iMyanmarAds

ဘေရာမြို့ ကလေးအကြောင်း(စိတ်ကူးပုံပြင်)



















ဘုရင်ကြီးတစ်ပါးသည် မိမိ၏ဇာတိမြို့ ကလေးမှမြို့ သူမြို့ သားများကို ကာကွယ်စောင့်
ရှောက်ရန်အတွက်၊ သစ္စာရှိ၍ စိတ်ထားဖြူစင်သော သူရဲကောင်းတစ်ယောက်ကို မြို့ 
စားခန့် ရန်ရွှေးချယ်ပွဲတစ်ခုကို ပြုလုပ်လေသတည်း။

၎င်းသူရဲကောင်းရွှေးချယ်ပွဲတွင် တိုက်ရည်ခိုက်ရည်လဲတူ၊အသက် အရွှယ်အားဖြင့်လဲ
အရွှယ်တူ၊အတတ်ပညာမှာလဲတူညီသော သူရဲကောင်းနှစ်ယောက်ကိုရွှေးချယ်ရရှိလေ
သည်။ စိတ်ဓါတ်ပိုင်းဆိုင်ရာကိုသာ လေ့လာရန်ကျန်တော့သည်။

ဘုရင်ကြီးသည် မိမိမွေးဇာတိမြို့ ကလေးသို့  ၄င်းသူ ရဲကောင်းနှစ်ယောက်ကိုခေါ်ဆောင်
သွားလေသည်။ဘုရင်ကြီးသည် ၄င်းသူရဲကောင်းတစ်ယောက်စီကို လှေတစ်စင်းနှင့်မြို
သား(၃၀)ယောက်ကို ပေးလေသည်။ဤမြို့ နှင့်မိုင်ပေါင်း(၃၀)ဝေးသော နတ်သမီးအမည် ရှိသောကျွန်းကလေးသွားစေသည်။ ၄င်းကျွန်းပေါ်မှ နတ်သမီးအမည်ရှိသောအနီရောင်
ပန်းပွင့်(၃၀)ကို ခူးယူပြီးလျှင်ငါဘုရင်းကို ဆက်သရမည်။ ၄င်းပန်းပွင့်(၃၀)ကို အရင်ဆက်
သမည့်သူကို မြို့ စားခန့် မည်ပာုမှာကြားလေသည်။

ဤသူရဲကောင်းနှစ်ယောက်တို့ သည် ၊ ဘုရင်ကြီး၏မှာကြားချက်အတိုင်း နတ်သမီးကျွန်း
သို့ စတင်ခရီးနှင် လေတော့သည်၊ ဤသူရဲကောင်းနှစ်ယောက်တို့ သည် ၄င်းနတ်သမီး
ကျွန်ကို အတူတူရောက်ရှိလေသည်၊ ပန်းပွင့်(၃၀)ကို အတူတူခူးယူပြီးလျှင် ဘုရင်ကြီးကို
ဆက်သရန်အတွက် လျှင်သူစားစတန်းဆိုသည့်အတိုင်း မိမိလှေကို သုန်းဆိုင်းလှော်ခတ်
လေတော့သည်။ ၄င်းကျွန်းနှင့်မလှမ်းမကမ်းသို့ ရောက်သောအခါ အသံကြီးတစ်သံ ထွက်
ပေါ်လာပြီး ၄င်းသူရဲကောင်းနှစ်ယောက်မောင်းနှင်လှော်ခေတ်လာသော လှေနှစ်စင်း
သည်လဲ လှော်ခတ်၍မရတော့ချေ။ ၄င်းအသံကြီးက ဤလှေပေါ်မှ လှေသူကြီး၏
အသက်ကို စတေးပြီးရမည်၊ ဒါမှမပာုတ်လျှင် လှေထိုး သား(၇) ယောက်တို့ ၏အသက်ကို
စတေးပြီးမှ လှေထွက်ခွင့်ပေးမည်ပာုဆိုလေသည်။

သစ္စာရှိ၍စိတ်ထားဖြူးစင်သော သူရဲကောင်းသည် မိမိလှေပေါ်မှလှေထိုးသား (၃၀)ကို စကား
ဆိုလေသည်၊ ငါသည် သင်တို့ ၏ခေါင်ဆောင်လှေသူကြီးတစ်ယောက်ဖြစ်သည်၊ သင်တို့ ၏အ
သက်ဘေးကိုကာကွယ်ဖို့ ငါမှာတာဝန်အပြည့်အ၀ရှိသည်၊ ဒါကြောင့်ငါ၏အသက်ကို ဤနေရာ
မှာစတေးခဲ့မည်၊ သင်တို့ ဤပန်းပွင့်(၃၀)ကို ဘုရင်ကြီးအားဆက်သလိုက်ပါဆိုပြီးလျှင် စကားဆုံး သည်နှင့်မိမိ၏အသက်ကိုပြုံးပြုံး ကလေးနှင့် စတေးခဲ့ လေသည်။

စိတ်ဓါတ်ယုတ်ညံ့သော သူရဲကောင်းသည်လဲ မိမိ၏ လှေပေါ်မှ လှေထိုးသား(၃၀)ကို စကားဆို
လေသည်၊သင်တို့ ၏အသက်ကို စတေးမည့်သူများကို ငါမြို့ စားဖြစ်လျှင်သင်တို့ ၏မိသားစုဝင်များ
ကို ဆုလာဒ်များစွာနှင့်ရာထူးများပေးမည်ပာု သွေးဆောင်လိမ်လည်ပြီးလျှင် သူတစ်ပါးအသက်ကို
အတင်အဓမ္မ စတေးစေသည်။ ၄င်းလှေထိုးသား(၇)ယောက်တို့ သည်အပြုံးမဲ့စွာပင် သေပွဲဝင်ခဲ့ရ
လေသည်။

ယုတ်ညံ့သောသူရဲကောင်းသည် မိမိလှေကို သုန်းဆိုင်းလှော်ခတ်လာပြီး ဘုရင်ကြီးကို နတ်သမီး
ပန်ပွင့်(၃၀)ကိုဆက်သလေသည်။ဘုရင်ကြီးမှာများစွာဝမ်သာပီတိဖြစ်လေသည်။ လှေထိုးသား(၇)
ယောက်မပါလာသဖြင့်ဘုရင်ကြီးက မေးသောအခါ ယုတ်ညံ့သောသူရဲကောင်းက လမ်းခရီးတွင် မုန်တိုင်ကျရောက်သဖြင့် သေခဲ့ရပါသည်ပာုလျှောက်တင်လေသည်။

လှေထိုသား(၃၀)သာလှော်ခတ်လာသောလှေသည်လဲ မကြာခင်ဘုရင်ကြီးရှိရာသို့ ရောက်ရှိလာပြီး
နတ်သမီးပန်းပွင့်(၃၀)ကို ဆက်သလေသည်။ ဘုရင်ကြီးက လှေသူကြီးသူရဲကောင်းမပါလာ၍မေး
သောအခါ လှေထိုသား(၃၀)တို့ သည်တညီတညာစွာဖြင့်ဘုရင်ကြီးကိုအကြောင်းစုံတင်ပြလျှောက
်ထားလေတော့သည်။ ဘုရင်ကြီးသည် ဤကဲ့သို့ မိမိငယ်သားအပေါ်တွင်သနားကြင်နာ၍သစ္စာရှိသော သူရဲကောင်း တစ်ယောက် ရှုံးဆုံးရသဖြင့်များစွာ စိတ်ဆင်းရဲရလေသည်။

ဘုရင်ကြီးက ဤနေ့ မှစ၍ ဤငါ၏မွေးဇာတိမြို့ ကလေးကို နာမည် အသစ်ပေးမည်ပာုဆိုလေသည်၊
၎င်းမြို့ ကလေးကိုဘေရာမြို့ ပာုအမည်ပေးလေသည်၊ ၄င်းမြို့ ၏ပတ်ဝန်ကျင်တွင် ပေ(၃၀)မြင့်သော စိတ်ထားဖြူစင်သောသူရဲကောင်၏ ရုပ်ထု(၃၀)ကို ထုလုပ်ထိုက်ထူးထားပြီး နတ်သမီးပန်းပွင့် (၁)ပွင့်စီ ဆက်သကပ်ပူဇော် ထားလေသည်။

သစ္စာရှိ၍ စိတ်ထားဖြူးစင်သောသူရဲကောင်း၏အမည်သည် ဘေရာဖြစ်လေသည်။

ယုတ်ညံ့၍သစ္စာမဲ့သောသူရဲကောင်းကို ဘုရင်ကြီးက ဆုံးမပြီး ပြည်နှင်ဒဏ်ပေးလေသတည်း။