iMyanmarAds

ကျေးဇူးလွာ

Museum park ပန်းခြံမြက်ခင်းပြင်တွင်၊ ကျင်းပပြုလုပ်သည့် နွေရာသီတေးဂီတပွဲတော်တွင် မြန်မာလူမှုရေးအသင်းမှ ခလေးများရံပုံငွေရရှိစေရန်ရည်ရွှယ်၍၊ မြန်မာရိုရာအကများနှင့် မြန်မာအစားအသောက်များလဲ ရောင်းချခဲ့ပါသည်။ ၄င်းပွဲတော်တွင် မြန်မာပြည်မိဘမဲ့လေးများအတွက် အလှူငွေ (၁၅၀)ရရှိခဲ့ပြီး၊ အစားအသောက်ရောင်းပွဲမှ အမြတ်ငွေ (၂၂၂.၅၀)ယူရိုရရှိခဲ့ပြီး၊ စုစုပေါင်း (၃၇၂.၅၀)ယူရရှိခဲ့ပါသည်။
၎င်းပွဲဖြစ်မြောက်ရေးအတွက် စီစဉ်ပေးသော ဒေါ်ချိုမာတင်အား၎င်း၊ ရိုရာအကများဖြင့်ကပြဖျော်ဖြေပေးကြသော မနွယ်နှင့်မရွှေရည်လင်းလက်အား၎င်း၊ အုန်းနို့ ခေါက်ဆွဲချက်ပြုတ်ပေးသော မနွယ်အား၎င်း၊ ကြာဇံကြော်ပေးသော ကိုဗလမိသားစုအား၎င်း၊ ရေနွေးကြမ်းချက်ပြုတ်ပေးသော မကြူနှင့်သူငယ်ချင်းများအား၎င်း၊ ကြက်သားကြော်နှင့်ကော်ပြန့် ကြော် ကြော်ပေးသော ကိုမျိုးအေးမိသားစုအား၎င်း၊
ကောက်ညင်းထုတ်ပြုလုပ်ပေးသော ကိုဖိုးသောကြာမိသားစုအား၎င်း၊ ဆီထ္မင်းပြုလုပ်ပေးသော ကိုအောင်နိုင်ထွေးမိသားစုအား၎င်း၊ ဈေးကူညီရောင်းပေးကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးနှင့်တကွ လာရောက်အားပေးခဲ့ကြသော ညီကိုမောင်နှမ အားလုံးတို့ အား မြန်မာလူမှုရေးအသင်းမှအထူးကျေးဇူးတင်ရှိပါသည်။