iMyanmarAds

၈၈မျိုးဆက်ကျောင်းသား ကိုဂျင်မီ နှင့် ဂျာမနီရောက်မြန်မာညီအကိုမောင်နှမများ တွေ့ ဆုံနှုတ်ဆက်ပွဲ အမှတ်တရ

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အစည်းမှ ကျောင်းသားခေါင်းဆောင်ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယု နှင့်ဂျာမနီရောက်မြန်မာညီအစ်ကိုမောင်နှမများ တွေ့ ဆုံနှုတ်ဆက်ပွဲကို၊ ၂၉.၀၉.၂၀၁၃ ရက်နေ့ ၊ Bagan Sushi စားသောက်ဆိုင်ခန်းမတွင်၊ ကျင်းပပြီးစီးခဲ့ပါသည်။ ကိုဂျင်မီမှ မိမိ၏ နိုင်ငံရေးအတွေ့ အကြုံနှင့်
လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတွေ၊ ဂျာမနီရောက် ညီအစ်ကိုမောင်နှများကိုပြောကြားခဲ့ ပြီး၊ ညီအစ်ကိုမောင်နှမများ၏ မေးမြန်းချက်များကိုလဲ၊ ရိုးသားပွင့်လင်းစွာဖြေကြားခဲ့ပါသည်။
ကိုဂျင်မီနှင့်ဇနီးမနီလာသိန်းတို့ ၏ထောင်တွင်ဖြတ်သန်းခဲ့စဉ်အတွင်းမှ၊ ဇနီးမောင်နှံနှစ်ဦး၏ရင်တွင်းခံစား
ချက်ဖြင့်ရေးဖွဲ့ ထားသော (နှလုံးသွေးဂီတချစ်သူနဲ့ ကျွန်မကဗျာစု)ကဗျာစာအုပ်ကိုလဲ၊ အခန်းအနားတက်  ရောက်လာကြတဲ့၊ ညီအစ်ကိုမောင်နှမများကိုအမှတ်တရ မေတ္တာလက်ဆောင်ပေးခဲ့ပါသည်။



မြန်မာရေးရာဌာနမှ ကျေးဇူးတင်လွာ