iMyanmarAds

ကချင်ပြည်နယ်..ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် အိမ်သာ ခက်ခဲနေဆဲ

မြန်မာလူမှုရေးအသင်းမှကျင်းပပြီးစီးခဲ့သော၊ အတာသင်္ကြန်မှရရှိခဲ့သော အကျိုးအမြတ်များမှ ( ယူရို 500) ကို ၄င်းကချင်ဒုက္ခသည်စခန်းသို့ ၊ ပေးပို့ လှူဒါန်းသွားမည်ဖြင့်ပါသဖြင့်၊ ဂျာမနီနိုင်ငံတွင်နေထိုင်နေကြသော၊ မြန်မာမိသားစု ညီအစ်ကိုမောင်နှများမှ၊ စုပေါင်းလှူဒါန်းထောက်ပနိုင်ပါသည်။ လိုအပ်နေသောနေရာကိုပေးကမ်းလှူဒါန်းခြင်းသည်၊ တန်းဖိုးမဖြတ်နိုင်သော ကူညီထောက်ပံ့ခြင်းဖြစ်ပါသည်။ လှူရှင်များလူမှုရေးအသင်းသူအသင်းသားများကိုဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းအသိပေးအပ်ပါသည်။

ဆက်သွယ်ရန်
..................
၁.ကိုစိုးခင် (06925786776,01786362872)
၂.ကိုသန်းစိုး(06947869269,01733418195)
၃.ကိုအောင်နိုင်ထွေး(069 90753529,015211245984)
၎.ကိုဂျက်ကီ(06947868098,01622579294 )
၅.ကိုရှမ်းလေး(06917514135)
၆.ကိုမင်းမင်း(မွန်)(06926486984,015226805994)
၇.ကိုမင်းပာန်(06980905721, 015201466922)
၈.ကိုအောင်ရွှေ(06925755399)
၉.ကိုမိုးမြင့်ကျော်(015226699861)
၁၀.မစပါယ်လွင်(06966124609)
...........................................
အောက်ပါလူမှုရေးဘဏ်သို့ လဲတိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်
(Bank Name:Frankfurter Volksbank)(Name:myanmar-Sozialhilfe e.V)(Bank Account:
7500019284)(Bank leitzahl:50190000)(Bank BIC:FFVBDEFF)
(Bank IBAN:DE48501900007500019284)

zai-awng-kachin-idp-camp
ဇိုင်းအောင် ဒုက္ခသည်စခန်း။

ကချင်သတင်းမှ အသေးစိတ်ဖတ်ရှုနိုင်ပါသည်.Click

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် အိမ်သာများမလုံလောက်မှုကြောင့် အခက်ခဲရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်းမှ သိရသည်။
ပြီးခဲ့သည့်မတ်လအတွင်း Health Unlimited (HU) မှ ဆောက်လုပ်ပေးထားသော အိမ်သာများသည် အိမ်သာ အခက်ခဲပိုများသည့် အိမ်ထောင်စုများအတွက် အိမ်ခြေ ၇ ခုလျင် အိမ်သာ ၁ လုံးစီပေါင်းသုံးရန် ဆောက်လုပ်ပေးထားသော်လည်း လိုအပ်နေဆဲဖြစ်ကြောင်း စခန်းတာဝန်ရှိသူများပြောသည်။
"လောလောဆယ်လိုနေတာပေါ့နော် တချို့တွေက အိမ်သာအဟောင်းက ခွက်တွေယူပြီးပြန်လုပ်ယူတယ်။ တချို့အိမ်သာတွေကျတော့ ပျက်စီးသွားတာတွေရှိတော့ ခက်ခဲနေတာပေါ့" ဟု ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
ဇိုင်းအောင်ဒုက္ခသည်စခန်းတွင် အိမ်ထောင် ၆၀၀ ကျော်ရှိပြီး ဖေဖော်ဝါရီလပိုင်းက Health Unlimited (HU) မှ ဒုက္ခသည်စခန်းကျန်းမာရေး အခြေအနေမြင့်မားလာအောင် အိမ်သာများကို နမူနာအဖြင့် အိမ်သာ ၈၀ ကူညီပေးခဲ့သော်လည်း လုံလောက်ခြင်းမရှိသေးကြောင်းသိရသည်။
အိမ်ခြေအများစုသည် ရေလောင်းအိမ်သာများသုံးနေသော်လည်း အိမ်ခြေသည် ၅၀ ကျော်သည် တွင်းတဲအိမ်သာများသာ အသုံးပြုနေရသောကြောင့် စခန်း ကျန်းမာရေးအဖွဲ့မှ တွင်းတဲအိမ်သာများကို အပေါက်ပိတ်ရန်စီစဉ်ပေးနေသော်လည်း ရေရှည်အတွက်မူ ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိကြောင်းပြောဆိုသည်။
၎င်းစခန်းတွင် ဒုက္ခသည်များ ကျမ်းမာရေးအားနည်နေဆဲလည်းဖြစ်ပြီး ယခုချိန် ချောင်းဆိုးသူများ၊ ၀မ်းရောဂါဖြစ်ပွားသူများ၊ အရေပြားယားယံခြင်းစသည့် လူနာများသည် ဆေးပေးခန်းသို့ နေ့စဉ် ၂၀ ဦးထက်မနည်း ဆေးများတောင်း သောက်နေကြောင်း ဒုက္ခသည်စခန်းမှ ပြောသည်။
စခန်းအတွင်း ဖုံထူခြင်း၊ မသန့်ရှင်းသောအစားအစာများစားသုံးခြင်း၊ ရေများလုံလောက်မှုမရှိခြင်းနှင့် အိမ်သာမလုံလောက်ခြင်းကြောင့် ကျမ်းမာရေးထိခိုက်စေသည်ဟု ကျန်းမာရေးဌာနမှ သုံးသပ်သည်။
၎င်းကျန်းမာရေးဌာနမှလည်း ဆေးဝါးအချို့ပြတ်လပ်နေသောကြောင့် ယခုချိန် လည်ချောင်းနှင့် ဆိုင်သောဆေးဝါးများ၊ ၀မ်းရောဂါဆေးများ၊ ယားနာဆေးများ၊ ကလေးငယ် သက်ကြီးများအတွက်အားဆေးများ အဓိကလိုအပ်နေကြောင်း ကျန်းမာရေးဌာနမှ ပြောသည်။
ဇိုင်းအောင်ဒုက္ခသည်စခန်းမှ အဆုပ်ရောဂါဖြစ်ပွားသူဟု ယူဆရသူ အယောက် ၂၀ ကျော်ရှိနေပြီး ၎င်းတို့သည် ဗဟိုဌာနချုပ် လိုင်ဇာ AZG ဆေးပေးခန်းသို့ သွားရောက်ရန် ငွေကြေးခက်ခဲမှုကြောင့် သွားစစ်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) သည် ၄င်းဒုက္ခသည်များအတွက် မိသားစုတစုလျင် အိမ်တစ်လုံးပြုလုပ်ပေးခဲ့သောကြောင့် ဇန်န၀ါရီလမှ စ၍ နေအိမ်များဖြင့်ကောင်းမွန်စွာနေထိုင်ရသော်လည်း ယခုချိန်အိမ်သာများလုံလောက်မှုမရှိ ဖြစ်နေခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့ အဆုပ်ရောဂါလက္ခဏာဟု ယူဆရသူများကိုလည်း လိုင်ဇာရှိ အမေရိကနိုင်ငံမှလာသော Kachin Relief မှ စာရင်းပြုစုခိုင်းသော်လည်း ယခုချိန်ထိ အကြောင်းပြန်ခြင်းမရှိသေးကြောင်းသိရသည်။
ဇိုင်းအောင်ဒုက္ခသည်စခန်းသည် ၀ိုင်းမော်မြို့နယ်တွင်းရှိပြီး အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ လှုပ်ရှားနယ်မြေကို ကျော်ဖြတ်၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်နေရာဖြစ်သောကြောင့် အကူအညီများကို အချိန်မီရရှိရန်ခက်ခဲသောစခန်းလည်းဖြစ်သည်။