iMyanmarAds

တော်လှန်ရေးရဲဘော်ကြီး သခင်လှကြိုင်

ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး သခင်လှကြိုင်


အဘ သခင် ဦးလှကြိုင် ၏ရာဇဝင်အကျဉ်းချုပ်
=========================
(၁) အမည်- ဦးလှကြိုင်

(၂)မွေးနေ့-၁၂၈၄ ခုနတ်တော်လဆန်း(၇)ရက်
အင်္ဂါနေ့ (၉၂) နှစ်

(၃)မွေးဖွားရာဇာတိ-ဟင်္သာတခရိုင်၊ကရင်အေးကျေးရွာ

(၄)အဘ အမည်-ဦးအောင်ဘွင့် (ဆန်စက်ပိုင်ရှင်)

(၅)အမိ အမည်-ဒေါ်တိုး

(၆)မွေးချင်းမောင်နှမ ၅ဦးအနက်အကြီးဆုံးသား

(၇)ဇနီးအမည်- ဒေါ်ဝက်(မော်လမြိုင်သူ-ကွယ်လွန်)

(၈)သားသမီး-သမီးကြီး-ဒေါ်ခင်လှ(၆၅)နှစ် ၊

သမီးငယ်-ဒေါ်သန်းစိန်(၅၅)နှစ်[ ဆေးလိပ်လိပ်/ကျဘမ်း
အလုပ်(ကျန်းမာရေးမကောင်း နှင့်အတူနေသည်၊]

စစ်မူ့ထမ်းဆောင်ခြင်း
=============
၁၆ နှစ်သား အရွယ်တွင် ဗိုလ်ရန်နိုင် ၊ သခင်ထွန်းအုပ်တို့
ဟင်္သာတသို့ ရောက်စဉ်၊ တို့ ဗမာ အစည်းအရုံး သို့ဝင်
ရောက်ခဲ့ပြီး ၊အင်္ဂလိပ်တော်လှန်ရေး တွင်ရွှေတောင်ဒေသ၊
ဖက်စစ်တော်လှန်ရေးတွင် သာယာဝတီအနောက်ခြမ်းနှင့်
မော်လမြိုင် ဒေသတို့တွင်ဝင်ရောက်တိုက်ပွဲဝင်ခဲ့ပါသည်။

တော်လှန်ရေးကာလတွင် ဝမ်းလိုင်းသရီးစတား(တပ်ကြပ်
ကြီး)ရာထူးထိ ရရှိပြီး လစာ ၅၅/-ကျပ်ရရှိခဲ့ပါသည်။

တော်လှန်ရေးပြီးနောက် ရန်ကုန်မြို့ရှိ ဗိုလ်ထွန်းလှ တပ်
ရင်းတွင် လက်နက်ပြန်လည် အပ်နှံပြီးအငြိမ်းစားယူခဲ့ပါ
သည်။

တပ်မတော် အငြိမ်းစားယူပြီးနောက်ပိုင်းကာလ
============================
တော်လှန်ရေးပြီးနောက် မော်လမြိုင်သူ ဒေါ်ဝက် နှင့်
လက်ထပ်ပြီး ပုသိမ်ညွန့်ရပ်ကွက် တွင် အခြေ ချ၍
ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့ရာ တစ်နှစ်အ
ကျော်တွင် မီးလောင် သဖြင့်၊ မြောက်ဥက္ကလာပမြို့
နယ်၊( ဈ) ရပ်ကွက် စတ္ကဝတ်လမ်း ၊ အမှတ် (၅၅ )
သို့ပြောင်းရွှေ နေထိုင်ကာ၊ဆေးဆိုးပန်းရိုက် လုပ်ငန်း
လုပ်ကိုင်ခဲ့ပါသည်။

ထို့နောက် အဘ သည် ဇာတ်ဝါသနာပါသူတစ်ဦး ဖြစ်၍
တက်ခေတ်စိန် ဇာတ်တွင် ""ငှက်တော်"" အမည်ဖြင့်လူ
ရွှင်တော် ဘဝကို ဖြတ်သန်းခဲ့ပါသည်။

နောက်ပိုင်း(နှစ်မမှတ်မိ) တွင် ပဲခူး၊ အိုးလေးစု သို့ပြောင်း
ရွှေပြီး၊ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့သောလည်း
အဆင်မပြေဖြစ်ပြီး စီးပွါးပျက်ကာ သမီးငယ်နှင့် အတူနေ
ထိုင်လျှက်ရှိပါသည်။




အဘဟာ တပ်ထဲမှာနေစဉ်က စစ်သားချင်းချင်း မတော်တဆဖြစ်တဲ့ လက်ကဒါဏ်ရာနဲ့ တိုက်ပွဲမှာဖြစ်ခဲ့တဲ့ ညာဘက်ခြေထောက် ခြေကျင်းဝတ်ဒါဏ်ရာတစ်ခုသာရခဲ့ပါတယ်။ မျက်လုံးကတော့ လွန်ခဲ့တဲ့တစ်နှစ်ခန့်က ခြင်ထောင်ကြိုးတန်းနဲ့ထိပြီး ဆေးမကုနိုင်ရာက ကွယ်ခဲ့တာလို့သိရပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်ခန့်က ရွှေသာလျောင်း လေးမျက်နှာ ဘုရားနားမှာ ကားတစ်စီးနဲ့ ပွတ်မိလို့ ခါးနာသွားပြီး အကြောပြင်ဆရာ (ဦးမွန်သီး) ဆီမှာ ကုသလို့ သက်သာခဲ့တယ် ပြောပါတယ်။

သခင်လှကြိုင်ရဲ့ဇနီး ဟာ လွန်ခဲ့တဲ့ (၁၅)ကျော်ခန့်က ဆုံးပါးခဲ့ပြီး သမီးအကြီးယောင်္ကျားဟာ မနှစ်က ဆုံးပါးခဲ့သလို အတူနေ သမီးအငယ်ကတော့ ကလေး(၃)ယောက် တစ်ခုလပ်ဖြစ်တာ ကြာခဲ့ပါပြီ။ မြေးမလေးတစ်ယောက်အိမ်ထောင်ကျပြီး သူတို့လိုဘဲ ကျူးကျော်မှာ တဲထိုးနေပါတယ်။

အရွယ်ရောက် ယောင်္ကျားလေးမြေးတစ်ယောက် ဆိုင်ကယ်တိုက်မှု့နဲ့ ထောင်ကျခဲ့လို့ အိုးလေးစုထဲက ပိုင်ခဲ့တဲ့ အိမ်လေးကို ရောင်းခဲ့ရပြီး သမီးအကြီးလို အိုးလေးစု ချောင်းကမ်းဘေးမှာ ကျူးကျော်နေရတဲ့ဘ၀ ရောက်နေပါတယ်။ မြေး ယောင်္ကျားလေးတစ်ယောက်ရဲ့ ရတစ်လှည့် မရတစ်လှည့် ပန်းရံ လူကြမ်းဝင်ငွေ လေးနဲ့ မစားလောက်တဲ့အခါမှာ တို့ဗမာ အစည်းအရုံးဝင် တော်လှန်ရေးသမားကြီး သခင်လှကြိုင်ဟာ မိသားစု (ထမင်းမငတ်) တော်လှန်ရေးတိုက်ပွဲ အတွက် (လွန်ခဲ့သောတစ်နှစ်မှစ၍) မိသားစု မသိအောင် ပဲခူးတံတားမှာ နံနက် (၆)နာရီလောက်မှ (၁၀)နာရီ အထိ လက်ရှိ အလုပ်ကို စလုပ်ပါတယ်။

မိသားစုကသိသွားကြတဲ့အခါမှာ ၀မ်းနည်းပြီး ငိုကြရုံကလွဲပြီး (ငါ့မိသားစုကို ရိုးသားစွာ တောင်းရမ်းကျွေးတာ) ဆိုတဲ့ တော်လှန်ရေးရဲဘော်ကြီး၊ သခင်လှကြိုင်ရဲ့ စကားကို ထမင်းနပ်မမှန်ရှာတဲ့ မိသားစုတွေ ရင်နာနာနဲ့ လက်ခံခဲ့ရပါတယ်။ (သူတို့ကိုယ်တိုင်လဲငတ်နေရှာတော့) အသက်(၉၃)နှစ်ရှိပြီ ဆိုတဲ့ သခင်လှကြိုင်ဆိုတဲ့ အဘဟာ ခုနှစ်သက္ကရာဇ်တွေ သေချာမပြောနိုင်ပေမယ့် သူဘ၀ရဲ့ အမှတ်တစ်ရဖြစ်ခဲ့တဲ့ အချက်လေးတွေ တော့ သေချာပြောနိုင်ခဲ့ပါတယ်။

ဒီဇာတ်လမ်းဟာ ဇာတ်နာအောင် တမင်လုပ်ရေးတာ မဟုတ်သလို အာဏာပိုင်တွေကို ဝေဖန်စရာဖြစ်အောင် (ဝေဖန်စရာတွေက အများကြီးရှိပြီးသားပါ) လုပ်ကြံထားတာ မဟုတ်ပါဘူး။ သခင်လှကြိုင်ဟာ ခောတ်ရဲ့လိုအပ်ချက်အရ သူပါဝင်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံသားတစ်ယောက် လုပ်သင့်လို့ လုပ်ခဲ့တဲ့ အလုပ်တစ်ခု အပေါ်မှာ ဘာအခွင့်အရေးမှ မျှော်လင့်ထားပုံမရပေမယ့် ကျနော်ကတော့ သူမသေခင်လေးမှာ (သူဖုန်းစား) ဘ၀ကနေ လွတ်မြောက်စေချင်တာလေးတစ်ခုတော့ ဖြစ်မိပါတော့တယ်…..။

စိတ်မကောင်းခြင်းများစွာဖြင့်……………………။
ကြည်လင်း အား ကျေးဇူးတင်သည်။
 Photo: မြန်မာတပြည်လုံး သိသွားအောင် များများ ရှယ်ပေးကြပါ။
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး သခင်လှကြိုင် (၁)

ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေတဲ့ အဖိုးကြီးတစ်ယောက်ကို အင်တာသွားဗျူးတာလေး တင်ပေးလိုက်ပါတယ်။

မေး။ ။အဘနံမည်ဘယ်လို ခေါ်ပါသလဲ?အသက်ဘယ်လောက်ရှိပြီလဲ ?
ဖြေ။ ။သခင်လှကြိုင်ပါ။အသက်က ၉၃ နှစ်ကွဲ့။

မေး။ ။အဘကစစ်မှု့ထမ်းဟောင်းလား?
ဖြေ။ ။တော်လှန်ရေးရဲဘော်ပါ။ဗိုလ်ရန်နိုင်ရဲ့ တစ်ပည့်ပါ။

မေး။ ။ဘယ်မှာနေလဲ ?ဘယ်သူနဲ့နေလဲ?
ဖြေ။ ။အိုးလေးစုထဲမှာနေတယ်။မုဆိုးမသမီးနဲ့ မြေးနဲ့နေပါတယ်။

မေး။ ။ဘာလို့ပိုက်ဆံတောင်းတာလဲ?ဘယ်လောက်ကြာပြီလဲ?
ဖြေ။ ။အဆင်မပြေလို့ပါ။ တစ်နှစ်လောက်ရှိပြီ။

မေး။ ။နိုင်ငံတော်က မထောက်ပံဘူးလား?။ မော်ကွန်းဝင်လက်မှတ်တွေ ဘာတွေ မရှိဘူးလား?
ဖြေ။ ။မထောက်ပံပါဘူး။ဦးနေ၀င်း ပေးခဲ့တဲ့ ဂုဏ်ပြုလွှာတော့ရှိပါတယ်။

မေး။ ။မျက်စီတစ်လုံးက ဘာဖြစ်တာလဲ?။
ဖြေ။ ။မမြင်ရတော့ဘူး။

မေး။ ။တစ်နေ့ဘယ်လောက်ရလဲ?။
ဖြေ။ ။သုံးထောင်လောက်ရပါတယ်ကွယ်။

ကြည်လင်း အား ကျေးဇူးတင်သည်။ 

#iLoveMyanmar #Myanmar #iLoveMM #WeLoveMyanmar


Photo: မြန်မာတပြည်လုံး သိသွားအောင် များများ ရှယ်ပေးကြပါ။
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး သခင်လှကြိုင် (၃)

အဘဟာ တပ်ထဲမှာနေစဉ်က စစ်သားချင်းချင်း မတော်တဆဖြစ်တဲ့ လက်ကဒါဏ်ရာနဲ့ တိုက်ပွဲမှာဖြစ်ခဲ့တဲ့ ညာဘက်ခြေထောက် ခြေကျင်းဝတ်ဒါဏ်ရာတစ်ခုသာရခဲ့ပါတယ်။ မျက်လုံးကတော့ လွန်ခဲ့တဲ့တစ်နှစ်ခန့်က ခြင်ထောင်ကြိုးတန်းနဲ့ထိပြီး ဆေးမကုနိုင်ရာက ကွယ်ခဲ့တာလို့သိရပါတယ်။
 
လွန်ခဲ့တဲ့နှစ်နှစ်ခန့်က ရွှေသာလျောင်း လေးမျက်နှာ ဘုရားနားမှာ ကားတစ်စီးနဲ့ ပွတ်မိလို့ ခါးနာသွားပြီး အကြောပြင်ဆရာ (ဦးမွန်သီး) ဆီမှာ ကုသလို့ သက်သာခဲ့တယ် ပြောပါတယ်။
 
သခင်လှကြိုင်ရဲ့ဇနီး ဟာ လွန်ခဲ့တဲ့ (၁၅)ကျော်ခန့်က ဆုံးပါးခဲ့ပြီး သမီးအကြီးယောင်္ကျားဟာ မနှစ်က ဆုံးပါးခဲ့သလို အတူနေ သမီးအငယ်ကတော့ ကလေး(၃)ယောက် တစ်ခုလပ်ဖြစ်တာ ကြာခဲ့ပါပြီ။ မြေးမလေးတစ်ယောက်အိမ်ထောင်ကျပြီး သူတို့လိုဘဲ ကျူးကျော်မှာ တဲထိုးနေပါတယ်။
 
အရွယ်ရောက် ယောင်္ကျားလေးမြေးတစ်ယောက် ဆိုင်ကယ်တိုက်မှု့နဲ့ ထောင်ကျခဲ့လို့ အိုးလေးစုထဲက ပိုင်ခဲ့တဲ့ အိမ်လေးကို ရောင်းခဲ့ရပြီး သမီးအကြီးလို အိုးလေးစု ချောင်းကမ်းဘေးမှာ ကျူးကျော်နေရတဲ့ဘ၀ ရောက်နေပါတယ်။ မြေး ယောင်္ကျားလေးတစ်ယောက်ရဲ့ ရတစ်လှည့် မရတစ်လှည့် ပန်းရံ လူကြမ်းဝင်ငွေ လေးနဲ့ မစားလောက်တဲ့အခါမှာ တို့ဗမာ အစည်းအရုံးဝင် တော်လှန်ရေးသမားကြီး သခင်လှကြိုင်ဟာ မိသားစု (ထမင်းမငတ်) တော်လှန်ရေးတိုက်ပွဲ အတွက် (လွန်ခဲ့သောတစ်နှစ်မှစ၍) မိသားစု မသိအောင် ပဲခူးတံတားမှာ နံနက် (၆)နာရီလောက်မှ (၁၀)နာရီ အထိ လက်ရှိ အလုပ်ကို စလုပ်ပါတယ်။
 
မိသားစုကသိသွားကြတဲ့အခါမှာ ၀မ်းနည်းပြီး ငိုကြရုံကလွဲပြီး (ငါ့မိသားစုကို ရိုးသားစွာ တောင်းရမ်းကျွေးတာ) ဆိုတဲ့ တော်လှန်ရေးရဲဘော်ကြီး၊ သခင်လှကြိုင်ရဲ့ စကားကို ထမင်းနပ်မမှန်ရှာတဲ့ မိသားစုတွေ ရင်နာနာနဲ့ လက်ခံခဲ့ရပါတယ်။ (သူတို့ကိုယ်တိုင်လဲငတ်နေရှာတော့) အသက်(၉၃)နှစ်ရှိပြီ ဆိုတဲ့ သခင်လှကြိုင်ဆိုတဲ့ အဘဟာ ခုနှစ်သက္ကရာဇ်တွေ သေချာမပြောနိုင်ပေမယ့် သူဘ၀ရဲ့ အမှတ်တစ်ရဖြစ်ခဲ့တဲ့ အချက်လေးတွေ တော့ သေချာပြောနိုင်ခဲ့ပါတယ်။
 
ဒီဇာတ်လမ်းဟာ ဇာတ်နာအောင် တမင်လုပ်ရေးတာ မဟုတ်သလို အာဏာပိုင်တွေကို ဝေဖန်စရာဖြစ်အောင် (ဝေဖန်စရာတွေက အများကြီးရှိပြီးသားပါ) လုပ်ကြံထားတာ မဟုတ်ပါဘူး။ သခင်လှကြိုင်ဟာ ခောတ်ရဲ့လိုအပ်ချက်အရ သူပါဝင်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံသားတစ်ယောက် လုပ်သင့်လို့ လုပ်ခဲ့တဲ့ အလုပ်တစ်ခု အပေါ်မှာ ဘာအခွင့်အရေးမှ မျှော်လင့်ထားပုံမရပေမယ့် ကျနော်ကတော့ သူမသေခင်လေးမှာ (သူဖုန်းစား) ဘ၀ကနေ လွတ်မြောက်စေချင်တာလေးတစ်ခုတော့ ဖြစ်မိပါတော့တယ်…..။

စိတ်မကောင်းခြင်းများစွာဖြင့်……………………။
ကြည်လင်း အား ကျေးဇူးတင်သည်။ 

#iLoveMyanmar #Myanmar #iLoveMM #WeLoveMyanmar
အကြောင်းချည...See More

Photo: မြန်မာတပြည်လုံး သိသွားအောင် များများ ရှယ်ပေးကြပါ။
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး သခင်လှကြိုင် (၂)

မနေ့က ဆရာတစ်ယောက် facebook ပေါ်တင်သင့်တဲ့ သတင်းလေးတစ်ပုဒ် လမ်းစပေးလို့ တင်လိုက်တာ အလဇ္ဇိ ရဟန်းတွေ အကြောင်းချည်းဘဲ ကျနော်ရေးနေတာကို အပြစ်လို့မြင် (ကုသိုလ်အလုပ်မှန်းမသိ/အကုသိုလ်အလုပ်မှန်းမသိ) နေသူတွေရော။ အာဏာပိုင်တွေ လစ်ဟာချက်ကို စောင့်ကြည့်ပြောချင်ကြသူတွေရော၊ တိုင်းပြည်အတွက် တော်လှန်ရေးလုပ်သူတစ်ယောက် ဒီလိုဖြစ်တာ စိတ်မကောင်းဖြစ်သူတွေရော၊ တချို့ကျတော့ အချောင်ရလို့လုပ်တယ်ပေါ့။ ကော့မက် တွေတော်တော်တက်ပြီး စိတ်ဝင်စားတာတွေ့ရတဲ့ အတွက် သတင်း အပြည့်အစုံ အတိအကျ ဆက်လိုက်ဘို့စဉ်းစားမိပါတယ်။
 
ဒီလိုစဉ်းစားနေတုန်းမှာ ရန်ကုန် “ မဇ္ဇျိ မ”သတင်းစာက သတင်းထောက် “ဖိုးစိုးသူ”ကလဲ သခင်လှကြိုင်ဆီလိုက်ပို့ ပါဆိုပြီး ပဲခူးရောက်လာတာနဲ့
 နှစ်ယောက်အတူတူ ပဲခူးတံတားဆီကို ဒီနေ့နေ့လည်(၂)နာရီမှာ
 သွားကြည့်တော့ အဘက မရှိတော့ဘူး။ ဒါနဲ့ အဘနေတယ်ဆိုတဲ့
 အိုးလေးစုရပ်ကွက် ရွှေစေတီ လမ်းသွယ်ဆီ ရောက်သွားခဲ့တယ်။
 အဘဟာ သူမှာရှိတယ်ဆိုတဲ့ (သူ့ဘ၀အတွက် အမှတ်တရ
 ရည်ရွယ်ချက်နဲ့) သိမ်းထားပုံရတဲ့ (တို့ဗမာ အစည်းအရုံး ငွေရတုပွဲ
 ဖိတ်ကြားလွှာ ၁၉၃၅-၁၉၈၅ နဲ့ လွပ်လပ်ရေး မော်ကွန်းဝင်လျှောက်
 ထားလွှာ) တွေကို ထုတ်ပြပါတယ်။ ၁၉၈၅ မှာမှ လျှောက်ထားခဲ့တဲ့ သူ့
 လျှောက်လွှာဟာ ၁၉၈၈ -မ.ဆ.လ ပါတီ နှင့် အတူ တခန်းရပ်သွားခဲ့
 ပါတယ်။ ရွှေတိဂုံ ဘုရားခြေရင်းမှာ လုပ်ခဲ့တဲ့ တို့ဗမာအစည်းအရုံး
 ငွေရတု ပွဲကိုတော့ တက်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

 အဘဟာ အင်္ဂလိပ်ကိုတော်လှန်တဲ့ ရွှေတောင်တိုက်ပွဲမှာပါခဲ့ပြီး 
 ဂျပန် ကိုတိုက်ခဲ့တဲ့ သာယာဝတီ အနောက်ခြမ်းတိုက်ပွဲမှာလည်း ပါ
 ခဲ့ကြောင်း သူ့ရဲ့တပ်ခွဲဗိုလ်ဖြစ်တဲ့ မော်ကွန်းဝင်(ပ)အဆင့် သခင်စော
 က ထောက်ခံထားပါတယ်။
 
သခင်လှကြိုင်ဟာ တော်လှန်ရေးပြီးလို့ လွပ်လပ်ရေးရပြီးတဲ့ အခါမှာ 
 ဟင်္သာတ မှာရှိတဲ့ တပ်ကထွက်ပြီး ဇာတ်အဖွဲ့ ထဲလိုက်ရာကနေ ပဲခူး
 ရောက်ပြီး အိမ်ထောင်ကျရာက သမီးနှစ်ယောက်မွေးခဲ့ပါတယ်။
 သခင်လှကြိုင်ဟာ မိသားစုကို အရွယ်ကောင်းစဉ်မှာ မိမိလုပ်အားနဲ့
 သမာအာဇိဝ ကျတဲ့ ဆေးဆိုးလုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်းတွေနဲ့ ရှာဖွေ
 ကျွေးမွေးခဲ့ပြီး နိုင်ငံတော်ထောက်ပံ့မှု့ရရှိဘို့ မကြိုးစား(သူ့အတွက်လဲ
 မလိုဘူးထင်ခဲ့ပုံရလို့) ခဲ့ပါဘူး။

 အခုတော့ ဒီအရွယ်ကျမှ ဒီလို လုပ်စားနေရတာဟာ အရချောင်လို့
 မဟုတ်ဘဲ (တချို့ ကွန်မက်ပေးသလို) သားသမီးမြေးတွေ အသုံးမကျ/
အချောင်ခိုစားနေတာမဟုတ်ဘဲ အမှန်တစ်ကယ် ဒုက္ခ ရောက်နေတာ။
 မိသားစု အတွက် တိုက်ပွဲ တစ်ခု ၀င်နေတာလို့……. ကိုယ်တွေ့
 မျက်မြင်သုံးသပ်မိလို့စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဆက်လက်တင်ပြပါမည်။ကျေးဇူးတင်ပါသည်။

ကြည်လင်း အား ကျေးဇူးတင်သည်။ 

#iLoveMyanmar #Myanmar #iLoveMM #WeLoveMyanmar 
 အဘ အတွက်  ကူညီပံ့ပိုးပေးလိုသူများ

မြန်မာလူမှုရေးကူညီမှုအသင်း(ဂျာမဏီ) 

ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းတင်ပြအပ်ပါသည် ။

ကိုဘုန်းနိုင်                     015215666033

ကိုစိုးခင်                        017856362872

ကိုအောင်နိုင်ထွေး            015732467626