iMyanmarAds

2010 အတာသင်္ကြန်ပွဲတော်စည်းကားသိုက်မြိုက်စွာပြီးစီး

18.04.2010 ရက်နေ့ တွင် မြန်မာ့လူမှုရေးကူညီမှုအသင်း(ဂျာမဏီ)နိုင်ငံမှ ဦးစီးကျင်းပပြုလုပ်သည့် မိဘမဲ့ခလေးများရံပုံငွေ အတာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာပြီးစီးခဲ့ ပါသည်။ ၄င်းပွဲတော်
သို့ ဂျာမဏီနိုင်ငံမှ ညီအစ်ကို မောင်နှမများ၊ ဒိန်းမတ်နိုင်ငံမှ ညီအစ်ကိုမောင်နှမများနှင့် နိုင်ငံခြားသား
များ
စွာလာ ရောက်အားပေးခဲ့ ကြပါသည်။ နောင်နှစ်များမှာလည်း ဒီနှစ်လိုဘဲပျော်ပျော်ပါးပါး လာ
ရောက် အားပေးကြပါဦးလို့ ထပ်မံ ဖိတ်ခေါ်ပါသည်။


အလွှမ်းပန်း


ဓါတ်ပုံမှတ်တမ်း....Ko Aung Naing Htwe

ကျေးဇူးတင်လွှာ
ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့် မိဘမဲ့ ခလေးများရံပုံငွေပွဲတော်သို့ ကြွရောက်
အားပေးကြကုန်သော ဧည့်
ပရိတ်သတ်လူကြီးမင်းအပေါင်းနှင့်အရပ်ဝေးအရပ်နီးမှ ညီကို
မောင်နှမအပေါင်းတို့ အား၎င်း၊ပွဲစဉ်တခုလုံးအစမှအဆုံး
တိုင်အစဉ်ပြေချောမွေ့ စေရန် ပွဲ
မတိုင်ခင်မှီ တလအလိုမှ ပွဲတော်အထိတိုင် ပင်ပန်းခံ၍ စီစဉ်ပေးကြသော BLUE
MOON
BAND အဖွဲ့ သူအဖွဲ့ သားများအား၎င်း၊ သင်္ကြန်ပွဲတော်သို့ ဦးတည်ရည်ရွှယ်၍ အသံပိုင်း
ဆိုင်ရာ စက်ပစ္စည်း
များအားအရင်းနှီးထုတ်ဝယ်ယူပေးထားသောညီအစ်ကိုမောင်နှမများ
အား၎င်း၊ သီးချင်းတိုက်ရန်နေရာနှင့် အစားအ
သောက်များစီစဉ်ပေးသော MI ZO စား
သောက်ဆိုင်မှ ကိုမောယာနှင့်မချမ်းချမ်းတို့ အား၎င်း၊ အချိန်တိုင်းအစစအရာ
ရာ ပါဝင်ကူ
ညီပေးသော ကိုမင်းဦးနှင့် မပြုံး၊ ကိုဇော်မြတ်မင်း(မင်းမင်း)နှင့်မန္ဒီ၊မကြည်ကြည်ခင်၊ Key
Board ကို
သိန်းနိုင်ဆွေ၊ Dram ကိုယောရှူဝင်းမင်း၊ ပင်တိုင်သီးချင်းသီဆိုပေးသော မမိုင်း
ရာနှင့် သင်္ကြန်သီးချင်းများဖျော်ဖြေ
ပေးကြသောညီအစ်ကိုမောင်နှမများအား၎င်း၊ နှစ်သစ် မင်္ဂလာစကားမြွတ်ကြားပေးသော တိုင်းရင်းသားအသီးသီးမှ ဦးဆောင်ကိုယ်စားလှယ်များ
အား၎င်း၊ Moderator မဇင်သီတာထွန်းနှင့်မချမ်းချမ်း၊ အခန်းနားစကားပြောကြားပေးသော

ကိုစိန်မောင်မောင်အေးမျှင့်နှင့် မသော်တာတို့ အား၎င်း၊ Hip Hot သီးချင်းများသီဆို ဖျော်
ဖြေပေးကြသော 2Gram
အဖွဲ့ အား၎င်း၊ ကားကူညီမောင်းပေးသော ကိုရေချမ်းအား၎င်း၊ သင်္ကြန်ပွဲတော်မှတ်တမ်းရိုက်ကူးပေးသော ကိုပေါင်ပိအား၎င်း၊ ကိုယ်တိုင်မလာနိုင်သော် လည်းသင်္ကြန်လက်မှတ်များ ၀ယ်ယူအားပေးကြသောညီအစ်ကိုမောင်နှမများများအား၎င်း၊
ိုပွဲတော်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ၀ိုင်းဝန်းကူညီ ပေးကြသောညီအစ်ကိုမောင်
နှမများအားလုံးတို့ အား မြန်မာလူမှုရေးအသင်းမှ လှိုက်လှိုက် လှဲလှဲကျေးဇူးဥပကာရအထူး
တင်ရှိပါကြောင်း.......