iMyanmarAds

၁၉၅၇ တုန်းက ရန်ကုန် တက္ကသိုလ်

၁၉၅၇ ခုနှစ်က လွတ်လပ်ပြီးစ မြန်မာနိုင်ငံရဲ့ ရန်ကုန်တက္ကသိုလ် ပါ။ documentary လေးက လက်ချာ တစ်ခုကို မှတ်တမ်းတင်ထားတယ်။
.
သင်တဲ့လူက ပရော်ဖက်ဆာ ဒေါက်တာကျော်သက်။ ဒေါက်တာကျော်သက် ဆိုတာ ၁၉၂၁ ခုနှစ် မှာ ရန်ကုန်မြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ မွန်-ဗမာစပ် လူငယ်တစ်ဦး။ လန်ဒန်ယူနီဗာစီတီ London University ကနေ သမိုင်းဆိုင်ရာ ပါရဂူဘွဲ့ကို ရခဲ့တယ်။ ပီအိပ်ခ်ျဒီဘွဲ့အပြီး ကမ္ဘာကျော် ယေး(လ်)တက္ကသိုလ်ကြီးရဲ့ ဘွဲ့လွန်တန်းတွေမှာ နှစ်နှစ်ကြာ စာသင်ကြားပို့ချခဲ့သေးတယ်။ ပြီးတော့မှ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းသမိုင်း ပညာဌာနမှာ ပရော်ဖက်ဆာအဖြစ် တာဝန်ထမ်းဆောင်သွားခဲ့တယ် ဆိုပါတယ်။