iMyanmarAds

ဓမ္မစေတီ နယ်သာလန် အမှတ်တရ

ဓမ္မစေတီဝိဟာရ နယ်သာလန် ပထမအကြိမ် စုပေါင်းဘုံကထိန်
နယ်သာလန်နိုင်ငံ ဓမ္မစေတီဝိဟာရမှကြီးမှူလျက် ပထမအကြိမ်စုပေါင်းဘုံကထိန်ပွဲကို ၂၁-၁၁-၂၀၁၀ (တန်ဆောင်မုန်းလဆန်း ၁၄ ရက်) တွင် နယ်သာလန်နိုင်ငံ Nieuwerkerk a/d Ijssel တွင် ကျင်းပပြုလုပ်ရာ နယ်သာလန်နိုင်ငံရာက် ဗုဒ္ဓဘာသာမြန်မာမိသားစုများ၊ ထိုင်းလူမျိုးမိသားစုများ စုစုပေါင်း ၁၀၀ ကျော်ကျော်ခန့် လာရောက်ကုသိုလ်ပြုကြသည်။ ထို့အပြင် ဂျာမဏီ၊ နော်ဝေနှင့် ဖင်လန်နိုင်ငံမှမိသားစုများလည်း လာရောက်အားပေးကြသဖြင့် ကထိန်ပွဲမှာအလွန်စည်ကားစွာ ပြီးမြောက်ခဲ့သည်။ 





ကထိန်ပွဲသို့ ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့ Humboldt University တကသိုလ်မှ ကထိကဆရာတော် ဒေါက်တာအရှင်ဃောသိတနှင့် ဆွီဒင်နိုင်ငံမှ ဆရာတော်အရှင်နန္ဒသာရတို့က ကြွရောက်ချီးမြှင့်အား ပေးခဲ့ကြပါသည်။ ကထိန်အနုမောဒနာတရားကို ဆရာတော်ဒေါက်တာအရှင်ဃောသိတမှ ချီးမြှင့် ဟောကြားပြီး ကထိန်ပွဲသို့ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်တို့အား ယိုးဒယားကြက်ဆီ ထမင်း၊ ခေါက်ဆွဲကြော်နှင့် ကြာဆံဟင်းခါးတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။

ကထိန်အနုမောဒနာတရားအပြီးတွင် ကြွရောက်လာကြသော နယ်သာလန်နိုင်ငံသားလူမျိုးခြားတို့ အား ဆရာတော်ဒေါက်တာအရှင်ဃောသိတမှ “Buddhist Belief of Cause and Effect” ဟူသော ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးရာ လာရောက်နားထောင်သူတို့က စိတ်ဝင်စားစွာပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ဘုံကထိန်ပွဲအစီအစဉ်ကို နံနက် ၁၁ နာရီတွင်စတင်ပြီး ညနေ ၄ နာရီတွင်အောင်မြင်စွာပြီးဆုံးသွား ပါသည်။