iMyanmarAds

အသီး အရွက် စားသုံးခြင်းဖြင့် ကင်ဆာနှင့် နှလုံးရောဂါ ကာကွယ် နိုင်

ဆေးရုံ ဆေးခန်းတိုင်း မရှိမဖြစ် ထားရသော ဆေးများထဲတွင် အားဆေးများလည်း ပါဝင်သည်။

အားဆေး များသည် လူတို့ စားသုံးနေကျ အစားအစာများထဲတွင် ပေါလျှံစွာ ပါရှိနေသည်ကို လူတိုင်း မသိကြပေ။ အစာ လည်းဆေး၊ ဆေးလည်းအစာ ဟူသော စကားက သက်သေ ဖြစ်သည်။

ယခု အချိန်ထိ အစာအာဟာရများ ပြည့်စုံစွာ ပါဝင်သော အားဆေးဟူသည် မရှိသေးပါ။ ထို့ကြောင့် အစာ လည်းဆေး၊ ဆေးလည်းအစာ ဖြစ်အောင် အာဟာရ ပြည့်စုံ လုံလောက်စွာ သုံးဆောင်ကြည့်ရန် လိုသည်။ အစားအသောက်မှ ရသော အားဆေးများက ခန္ဓာကိုယ်ထဲမှ အာဟာရဓာတ် စုပ်ယူနိုင်မှု ပိုများ စေခြင်း၊ အစားအစာ၌ ပါဝင်သော အားဆေး ပုံစံ ကွဲပြားနိုင်ခြင်း၊ အခြား အာဟာရ ဓာတ်ကို စုပ်ယူနိုင်မှု လျော့စေ ခြင်းတို့ ရှိသည်။

ရောဂါ တွန်းလှန်သည့် စနစ်သည် အစာ အာဟာရတွင် ရှိပြီး အားဆေး၌ မရှိနိုင်ခြင်း၊ အစာ အာဟာရ၌ ကင်ဆာ၊ သွေးတိုး၊ နှလုံး၊ ဆီးချို ရောဂါများကို ကာကွယ်နိုင်သော သက်စောင့်ဓာတ်များ ပါရှိပြီး အားဆေးမှာ မရှိခြင်းတို့ ဖြစ်သည်။

အားဆေးတွင် အမျှင်ဓာတ် မပါရှိခြင်း၊ လိမ္မော်သီးတစ်လုံး၌ ဗီတာမင် စီ၊ ကယ်ရိုတင်၊ ဖော့စဖိတ်၊ ကယ်လ်ဆီ ယမ်နှင့် အမျှင်ဓာတ် အစုံ ပါရှိသော်လည်း ဗီတာမင်စီ တစ်လုံးတွင် မရှိပါ။ နို့တစ်ခွက်မှာ ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်ပါပြီး ဗီတာမင်စီ၊ ဖော့ဖရပ်နဲ့ မဂ္ဂနီစီယမ် သွားနှင့် အရိုး အတွက် လိုအပ်သော သက်စောင့် ဓာတ်တွေ ပါပြီး အားဆေးမှာ မရှိနိုင်ပါ။

သိပံ္ပနည်းကျ လေ့လာချက်များ အရ အသီးအရွက်၊ အစာအာဟာရ ပုံမှန် စားသုံးသူသည် ကင်ဆာနှင့် နှလုံး ရောဂါ ဖြစ်နိုင်ခြေ နည်းပါးကြောင်း တွေ့ရသည်။ အားဆေးက ထိုမျှလောက် မစွမ်းဆောင်နိုင်ပါ။ မိမိ စားသောက်လိုက်သော အစာမှ အာဟာရဓာတ်များ မလုံလောက်မှသာ ဥပမာ-ကိုယ်ဝန်ဆောင်ချိန်၊ ဖျားနာပြီး နာလန်ထချိန်၊ ကိုယ်လက် လှုပ်ရှားမှု များပြားပြီး ပင်ပန်း နွမ်းနယ်ချိန်၊ အိပ်ရေးပျက်ချိန် များ၌မူ အားဆေးလိုသည်။ အာဟာရ ချွတ်ယွင်းသည့် အချိန် ဆိုသည်မှာ အဆီ အလွန်အကျွံ စားခြင်း၊ အရက် အလွန်သောက်ခြင်း၊ ရောဂါကြောင့် ဆေးဝါး သောက်သုံးရခြင်း၊ နာတာရှည် ရောဂါ ကင်ဆာ၊ ဆီးချို လူနာများမှ ခန္ဓာကိုယ်မှ ဗီတာမင်နှင့် သတ္တုဓာတ်ကို လိုအပ်သလို ကိုယ်အလေးချိန် လျှော့ချခြင်း၊ အစာ မစားနိုင်ခြင်း၊ အစာအာဟာရ မမျှ စားနေရခြင်း တွေကြောင့် အာဟာရ ချို့တဲ့သဖြင့် အားဆေး လိုပါသည်။

သတိပြုရမည့် အချက်က အားဆေးကို ''ကလေး လက်လှမ်း မမီရာ'' နေရာမှာ ထားရမည်။ ဗီတာမင် အေ များရင် အသည်းရောင်ခြင်း၊ အမာရွတ် ထင်စေခြင်း ဖြစ်တတ်သည်။ သံဓာတ် အားဆေးက အူလမ်းကြောင်း နံရံ ပါးစေသည်။ အားနည်းစေသည်။ အာဟာရ ချို့တဲ့မှုကို ဆရာဝန်နဲ့ ပြသပြီးမှ ညွှန်ကြားချက် အရ ဆေး သောက်သင့်သည်။

ရေဆာလျှင် ရေသောက်သင့်သည်။ အချိုရည်ဘူး မသောက်သင့်။ ဘီယာ မသောက်သင့်။ အဝလွန်ခြင်း ဖြစ်စေသည်။ ။