အသိပေး နှိုးဆော်လွှာနှင့် ဖိတ်ခေါ်ခြင်း
ယခု အခါ ဂျာမနီ နိုင်ငံ၊ ဖရိုက်ဇင်းမြို့ တွင် ဗုဒ္ဓဘာသာ ဓမ္မသင်တန်း များဖွင့်လှစ်ထား ပါတယ်။။သင်တန်းသားများမှာ-မြန်မာ၊ ဂျာမနီ၊အိန္ဒိယ၊သီရိလင်္ကာ၊ တရုတ် လူမျိုးတို့ ဖြစ်ပါတယ်။ လူမျိုးစုံဖြစ်သည့် အတွက် အင်္ဂလိပ်လိုသာ သင်ပေးနေပါတယ်။ တကယ်လို့  မြန်မာသင်တန်းသားများ များခဲ့ရင် မြန်မာလူမျိုးတို့ အတွက် သီးသန့် မြန်မာလို ဗုဒ္ဓဘာသာ သင်တန်း ဖွင့်ပေးပါ့မယ်။ အနည်းဆုံး ၅ယောက်စုထားဖို့ လိုပါတယ်။ သင်တန်းရက်ကိုတစ်ပတ် တစ်ခါ၊ နှစ်ပတ်တစ်ခါ၊ တစ်လ တစ်ခါ ကြိုက်နှစ်သက်သလို ဆွေးနွေးပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်။သို့ မဟုတ် တရားပွဲ အနေနဲ့ ပင့်ဖိတ်လိုလျှင်လည်း လိုအပ်သလို ဆောင်ရွက်ပေးပါမယ်။ လက်ရှိ ဖွင့်လှစ်ဆဲ သင်တန်းမှာ နှစ်ပတ်တစ်ခါ အင်္ဂါနေ့  ညနေ-၇နာရီခွဲမှ ည-၉-နာရီထိ ဖြစ်ပါတယ်။သင်တန်းမှာ ဓမ္မပဒ ကို အခြေခံထားပြီး စပ်မိစပ်ရာများကို ရှင်းလင်းပြောကြားပေးပါတယ်။ဒါ့ပြင် တနင်္ဂနွေနေ့  မနက်တိုင်း ၈နာရီမှ ၉နာရီခွဲထိ တရားထိုင်နည်းများနဲ့ လက်တွေ့ တစ်နာရီ တရားထိုင်လေ့ကျင့် ပြုလုပ်ပေးနေပါတယ်။ လပြည့်လကွယ်နေ့  တိုင်း မနက်ခင်း ၈နာရီမှ ည ၉ နာရီအချိန်ထိ တရားထိုင်ခြင်း၊စင်္ကြံတရားမှတ်ခြင်း ၊ဘုရားဝတ်ပြုခြင်း တစ်နေ့ လုံး ပြုလုပ်ပေးနေပါတယ်။ခု-လောလောဆယ် အလုပ်ကတော့ ဂျာမန်ဘာသာ အတွက် သင်တန်းများ မြူးနစ်မြို့ သို့  ဂျာမန်ဆရာမများ ထံ လေ့လာနေတယ်။နောက်ပြီး သင်တန်းအတွက်ဆိုင်ရာ အင်္ဂလိပ်စာ လေ့လာနေတယ် ။နေ့ ဆွမ်းအတွက် မြို့ ထဲမှာ ဆွမ်းခံကြွပါတယ်။ပင့်ဖိတ်သူရှိသော်လည်း ဆွမ်းစားသက်သက် လက်မခံပါ။ တရားနာချင်လို့ ပါဆိုပြီး ပူးတွဲ ပင့်ဖိတ်တာမျိုးကို ဦးစားပေး လက်ခံပါတယ်။များသောအားဖြင့်တော့ ဂျာမနီနိုင်ငံရောက် ထိုင်းဆွမ်းဒကာများက ကျောင်းကို ဆွမ်းလာကပ်တာလည်း အတော်လေးများပါတယ်။မြူးနစ်မြို့ မှ တရားပွဲ ပင့်တဲ့ အခါ ဟောပေးပါတယ်။မြန်မာနိုင်ငံ ကဲ့သို့  ကန်တော့ပွဲ အနာမာသ (ငွေ ကြေး) န၀ကမ္မ မပါ-ပါ။ သက်သက်တရားနာလိုလို့  ပင့်ဖိတ်ပါက ဘုရားဓမ္မများကို တစ်ဆင့် ဖြန့် ဝေလှုဒါန်းခြင်းဖြစ်ပါတယ်။(မြန်မာနိုင်ငံက သံဃာကို ပုတ်ခတ် ပြောတာ မဟုတ်ပါ။ တရားပွဲ ပင့်ရင် ငွေကြေးရှာရမည့် အခက်ခဲ ကို ဒကာ ဒကာမ များဖက်က စိုးရိမ်နေရမှာ စိုးလို့ ပြောလိုက်တာပါ။) ဂျာမန်နိုင်ငံသားများကိုကဲ့သို့  မိမိသွေးချင်းများ ကို ဓမ္မ ဖြန့် ဝေ လိုတဲ့ ဆန္ဒသက်သက်နဲ့ တရားဟောပေးမှာ ဖြစ်ပါတယ်။ သင်တန်းပို့ ချပေးမှာဖြစ်ပါတယ်။ အခြား သံဃာ နှစ်ပါးရှိပါတယ်။သူတို့ လည်း ဂျာမန်၊တရုတ်၊သင်တန်းတွေ ပို့ ချပေးနေပါတယ်။ အလုပ်များပြီး အချိန်မလုံလောက်ခဲ့ပါက ကိုယ်သိချင်တဲ့ အကြောင်းရာများကိုလည်း အချိန်ပေးပြီး ဆွေးနွေးပေးပါ့မယ်။ဒါကြောင့် တစ်ခါ တစ်ခေါက် ရောက်ဖူးတယ် ရှိအောင် လာမယ်ဆိုရင်လည်း လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။
မေတ္တာ၊မုဒိတာဖြင့်-
အရှင်တေဇောဘာသ( မြန်မာ)
(သုဒ္ဓံ အတ္တာနံ ပရိဟရန္တု)
ဗောဓိဝိဟာရကျောင်း
၀၁၅၇၇-၅၁၉၄၈၄၇
ဖရိုက်ဇင်းမြို့ 
ဂျာမနီနိုင်ငံ