အမုန်းလည်းမများနဲ့
အမုန်းလည်းမပွားနဲ့
အမုန်းပွားရင် နှလုံးသားတွေနာကျင်ကြရမယ်
မာနတွေလည်းမထားနဲ့
မာနတွေလည်းမပွားနဲ့
မာနာပွားရင် သူတို့ဘ၀တွေနာကျင်ကြရမယ်
ဘာကြောင့်များတစ်ဦးနဲ့တစ်ဦးအမုန်းများနေမှာလည်း
ဘာကြောင့်များတစ်ဦးနဲ့တစ်ဦးမာနတွေထားနေမှာလည်း
မေ့ပစ်လိုက်ပါ
မာနတွေခ၀ါချပြီး အမုန်းတွေကိုမြေမြုပ်လို့
တို့လုပ်နေတဲ့ပရဟိတလုပ်ငန်းကို
အောင်မြင်အောင်တို့တွေကြိုးစားကြမယ်
တွဲလက်တွေခိုင်မြဲစေ
တို့မျှော်မှန်းတဲ့ပန်းတိုင်ဆီ
တို့တွေလက်တွဲ အားအင်များစွာနဲ့လျှောက်လှမ်းကြမယ်
ခြေလှမ်းတိုင်းဟာ ပရဟိတစိတ်အပြည့်နဲ့
ခမ်းနားဝင့်ထည် ကြွေးကြော်ဟစ်လို့
ငါတို့မောင်နှမတွေချီတက်ကြမယ်
ဒီကမ္ဘာအလယ်ဂုဏ်အရှိန်အ၀ါအစဉ်တိုးစေဖို့
လာပါကွာချီတက်ကြမယ်
တို့ ရဲ့မျှော်လင့်ချက်ပန်းတိုင်ဆီ........
အာကာကျော်
ပရဟိတလုပ်ကိုင်နေသူများအတွက်အားတက်စေမယ့်၊ တကယ်ကောင်းတဲ့၊
ကဗျာတစ်ပုဒ်ဖြစ်လို့  Save the Age စာမျက်နှာမှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။