iMyanmarAds

ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးယာယီကော်မတီ


သဘောထားထုတ်ပြန်ချက်
၁.
ကျွန်ပ်တို့ ဘုန်းကြီးကျောင်းဖြစ်မြောက်ရေးယာယီကော်မတီသည်၊ ဂျာမနီနိုင်ငံတွင်နေထိုင်နေ
ကြသော၊ ဗုဒ္ဓဘာသာဝင်မိသားစုများ၏သံသရာအကျိုးအလို့ ဌာ၊ ဗုဒ္ဓပောာဖေါ်မြွတ်ကြားထား
သော၊ တရားတော်များကိုဖေါ်ထုတ်ပြ၊ ဆုံးမမှုပေးနိုင်ရန်အတွက်၊ မြတ်ဗုဒ္ဓ၏ တပည့်သားသာဝ
ကများရှိ ရန် လိုအပ်သကဲ့သို့ ၊ ထိုရပာန်းသံဃာများသီတင်သုံးနိုင်စေခြင်းဌာ၊ကျောင်း တစ်ဆောင် လိုအပ်လျှက်ရှိပါသည်။ သို့ ဖြင့်ပါ၍ ကျွန်ပ်တို့ ယာယီကော်မတီအနေဖြင့်၊ ကျောင်းဆောင်တစ်
ဆောင် အမြန်ဆုံး၊ ရှာဖွေ ရရှိနိုင်ရန်အတွက်၊ အလှူရှင်များမှ အလှူငွေများကောက်ခံလျှက်ရှိပါ
သည်။
၂.
ထိုကျောင်းတော်တွင် ယ္ခင်ဂျာမနီနိုင်ငံ(ကိုလုံး)မြို့ တွင်သီးတင်းသုံးခဲ့ဖူးသော၊ ယ္ခင်ကျောင်းတော် ဖြစ်မြောက်ရေးအတွက်၊ ဦးစီးဦးဆောင်ပြုလုပ်ခဲ့သော၊ ဆရာတော်ဦးသောပါကအားပင့်ဖိတ် လျှေက်ထားပြီးဖြစ်သကဲ့ သို့  လာမည့်ဒီဇင်ဘာလ(သို့ ) လာမည့်လနှစ်ဆန်းပိုင်းတွင်၊ ကြွရောက်
သီ တင်းသုံးမည်ဖြစ်ပါသည်။ နောင်သင့်တော်သောအချိန်ကာလတခုတွင်၊ မိမိတို့ ၏ အင်အား နှင့်နိုင်နင်းသင့်တော်သောကျောင်းတစ်ကျောင်းကိုဝယ်ယူမည်ဖြစ်ပါသည်။
၃.
ကျွန်ပ်တို့ ၏မူရင်းရည်ရွှယ်ချက်၊ စေတနာအမှန်မှာ ဂျာမနီနိုင်ငံတွင်နေထိုင်နေကြကုန်သော၊
ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ ၏၊ စည်းလုံးညီညွှတ်မှုကိုအရင်းခံ၍၊ မိမိတို့  အများဆန္ဒ
ဖြင့်၊ ဘုံဆုံးဖြတ်ချက်ကိုအခြေခံ၍လုပ်ငန်းဆောင်တာများကို၊ ညီရင်းအစ်ကို မောင်ရင်းနှမစိတ်
ဓါတ်များဖြင့်၊ လုပ်ကိုင်ဆောင်ရွှက်ရာမှ၊ စည်းလုံးညီညွှတ်မှု၊ ပွင့်လင်းရိုးသားစွာဆက်ဆံလာနိုင် 
မှု၊ အပြန်အလှန်နာလည်ယုံကြည်မှုများရရှိပြီး၊ ဗုဒ္ဓသာသနာတော်အစဉ်သန့် ရှင်းစည်ပင်ဖွံ့ ဖြိုး 
လာရန်၊ ၀ိုင်းဝန်းလုပ်ဆောင်ကြပါရန်ရည်ရွှယ်ခြင်းဖြစ်ပါသည်။
၎.
ကျွန်ပ်တို့ ၏ဂျာမနီနိုင်ငံရောက်မြန်မာဗုဒ္ဓဘာသာဝင်အများစု၏၊ စေတနာ အနှစ်နာ သဒ္ဒါကြည်
ညိုစိတ်များဖြင့်သာ၊ ဂျာမနီမြေပေါ်တွင် ဗုဒ္ဓဘာသာကျောင်းအတွက်ဆုံးဖြတ်စီစဉ်သင့်ပါသည်။
ဂျာမနီမြေပေါ်တွင်တည်ထားသော ဗုဒ္ဓကျောင်းတော်သည်၊ ဂျာမနီနိုင်ငံမှ ဒကာဒကာမများ၏
နောင်မျိုးဆက်များမှလက်ဆက်ကမ်းကာအရှည်တည်တံ့ရန်၊ လုံလစိုက်ထုတ်မှုပြုသင့်လှသည့်
အတွက်၊ ကျွှန်ပ်တို့ ယာယီကော်မတီအနေဖြင့်၊ ဖြူစင်သန့် ရှင်းသောစိတ်ဓါတ်၊ တက်ကြွသော
လုံလစိုက်ထုတ်မှုကို အရင်းတည်၍၊ ဆထက်ထမ်းပိုးသယ်ပိုးရွှက်ဆောင်နေမည်ဖြစ်ပါကြောင်း
ကျွန်ပ်တို့ သဘောထားကို ထုတ်ပြန်ကြေငြာအပ်ပါသည်။
ကျောင်းဖြစ်မြောက်ရေးယာယီကော်မတီ (ဂျာမနီ)