iMyanmarAds

ရထားတွဲကောင်းတစီး။

ရထားတစ်စီးသည် ခေါင်တွဲ မှနောက်ဆုံးတွဲ ထိ ကောင်မွန်မှသာလျှင် ဤရထားကြီးသည်
လိုရာခရီးပန်းတိုင် ကို ရောက်နိုင်လိမ့် မည် ။ဥပမာ တခြားတွဲများမည်မျှပင် ကောင်းမွန်နေ
ပါစေဦးတော့ နောက်ဆုံးတွဲတစ်တွဲ မကောင်းမွန်၍ ဘီးချော်လှဲ ခဲ့လျှင် ဤရထားကြီး ပျက်
ဆီး၍ လို ရာခရီးပန်းတိုင်ကို မရောက်နိုင်ပါ။ထို့နည်းတူစွာပင် မိမိသည် အသင်းဖွဲ့ စည်းတစ်
ခု၌ တာဝန်ယူဆောင်ရွက်မည် ဆိုလျှင် မိမိသည် ကောင်းမွန်သော ရထားတွဲ တစ်တွဲ ဖြစ်ရ
မည် ဆိုသည့်စိတ်ဓါတ်ဖြင့် မိမိတာဝန်ကိုကျေပြွန်အောင် ဆောင်ရွက်မှသာ လျှင် မိမိ၏ အ
သင်းဖွဲ့ သည် လိုရာခရီးပန်းတိုင် ကို ရောက်နိုင်လိမ့်မည်။
မိမိသည် ဘီးချော်လှဲ သော ရထားတွဲ ဖြစ်ခဲ့လျှင် မိမိကြောင့် အသင်းဖွဲ့ တစ်ခု ပျက်ဆီးနိုင်
သည်။ မိမိသည် ဘီးချော်လှဲသော ရထားတွဲတစ်တွဲ မဖြစ်အောင်သတိပြုကြိုးစားသင့်ပေသည်။

မင်္ဂလာ