iMyanmarAds

(၆၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းမှတ် မိတ်ဆုံစားပွဲ အမှတ်တရ





(၆၃)ကြိမ်မြောက်မွန်အမျိုးသားနေ့ အထိမ်းမှတ် မိတ်ဆုံစားပွဲကို၊ ဂျာမဏီရောက် မွန်အမျိုး
သားတို့ မှစုပေါင်း၍၊ ပထမဆုံးအကြိမ်ဖြစ်(၃၁.၁.၁၀) ရက်နေ့ တွင်၊ ဖရန်ဖွက်မြို့ ၊ Bagan Sushi စားသောက်ခန်းမ၌၊ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ တိုင်းရင်းသား အဖွဲ့စည်းအသီးသီးမှ ကိုယ်စားလှယ် တော်များနှင့် ဧည့်သည်တော်များ(၁၅၀)ကျော်တက်ရောက်အားပေးခဲ့ကြပါသည်။ တက်ရောက် အား ပေးလာကြသော ဧည့်သည်တော်များကို ထမင်း၊ပာင်းများဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။ အခန်း
နားမစတင်မှီ၊ မွန်အမျိုးသားများမှ မွန်ဆရာတော်ဦးဃောသိတကို၊ ဆွမ်းကပ်အလှူဒါနပြုလုပ်ခဲ့ပါ
သည်။ (၆၃)ကြိမ်မြောက်မွန်အမျိုးသားနေ့ အခန်းနားကို၊ နေ့ လည် ၁၂နာရီ ၁၅မိနစ် မှာစတင်ဖွင့်
လှစ်ခဲ့ပြီး၊ အစီစဉ်(၁)အရ မွန်အမျိုးသားအလံတော်ကိုအလေးပြုသည့်အစီစဉ်ဖြစ်၍၊ တိုင်းရင်းသား ကိုယ်စားလှယ်တော်များနှင့်ဧည့်သည်တော်များ စက္ကန့် (၃၀)ငြိမ်တက်စွာ မွန်အမျိုးသားအလံတော် ကိုအလေးပြုခဲ့ကြပါသည်။အစီစဉ်(၂)အရ မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့် မွန်လူမျိုးများရဲ့သမိုင်း
ကြောင်းကို၊ တက်ရောက်လာကြသည့်၊ ကိုယ်စားလှယ်များနှင့်ဧည့်သည်တော်များအား၊ ဆရာတော် ဦးဃောသိတမှ ရှင်းလင်းပြောကြားခဲ့ကြပါသည်။အစီစဉ်(၃)အရ တက်ရောက်အားပေးလာကြသော တိုင်းရင်းသားအဖွဲ့အသီးသီးမှဦးဆောင်ကိုယ်းစားလှယ်များမှ ၀မ်းသာကြောင်းအမှာစကားပြောကြား
မည့်အစီစဉ်ဖြစ်၍၊ BURMA BUERO မှဦးဆောင်ကိုယ်စားလှယ် ကိုအောင်သူ နှင့်ကရင်အမျိုးသား အသင်းမှဦးဆောင်ကိုယ်စားလှယ် မန်းအောင်လွင်မှ ၀မ်းသာကြောင်းအမှာစကား ပြောကြားခဲ့ပါသည်။
အစီစဉ်(၄)အရ မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ ကိုယ်စား၊ နိုင်အောင်နိုင်ထွေးမှ တက်ရောက် အားပေးလာကြသော တိုင်းရင်းသားကိုယ်စားလှယ်တော်များနှင့် ဧည့်သည်တော်များအား၊ ကျေးဇူးတင်
စကား ပြောကြားပေးခဲ့ပြီး၊ အခန်းနားအောင်မြင်စွာပြီးစီးခဲ့ပါသည်။
မွန်အမျိုးသားနေ့ အခန်းနားသို့ တက်ရောက်အားပေးလားကြသော တိုင်းရင်းသား
ကိုယ်စားလှယ်တော်များနှင့်ဧည့်သည်တော်များအထူးကျေးဇူးတင်ရှိပါကြောင်း...
မွန်အမျိုးသားအသင်း(ဂျာမဏီ)