ကဆုန်လပြည့်
ဗုဒ္ဓနေ့ အခမ်းအနားကို ကုလသမဂ္ဂ ရုံးစိုက်ရာ နူးယောက်မြို့တွင် ယမန်နေ့ မေလ ၇
ရက်နေ့၊ ညနေ ၆း၃၀ အချိန် မှ၊ ည ၉ နာရီ အထိကျင်းပခဲ့ရာ အခမ်းအနားသို့
သံဃာပရိသတ်၊ လူပရိသတ်၊ သံရုံးများမှ ကိုယ်စားလှယ်တော်များ နှင့် ဖိတ်ကြား
ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ
ဗုဒ္ဓနေ့ အခမ်းအနားတွင် အခမ်းအနာမှူးဖြစ်သည့် ကုလသမဂ္ဂဆိုင်ရာ
သီရိလင်္ကာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး Dr. Palitha Kohona က
ပဏာမ စကားပြောကြားခဲ့ပြီး ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ
ရွတ်ဖတ်ပူဇော်၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် သီရိလင်္ကာ၊ ဘင်းကလားဒေ့ရှ်၊
ဘူတန်၊ ကမ္ဗောဒီးယား၊ နီပေါ၊ အိန္ဒိယ၊ ဂျပန်၊ လာအို၊ မလေးရှား၊ မြန်မာ၊
ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ကိုရီးယား၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံများ၏
ဗုဒ္ဓနေ့ ဆင်နွှဲကြပုံများအား ရိုက်ကူး ထားသည့် ဗွီဒီယို၊ ဓာတ်ပုံ
မှတ်တမ်းများအား ပြသခဲ့ပြီး၊ ကိုယ်စားလှယ်များ တစ်ဦးချင်းစီကလည်း အမှာ
စကားများ ပြောကြားကာ အခမ်းအနားကို ည ၉ နာရီ တွင် အခမ်းအနား အစီအစဉ်အား
ရုပ်သိမ်းခဲ့သည်။ ထို့နောက် ကြွရောက်လာကြသည့် ဧည့်ပရိသတ်များအား
သက်ဆိုင်ရာနိုင်ငံ များ၏ ယဉ်ကျေးမှုအကများဖြင့်လည်းကောင်း၊ အကျွေး
အမွေးများဖြင့်လည်းကောင်း တည်ခင်းဧည့်ခံကာ ကဆုန်လပြည့် ဗုဒ္ဓနေ့
အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။
ကဆုန်လပြည့်
ဗုဒ္ဓနေ့ အခါသမယသည် "ဖွားမြင်ပွင့်စံ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန် လပြည့်ကြုံ"
ဟု ဆိုသည့်အတိုင်း ဗုဒ္ဓမြတ်စွာ ဘုရားမဖြစ် မီ လေးအသင်္ချေ (တစ်အသင်္ချေတွင် ၁
နှင့် သုည ၁၄၀ လုံးရှိ) နှင့် ကမ္ဘာတစ်သိန်းထက်တွင် ဘုရားလောင်း သုမေဓာ
ရှင်ရသေ့ဘ၀ ဒီပင်္က ရာ ဘုရားလက်ထက်တော် အခါက ဘုရားစင်စစ် ဧကန်ဖြစ်မည်ဟု နိယတ
(ခိုင်ခံ့ခြင်းဟု အဓိပ္ပာယ်ရ) ဗျာဒိတ် ခံယူခဲ့နေ့၊ ဘုရာ အလောင်းတော်
ဖွားမြင်တော်မူသည့်နေ၊ သဗ္ဗညုတ ဉာဏ်တော်ကို ရရှိ၍ ဘုရား ဖြစ်တော်မူသောနေ့
နှင့် မြတ်စွာ ဘုရား ပရိနိဗ္ဗာန် စံတော်မူသောနေ့ ဖြစ်သဖြင့်
ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးခြားသည့် နေထူး နေ့မြတ်ကြီး လည်းဖြစ်သည်။
အခမ်းအနား မစတင်မီ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်စဉ်။ | |
ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်။ | အမေရိကန်နိုင်ငံသား ဘိက္ခု ဗောဓိ အမှာစကား ပြောကြားစဉ်။ shwelone.com သတင်းမှဖေါ်ပြပါသည်.. |