iMyanmarAds

ဂျာမနီနိုင်ငံရောက်မြန်မာညီအစ်ကိုမောင်နှမများစုပေါင်းနွေ ရာသီအပျော်ခရီးစဉ်အမှတ်တရ


၂၁.၀၈.၂၀၁၁ရက်နေ့ တွင်၊ ဂျာမနီနိုင်ငံရောက်မြန်မာမိသားစုညီအစ်ကိုမောင်နှများစုပေါင်း၍၊
နွေရာသီ ခရီးစဉ်တစ်ခုကို စီစဉ်ခဲ့ပါသည်။ သွားရောက်အပန်းဖြေခဲ့သည့်နေရာကတော့၊ Movie
Park ,Germany  ခရီးစဉ်ဖြစ်ပါသည်။ လူကြီးလူငယ်လူရွယ်အာလုံး ပျော်ရွှင်စရာပျော်ရွင်စရာနေ
ရာတစ်ခုဖြစ်ပါသည်။ စုပေါင်းခရီးသွားကြခြင်းဖြင့်၊ တစ်ဦးနှင့်တစ်ဦးပိုမို၍ခင်မင်ရင်းနှီးမှုများရရှိကြ
ပါသည်။ ၄င်းခရီးစဉ်မှ ပိုငွေ 835,ယူရို ရရှိထားပါသည်။ ၄င်းပိုငွေများကို၊ မြန်မာနိုင်ငံတွင် ပညာရေး
နှင့် ကျန်းမာရေးအတွက် လိုအပ်နေသော နေရာများကို ကူညီထောက်ပံ့သွားပါမည်။ ခရီးသွား ညီအ
ကိုမောင်နှမများမှ၊ မိမိကူညီထောက်ပံ့စေလိုသော နေရာများတွေ့ ရှိထားလျှင် မြန်မာလူမှုရေးအသင်း
အမှုဆောင်များကို အသိပေးအကြောင်းကြားနိုင်ပါသည်။

စည်းလုံး ညီညွတ်ရေး၏အစသည်၊ ခင်မင်ရင်းနှီးမှုကစသည်၊ ဆိုသည့် အတိုင်း၊ မြန်မာလူမှုရေး အသင်းသည်၊ ဂျာမနီနိုင်ငံတွင်ရောက်ရှိနေကြသော ညီအကိုမောင်နှမများ၊ ပိုမို၍ခင်မင်ရင်းနှီး မှုရရှိလာအောင်ရည် ရွှယ်ချက်ဖြင့်၊ နှစ်စဉ်နှစ်တိုင်း ပျော်ပွဲရွှင်ပွဲများကို စီစဉ်ပေးနေခြင်းဖြစ်ပါသည်။




လမ်းခရီးတွင် အဆင်မပြေမှုများရှိခဲ့ပါလျှင် မြန်မာလူမှုရေးအသင်းမှ များစွာတောင်းပန်းအပ်
ပါသည်။














ဤခရီးစဉ်တွင် လိုက်ပါအားပေးကြသော၊ ညီအကိုမောင်နှမများကို၊ များစွာကျေးဇူးကမ္ဘာတင်
ရှိပါသည်။နောင်လာမည့်ခရီးစဉ်များမှာလဲ၊ ပျော်ပျော်ပါးပါးလိုက်ပါအားပေးကြပါဦးလို့ ၊ ထပ်မံ ဖိတ်ခေါ်အပ်ပါသည်။
.
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။
မြန်မာလူမှုရေးအသင်း