iMyanmarAds

ကိုးကွယ်မှု စင်ကြယ်သန့် ရှင်းရေး

ကိုးကွယ်မှုစင်ကြယ်သန့် ရှင်းရေး စာအုပ်မှ
သဒ္ဓါလွန်၍ပညာနုံသူများ ။
ဘာသာရေးနှင့်ပက်သက်၍ အမြင်ကြယ်သော ပုဂ္ဂိုလ်တဦးပြောသောစကားကို တစ်ဆင့်ကြား ဖူးပါသည်။ သံသရာကိုမကြောက်လျှင် ဘာသာရေးခုတုံးလုပ်ပြီး လုပ်ကိုင်စား သောက်ရတာ အချောင်ဆုံး၊ အလွယ်ဆုံးပဲတဲ့၊ အင်မတန်မှန်သော စကားဖြစ်ပါသည်။ ဘာသာရေးကို ဘမ်းပြပြီးကိုယ်ကျိုးရှာအမြတ်ထုတ်သောပုဂ္ဂိုလ်များ ရှေးကလည်ရှိခဲ့၊ ယခုလည်ရှိဆဲ၊နောင်လည်လုံးဝကင်း မည်မပာုတ်ပာုထင်မိပါသည်။လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က ရှေးပောာင်းရုပ်ပွားဆင်းထုတော်ပာုညာပြီး အလှူခံလျှင်၊ ဆင်းတုတော် သမိုင်းကိုမ လေ့ လာဘဲ၊ မျက်စိမှိတ်ယုံကြည်ကြသည်။ ဆရာတော်တပါးက ကိုယ်ခန္ဓာထဲက ရောင်ကြည်တော်လွတ်သည် သတင်းကြားလိုက်သည်နှင့် အလုအယက် ဖူးကြ၊ လှူကြ၊ဘုရားရှင်မှအပ ရပာန္တာအရှင်မြတ်ကြီးများသည်ပင် ရောင်ခြည်တော်မလွှတ်နိုင်ပာူသော အမှန်းတရာကို မသိမြင်ကြ၊ သဲဆွမ်း ရေဆွမ်းစားသည်ပာုဆိုလျှင် အလွန် အမင်း အထင်ကြီးကြ၊ အုတ်အော်သောင်းနင်း ချဉ်းကပ်ကြ၊ သဲဆွမ်း ရေဆွမ်းစားခြင်းသည် သာသနာ တော်အ ကျင့် မပာုတ်ကြောင်းကိုလည် မသိကြ။ သဒ္ဓါလွန်၍ ပညာနုံသူများကြောင့်၊ ဘာသာရေးကို ခုတုံးလုပ်ပြီ၊ အမြတ် ထုတ် နေကြသော၊ အတုအယောင်ပုဂ္ဂုလ်များ၊ အ၀ီစိသွားမည့်ခရီသည်များ၊တနေ့  တခြားပေါများလာသော ကြောင့်၊ သဒ္ဒမ္မောဒယဆရာတော်ဘုရားကြီးက ဤသို့  သတိပေးတော်မူသည်။သဒ္ဓါလွန်၍ ပညာနုံသော ပုဂ္ဂိုလ်သည် ကြည်ညိုထိုက်၊ မကြည်ညိုထိုက်၊ ကိုးကွယ်ဆည်းကပ်သင့်၊ မကိုးကွယ်မဆည်းကပ်သင့်၊ ဘာမျှ မိမိကိုယ်ပိုင်ဥာဏ်ဖြင့်ဝေဖန်စိစစ်ခြင်းမပြုဘဲ ဥာဏ်ကင်းမဲ့စွာ၊ အချည်းနှီး ကြည်ညိုတတ်ကြလေသည်။ အများကြည်ညိုသောပုဂ္ဂိုလ်ကိုဝိုင်းဝန်းကြည်ညိုကိုးကွယ်ဆည်းကပ်တတ်ကြလေသည်။ ထိုအတုအယောင်များ တနေ့ တခြားပေါများလာပြီလျှင်၊ အလိမ်အညာအမျိုးမျိုးကို ခံကြရသည့်အပြင်၊ ပစ္စည်းသာမက လူပါ ပါ သွား တတ်ကြသည်ကို၊ မကြာခဏ ကြားသိနေကြပါသည်။ဤ သို့  ဘာသာရေး ကိုအကြောင်းပြပြီ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှု ကို ဗုဒ္ဓဘာသာဝင်းများ ဘာသာရေးအသိတရားတို့ ဖြစ်အစဉ်တွန်းလှန်ကာ ကွယ် အပ်ပါသည်။
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::