iMyanmarAds

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့ )ကျင်းပပြီးစီး


သီတင်းလပြည့်နေ့ (အဘိဓမ္မာနေ့ )အလှူတော်မင်္ဂလာပွဲတော်ကို (၂၄.၁၀.၁၀) ရက်နေ့ 
Bagan Sushi မင်္ဂလာခန်းမတွင် စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်၊ ဤပွဲ
တော်သို့ ရပ်နီးရပ်ဝေးမှ ဗုဒ္ဓဘာသာဝင်မြန်မာမိသားစုများစုပေါင်း၍ ကောင်းမှုကုသိုလ်ပြု
လုပ်ခဲ့ကြပါသည်၊ ဖင့်ဖိတ်ထားသော ဆရာတော်အရှင်ဃော သိတ(ဘာလင်ဆရာတော်)ကို
စုပေါင်းဆွမ်းခဲဖွယ်များဖြင့် အလှူဒါနပြုလုပ်ခဲ့ကြပါသည်၊ ဆရာတော်မှဗုဒ္ဓတရားဓမ္မများကို
ပောာကြားခဲ့ပြီးတွင်၊ ဗုဒ္ဓဘာသာဝင်များအခြေခံသိသင့်သိထိုက်သော သီတင်းကျွတ်လပြည့် 
နေ့ (အဘိဓမ္မာနေ့ ) ဖြစ်ပေါ်လာရပုံအကြောင်းတရားကိုလည်း၊ ရှင်းလင်းပြောကြားပေးခဲ့ပါ
သည်၊ တရားပွဲပြီးတွင် ကြွရောက်လာကြသော ဓမ္မမိတ်ဆွေ များနှင့် ဧည့်သည်တော်များကို 
မုန့် ပာင်းခါး အကြော်စုံနှင့် အချိုပွဲများဖြင့်ဧည့်ခံကျွေးမွေးအလှူဒါနပြုလုပ်ခဲ့ကြပါသည်။


ကျေးဇူးတင်လွှာ
1.တရားဓမ္မပောာကြားပေးသော ဆရာတော်အရှင်ဃောသိတ။ 

2.အခန်းနားကျင်းပရန် နေရာကူညီပေးသော ကိုမွန်ချမ်းနှင့်ကိုလှမြင့်စိုး (Bagan Sushi)။

3.မုန့် ပာင်းခါးချက်ပြုတ်ရန် တာဝန်ယူကူညီချက်ပြုတ်ပေးသော ကိုမင်းပာန်း+မသိဂီင်္ နှင့်သူ
ငယ်ချင်းများ။
.
4.ဆရာတော်ဆွမ်းကပ်ရန်အတွက် မိမိတို့ ၏နေအိမ်မှ ဆွမ်းခဲဖွယ်များချက်ပြုတ်လာကြ
သော ဓမ္မမိတ်ဆွေများ။

5.ရပ်ဝေးရပ်နီးမှ လာရောက်အားပေးကြသော ဓမ္မမိတ်ဆွေများနှင့် ဧည့်သည်တော်များ။
.
6.မုန့် ပာင်းခါးအလှူရှင်များဖြစ်ကြသော ကိုရှင်လေး၊ ကိုသိန်းထွေး၊ မနန်းအေးသီတာမြင့်ထွေး၊
ကိုမင်းမင်း(မွန်)၊ မစပါယ်လွင်၊ ကိုမင်းမင်း(BB)၊ ကိုသန်းစိုးမိသားစု၊ ကိုဌေးအောင်မိသားစု။

အထက်ပါသူတော်ရှင်များကို ဘုန်းကြီးကျောင်းဖြစ်မြောက်ရေးယာယီကော်မတီမှကျေး ဇူးကမ္ဘာ တင်ရှိပါကြောင်း။
ကျောင်းယာယီကော်မတီဝင်များ
25.10.10