iMyanmarAds

ဗုဒ္ဓသာသနရံသီ အသင်း ကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ နှင့် အလှူငွေ လှူဒါန်းပွဲ

ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့၊ ဗုဒ္ဓသာသနရံသီ ဘုန်းတော်ကြီးကျောင်းတိုက်တွင် သီတင်းသုံးတော်မူ
သည့် ဆရာတော်နှင့် ပင့်သံဃာတော် အရှင်မြတ် (၅) ပါးတို့အား ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ နှင့် ဗုဒ္ဓသာသနရံသီ ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲတို့ကို ဖော်ပြပါ အစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များနှင့် အသင်းမိသားစုများ ကြွရောက်ကြည်ညို ကုသိုလ်ယူကြပါရန် ခင်မင်သော စိတ်ထား ဖြင့် ဖိတ်ကြားအပ်ပါသည်။
ဆရာတော်များနှင့် သင့်လျှော်မည့် အသုံးအဆောင်များကိုလည်း မိမိတို့ အစီအစဉ်ဖြင့် လှူဒါန်း
ပူဇော်နိုင်ကြ ပါသည်။
အလှူရှင် ဒေါက်တာ အေးနိုင် + ဒေါ်သန်းသန်းချို မိသားစု၊ ဒေါ်ခင်သန်းနွယ် (ဒေါ်နွယ်) သား - 
ကိုဇင် မိသားစု၊ ဦးကြည်ဝင်း + ဒေါ်လင်းလင်းလက် (မငယ်) မိသားစု တို့မှ ဆရာတော် သံ
ဃာတော်များနှင့် ဧည့်ပရိသတ် များအား ဆွမ်းခဲဖွယ် ဘောဇဉ်များဖြင့် တည်ခင်းဧည့်ခံ လှူဒါန်းမည်ဖြစ်ပါသည်။
.
ဗုဒ္ဓသာသနရံသီ အသင်း 
.
ကျင်းပမည့်နေရက်။      ။ ၀၄. ၁၁. ၂၀၁၂ ရက်၊ တနင်္ဂနွေနေ့
ကျင်းပမည့်အချိန်  ။      ။ နံနက် ၁၀း ၀၀ နာရီမှ ညနေ ၄း ၀၀ နာရီအထိ
ကျင်းပမည့်နေရာ  ။      ။ Saalbau Bornheim
                                        Arnsburger Str 24,
                                        60385, Frankfurt

 
Unbenannt auf einer größeren Karte anzeigen