iMyanmarAds

ရတနာပုံရိပ်ငြိမ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

ဒီနေ့ (၁၉.၂.၀၉ ) မြန်မာလူမှုရေးကူညီမှုအသင်း(ဂျာမဏီ) မှ လှူဒါန်းသော အလှူဒါန
သည် တစ်ချက် ခုတ်၍ အချက်ပေါင်းများစွာပြတ်သလို ပါပဲ။ တိုင်းပြည်ကို လည်းအကျိုးပြု
ပါသည်၊ သာသနာကိုလည်းအထောက်ပံ့ပြုပါ သည်၊ ပညာရေးကိုလည်အားပေးရာရောက်
ပါသည်၊ ဒုက္ခရောက်နေသောဆင်းရဲသား ပြည်သူများ ကိုလည်းကူညီရာ ရောက်ပါ သည်။
ထို့ ကြောင့် ဤအလှူဒါနသည် အလွန်ပင် ကောင်းမြတ်သောအလှူဒါနတခုဖြစ်ကြောင်း
ဆရာတော် က မိန့် ကြားပါသည်။
မြန်မာပြည်အတွင်းမှာ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်သူတွေ အလွန်ပင်နည်းပါး ပါသည်။
မြန်မာလူမျိုး ဗုဒ္စ ဘာသာဝင် များသည် သာသနာ အကျိုးကို သယ်ပိုးရာတွင် စိတ်ဆန္ဒအ
လွန်ပင်ထက်သန်၍ ဘုရား၊စေတီ၊ ပုထိုး ကျောင်း၊ကန်း များတို့ သည် ရည်တွက်၍ မရနိုင်
အောင်ပေါများပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော ဆင်းရဲသား
ပြည် သူများကို ကူညီလိုသောစိတ်ဆန္ဒ တွေလဲ များစွာလိုအပ်နေပါသေးသည်ပာု ဆရာ
တော်က ထပ်မံ မိန့် ကြားပါသည်။
အခုလို လူမှုရေးအသင်း၏ ထောက်ပံ့ကူညီခြင်းသည် မပြည့်သေးသော ရေအိုးများကို
ရေဖြည့်တာနဲ့ တူလို့ အလွန်ပင် ကုသိုလ်ကြီးပါ သည်ပာု ဆရာတော်မှ လူမှုရေးအလှူရှင်
များအား ၀မ်သာ စကား မြွက်ကြားလိုက်ပါသည်။
သီးသန့် လှူဒါန်းလို သော လှူရှင်များအတွက် ၊အောက်ပါလိပ်စာအတိုင်း ၊သွားရောက် လှူဒါန်းနိုင်ပါကြောင်း။
ဤဘုန်းကြီးကျောင်းကို လှူဒါန်းနေသော ပြည်တွင်း ပြည်ပ လှူရှင်ဓါတ်ပုံများ။