iMyanmarAds

အဘိဓမ္မာအခါတော်နေ့ တရားအလှူပွဲတော်..၁၆.၁၀.၁၁


Buddhist Centre , Fechenheim, ဘုန်းကြီးကျောင်းမှကြီးမှူးကျင်းပမည့်၊ သီတင်းလပြည့်နေ
့(အဘိဓမ္မာနေ့ )တရားအလှူတော်မင်္ဂလာပွဲတော်သို့ ၊အောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်
မည် ဖြစ်ပါသဖြင့်၊ ရပ်နီးရပ်ဝေးမှ ဗုဒ္ဓဘာသာဝင်မိသားစုများအတူတကွ၊ ကောင်းမှုကုသိုလ်
ရယူကြပါရန်၊ နိဗ္ဗာန်အကျိုးမျှော်၍နှိုးဆော်အပ်ပါသည်။
.
ကိုအောင်သူမိသားစုမှ ကွယ်လွန်သူ သား(မောင်သန့် စင်(ခေါ်)အလင်းရောင်) အားရည်စူး၍၊ ဤတရားအလှူပွဲတော်တွင်၊ ပင့်ဖိတ်ထားသောသံဃာတော်များအား၊ ဆွမ်းကပ်လှူဒါန်းပါမည်။ ကြွရောက်လာကြသော၊ ရပ်နီးရပ်ဝေးမှသူတော်စင်များကိုလဲ၊ ထ္မင်းပာင်းလျှာများနှင့်ဧည့်ခံ
ကျွေးမွေးပါမည်။ ဤကောင်းမှုကုသိုလ်ကို အကြောင်းပြု၍ ကွယ်လွန်သွားသော မောင်သန့် 
စင် ကောင်းရာဘုံဘ၀သို့ ရောက်လှမ်းနိုင်ပါစေသော်။

.
အစီအစဉ်
ကျင်းပမည့်ရက်.....................16.10.2011
.
ကျင်းပမည့်အချိန်....................10:00am မှ 16:00pm
.
ဆွမ်းကပ်မည့်အချိန်................11:30am
ဆွမ်းကပ်လိုချင်သောအလှူရှင်များမှလဲ၊ မိမိနေအိမ်မှပာင်းလျှာများယူဆောင်လာပြီ၊ သဃာများအားကပ်လှူနိုင်ပါသည်။
.
ဧည့်သည်ကျွေးမွေးအချိန်..........12:30pm
ဧည့်သည်သူတော်စင်များအား ထ္မင်းပာင်းများနှင့်ဧည့်ခံကျွေးမွေးပါမည်။
.
တရားတော်နာယူအချိန်...........1:30pm
.
ကျင်းပမည့်နေရာ..........SAALBAU TSG-Halle Fechenheim

Pfortenstraße 55, 60386 Frankfurt am Main.
.
သီတင်းလပြည့်နေ့ အကြောင်းအကျဉ်းချုပ်
.
သီတင်းကျွတ်လပြည့်နေသည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ် တစ်နေ့လည်းဖြစ်သည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်
မူသည့် နေ့ဖြစ်သဖြင့် ထူးမြတ်သောနေ့အဖြစ် သတ်မှတ်ကြပါသည်။ ဘုရားရှင် ဆင်းသက်ကြွမြန်း
လာ သည်ကိုရည်စူး၍ ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲ ကျင်းပသော
အစဉ်အလာသည် ရှေးဘိုးဘေများလက်ထက်ကပင် ရှိခဲ့ပါသည်။ ထို့အပြင်ဘုရားရှင်သည် မယ် တော်ဖြစ်ခဲ့ဖူး သောနတ်သားကို တာဝတိံသာ နတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော် မူပြီးနောက် သီ တင်းကျွတ်လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်း တော်မူသည်ကို အကြောင်းပြု
လျှက် ဤနေ့ကို “အဘိ ဓမ္မာအခါတော်နေ့”ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများ လည်း ကျင်းပကြသည်။ တစ်နည်းဆိုလျှင် သီတင်းကျွတ် လပြည့်နေ့ကို “ဘုရားဆုပန်နေ့” ဟူ၍လည်း ခေါ် ဆိုနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူေ သာအခါ
လကျာင်္ဘက်ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံ
လိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြား စောင်းတန်းဖြင့် ဆင်းသက်တော်မူသည်။ ထိုသို့နတ်ဗြဟ္မာ များခြံရံလိုက်ပါ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိတင့်တယ်ပြည့် စုံသောအသရေတော်ကို ဖူးမြင်ကြရသောအခါ ၃၆ ယူဇနာ အတွင်းရှိသော ပရိသတ်အားလုံး ဘုရား ကိုအားကျ၊ ဘုရားဖြစ်ချင်စိတ်တွေပေါ် လာကာဘုရားဆုကို တောင်းကြပါသည်။ ထို့ကြောင့် “ဘုရား ဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပေသည်။ သီတင်းကျွတ်လပြည့်နေ့သည် ၀ါတွင်းသုံးလကုန်ဆုံး ကျွတ်
လွတ်သောနေ့ဖြစ်သဖြင့်ဝါဆိုတော်မူကြကုန်သောသံဃာတော်အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်
သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထိုနေ့ အထိဝါဆိုကြသည့် သံဃာများ
သည် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သောအခွင့်အရေးလည်း ရရှိကြသည်။
အချုပ်အား ဖြင့်ဆိုရသော်.. သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါကျွတ်သောနေ့၊ အပြစ်
ရှိက ပြောကြားပါရန် အချင်းချင်းဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊ ဘုရားရှင်တာဝတိံသာနတ်
ပြည်၌ အဘိဓမ္မာ တရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိ ဓမ္မာအခါတော်
နေ့၊ နတ်ဗြ ဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ်ပြည်သိုဆင်းသက်တော်မူသောနေ့၊
ထိုသို့ဘုရားရှင် ဆင်းသက်တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိပူဇော်
သောနေ့၊ ဗြဟ္မာ၊ နတ်၊ လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွကြည်ဖြူပူဇော်သောနေ့၊ နတ်လူ
အများ ဘုရားဆုပန် သောနေ့စသော ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ် ပင်
ဖြစ်ပါသည်။