iMyanmarAds

မိဘမဲ့ကလေးများ အတွက် လူမှုဘဝမြှင့်တင်ရေး ဖောင်ဒေးရှင်း အစီအစဉ် ပြုလုပ်ပေးမည်


မိဘမဲ့ ကလေးများ အတွက် လူမှုဘဝမြှင့်တင်ရေး အစီအစဉ် တစ်ခု အနေဖြင့် မိဘမဲ့ကလေးများအား အသက် မွေးဝမ်းကျောင်း ပညာရပ်များအား အခမဲ့ စရိတ်ငြိမ်း သင်ကြားပို့ချပေးမည့် ဖောင်ဒေးရှင်း အစီအစဉ်တစ်ခုအား Today's Technology နှင့် Today's Myanmar Co.,Ltd တို့မှပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်တွင် မိဘမဲ့ ကလေးများအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များအနေဖြင့် Mobile Phone Hardware ပြုပြင်ခြင်း ဆိုင်ရာ သင်တန်း၊ Mobile Phone Software ပြုပြင်ခြင်း ဆိုင်ရာ သင်တန်းများ နှင့်အတူ အခြား လုပ်ငန်းခွင်သုံး စာရင်းအင်း ပညာသင်တန်း၊ လုပ်ငန်းခွင် သုံး ရောင်းဝယ်ခြင်းဆိုင်ရာ သင် တန်းများအား သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းသင်တန်းအား ၁ လလျှင် သင်တန်းသား ၈ ဦး လက်ခံ သင်ကြားပေးမည် ဖြစ်ပြီး မိုဘိုင်းဖုန်း ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ သင်တန်းသား အတွက် ၁ လလျှင် ၃ ဦးနှင့် အခြားစာရင်းအင်း ဆိုင်ရာ သင်တန်းများ အတွက် ၁ လ လျှင် ၅ ဦး စုစုပေါင်း ၈ ဦး လက်ခံ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ သင်တန်း ကာလအတွင်း တွင် အဆိုပါ သင်တန်းသားများ အတွက် နေထိုင်စရာ အဆောင်နှင့် တစ်နေ့တာ စားသောက် စရိတ်များအား အခမဲ့ တာဝန်ယူ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ သင်တန်းအခမဲ့ ပို့ချပေးခြင်းများအပြင် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း စီစဉ် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုသူများ အနေဖြင့် Today's Technology ဖုန်း ၀၉၃၃၃၃၉၁၁၁ သို့ဆက်သွယ် စုံစမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။