iMyanmarAds

ဝါသနာရှင် ညီအစ်ကိုမောင်နှမများသို့ 


ဂျာမဏီပြည်တွင်းရှိ ညီအကိုမောင်နှမများ ခင်ဗျား........ ယ္ခု ပွင့်လင်းရာသီရောက်ရှိလာသည်နှင့် အညီ ရာသီနှင့်အမျှ ပျော်ပွဲရွှင်ပွဲနှင့် သူငယ်ချင်းအပေါင်းအသင်းများ ပိုမိုနွေးထွေးမှု ရှိစေရန်၊ပိုမို ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးရှိစေရန် ရည်ရွယ်၍ အခါအားလျော်စွါ မိတ်ဆုံစားပွဲများ၊ အသားကင် ပွဲများ၊ပျော်ပွဲရွှင်ပွဲများ စီစဉ်ကျင်းပမည်ဖြစ် ပါသည်။ ထိုသို့ ပွဲများကျင်းပရာ တွင် ပျော်ပျော်ရွှင်ရွှင် ဆိုကြ၊တီးကြ၍ (Unplugged)ပွဲ လေးများပါ ထည့်သွင်း ကျင်းပမည် ဖြစ်ပါသောကြောင့် သီချင်းသီဆိုမည့် အဆိုဝါသနာရှင်များ၊ အတီးဝါသနာ ရှင်များ အနေဖြင့် မိမိတို့  သီဆိုချင်သော သီချင်းများအားအောက်ပါဖုန်းနံပါတ် သို့ မဟုတ် အီးမေးလ်သို့ သီချင်း နာမည် နှင့်သီဆိုသူတေးသံ ရှင်အမည် များကို ကြိုတင် ပေးပို့ ကြပါရန် မေတ္တာရပ်ခံပါသည်။ လာမည့်နှစ် သင်္ကြန်တွင်လည်း စည်စည်ကားကား၊ခမ်းနား ပျော်ရွှင်စွာကျင်းပရန် အစီအစဉ်ရှိပါသောကြောင့် အချိန်အခက်အ ခဲများကြားမှ တီးခတ်သူများအနေဖြင့် ကြိုတင်ပြင်ဆင်နိုင်မှုရှိစေရန် ၀ါသနာရှင်ညီအကို မောင် နှမများအနေဖြင့် ယ္ခုမှစ၍လည်း မိမိတို့  သီဆိုမည့်သီချင်းများအား ကြိုတင်ပေးပို့ ကြပါရန်အလေး အနက် မေတ္တာရပ်ခံတိုက်တွန်း အပ်ပါသည်။


ဆက်သွယ်ရန်........
ကိုမင်းဦး။ ။(၀၆၉-၆၆၁၁၉၄၈၉)(၀၁၆၀-၂၃၇၄၀၄၃)
E-mail : pyone.naing2009@googlemail.com
naynilynn@gmail.com