို့ 
၏ စုပေါင်းအလှူငွေ နှင့် ပေါင်းစပ်ပြီ လေးခန်းတွဲ ကုဋီတစ်လုံးကို ဆောက်လုပ်ထား
ခြင်းပါ သည်။ ဆေးပေးခန်းသည် ယခင်ရည်မှန်းထားသည်ထက် ပိုမိုကောင်းမွန်
သော အဆောက်ဦးဖြစ်သွား၍ ဓါတ်ပုံတွင်တွေ့ရသည့် အတိုင်း မပြီဆုံးသေးပါ။
တံခါးရွက်များတပ်ဆင်ခြင်း၊ရှေ့၀၇န်တာမှလှေကားအဆင်းသို့  စတီးလက်ရန်းတပ်
ဆင်ခြင်း၊ အတွင်းပိုင်းမြက်နှာကြက် ၊လေအေးစက်နှင့်ခြင်လုံဇကာတပ်ဆင်ခြင်း၊
ဆေးသုတ်ခြင်းစသောအ ချောထည်လပ်ငန်းများကျန်ပါသေးသည်။ ထိုလုပ်ငန်းများ
ကို နှစ်လ အတွင်း အပြီးသတ် မည်ပာု ရည်မှန်းထားပါ သည်။ အားလုံးပြီးဆုံးသွားပါ
ကနောက်တစ်ကြိမ် ဓါတ်ပုံရိုက် ၍ပို့ ပေးလိုက်ပါမည်။ ဆေးခန်း၏အကျယ် အ၀န်း မှာ
ရှေ့ နောက် ၂၅ ပေ ဖြစ်၍ ရှေ့မျက်နှာဝအကျယ် ၂၀ပေ ဖြစ်သည်။စုစုပေါင်း ကုန်ကျ
ငွေ လုပ်အားခအပါအ၀င်ကျပ်သိန်း(၉၀)ခန့် ရှိမည်ပာု ခန် မှန်းပါ သည်။ ဆေးပေးခန်း
ဆောက်လုပ်ခြင်းလုပ်ငန်းစဉ်သည် ၇၅%အထိ ရောက်ရှိနေသဖြင့် မိုးလုံလေလုံ ဖြစ်
နေပါပြီ။ ထိုအဆောက်ဦးထဲ ၌ပင် လူနာများကို ဆေးကုသပေးနေပါ သည်။
ဆေးပေးခန်းဖွင့်ရက်နှင့် ကုသအချိန်များကို ဒကာများသိရှိနိုင်ရန် အခမဲ့ဆေးပေးခန်း
ဖွင့်လှစ် ၍ ဆေးကုသပေး မည့်အကြောင်းပြည်သူ များအား နှိုးဆော်သည့် ဖိတ်စာ
တစ်စောင်ကို ထည့်ပေးလိုက်ပါသည်။မြန်မာပြည်သူများသည် ကျန်မာရေးမကောင်း
ပါက ငွေမရှိလျှင် မည်သည့် ဆေးရုံး ဆေးခန်းကို မှမသွားရဲကြပါ၊ ကိုယ်သိသလောက်
ဆေးမြီးတိုးများဖြင့်သာ လက်ပူတိုက်ကုသနေကြသဖြင့် အသက်မဆုံးရှုံးသင့် ဘဲ ဆုံး
ရှုံးနေ ကြပါသည်။ ကျန်းမာရေးအတွက်အားကိုးရာမဲ့နေကြသော ဆင်းရဲသားပြည်သူ
များအတွက် (တစ်နည်းအားဖြင့်)အမှောင်ထဲရောက်နေကြသောဆင်းရဲသားပြည်သူ
များအတွက် ဂျာမဏီနိုင်ငံ လူမှုရေးကူညီမှုအသင်း ဒကာ များ၏ စေတနာ မေတ္တာ
တည်းပာူသော မျိုးစေ့မှ ပေါက်ပွားဖြစ်ပေါ်လာသော ဇီဝိတဒါန အခမဲ့ဆေးပေးခန်း
သည် ယခုဆိုလျှင် ဆင်းရဲသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အားကိုးယုံကြည်
ရာဌာန တစ်ခု(တစ်နည်းအားဖြင့်) မျှော်လင့်ချက်လင်းရောင်ခြည်တစ်ခုအနေဖြင့်
မြ၀တီမြို့ တွင် ရှင်သန်ရပ်တည် နေပါပြီ ဆိုသည့် အကြောင်းပြောကြားရင်း ဘုန်းကြီး
၏စာကို နိဂုံးချုပ်အပ်ပါသည်။

ဒကာများ၏စေတနာ မေတ္တာနှင့်ပရပိာတ စိတ်ထား
များကို အစဉ်တန်ဖိုးထားလေးစားစွာဖြင့်

အာလုံးကျန်းမာကြပါစေ။
ဘဒ္ဒန္တဇောတိက သာသနတက္ကသီလ