iMyanmarAds

ပြည်ပပညာတော်သင်သွားမည့် နိုင်ငံ့ဝန်ထမ်းများ အာမခံလျော်ကြေး သိန်း ၅၀ ခံဝန်ထိုးရန်မလိုတော့


နိုင်ငံ့ဝန်ထမ်းများအား ပြည်ပသို့ ပညာသင်စေလွှတ်ရာတွင်
ပညာသင်ကြားပြီးနောက် မိခင်နိုင်ငံသို့ ပြန်လာရန် ပျက်ကွက်ပါက
ပညာသင်အာမခံလျော်ကြေး ကျပ်သိန်းငါးဆယ် ပေးဆောင်ရန်
ကတိခံဝန်ချက်ချုပ်ဆိုခြင်းကို ပယ်ဖျက်လိုက်ကြောင်း
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ထုတ်ပြန်သည်။

ထိုနည်းတူ နိုင်ငံခြားပညာတော်သင် နိုင်ငံ့ဝန်ထမ်းများအား
နောက်ကြောင်းရာဇ၀င်စစ်ဆေးခြင်းနှင့် ကျန်းမာရေးဆေးစစ်ချက်များလည်း
ပြုလုပ်ရန်မလိုအပ်တော့ပေ။

ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် နိုင်ငံဝန်ထမ်းများအား
ပညာသင်စေလွှတ်ရာတွင် ပြန်လာရန်ပျက်ကွက်ခဲ့ပါက ကျပ်သိန်းငါးဆယ်ပေးဆောင်ရန်
ကတိခံဝန်ချက်တစ်ခု ချုပ်ဆိုရပြီး ယခုအခါ အဆိုပါခံဝန်ချက်ချုပ်ဆိုခြင်းကိ
ပယ်ဖျက်လိုက်ကာ ပညာသင်များသည် ပြည်ပမှသင်ကြားလာသည့် ပညာရပ်များကို
ပြန်လည်ဆင့်ပွားအသုံးချရန်နှင့် မိမိဝန်ကြီးဌာန၊ အဖွဲ့ အစည်းတွင်
အနည်းဆုံး တာဝန်ထမ်းဆောင်ရမည့် ကာလသတ်မှတ်ချက်ကို သက်ဆိုင်ရာဝန်ကြီးဌာန
လုပ်ငန်းသဘာဝအပေါ် မူတည်၍ သတ်မှတ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ စာထုတ်ခဲ့ခြင်းမှာ
မှန်ကန်ကြောင်း၊ ယခုကဲ့သို့ ပယ်ဖျက်ပေးလိုက်ခြင်းမှာ ယခင်ကထက်များ
စွာကောင်းမွန်လာစေကြောင်း မွေးရေ၊ ကျေးလက်ဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး
ဦးလှထွန်းက အတည်ပြု ပြောကြားသည်။
““တရုတ်အစိုးရရဲ့ မူဝါဒမျိုး မြန်မာအစိုးရကလုပ်ဆောင်တာထင်တယ်
တရုတ်နိုင်ငံမှာ တရုတ်လူမျိုးတစ်ယောက် နိုင်ငံခြားကို ပညာသွားသင်ပြီး
ပြန်မလာရင်လည်းရတယ်။ ဒါကို တရုတ်အစိုးရက တရုတ်လူမျိုး
ပညာတတ်တစ်ယောက်တိုးတယ်ဆိုပြီး ခွင့်ပြုထားတယ်”” ဟု
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင်
အဆင့်မြင့်တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားစိုက်ပျိုးရေးပညာရှင်
ဒေါက်တာထွန်းဝင်းက သုံးသပ်သည်။

ယခင်က ကန့်သတ်ချက်များရှိသဖြင့် ပညာတော်သင်ဆုရရန် ၀န်ထမ်းများက
ကြိုးစားအားထုတ်မှု လျော့နည်းခဲ့ကြောင်း ဒေါက်တာထွန်းဝင်းက ပြောကြားသည်။
““ဖျက်သင့်တာကြာပြီ။ တချို့ဆို ခံရတာဘယ်လောက်များမတရားသလဲ။ သွားရတာ
သုံးရက်၊ တစ်ခါတလေ တစ်ပတ်။ အဲဒီတုန်းက ပြန်လာရန်ပျက်ကွက်တောင် မဟုတ်ဘူး။
ပြန်လာပြီး အလုပ်ထွက်ရင် သိန်းငါးဆယ်တဲ့။ တစ်ပတ်သွားတဲ့သင်တန်း ဘယ်သူမှ
သိန်းငါးဆယ်မရဘူး။ မသွားကြတော့ဘူး။ နောက်ဆို တချို့မသွားချင်ကြတော့ဘူး။
မသွားရအောင် လုပ်လာကြတယ်။ နစ်နာစရာရှိ တိုင်းပြည်ပဲနစ်နာတယ်”” ဟု
နေပြည်တော်စီးပွားကူးသန်းဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်

ပညာသင်အာခံလျော်ကြေးငွေပေးဆောင်ရန် ကတိခံဝန်ချက်ဖြင့် ပညာသင်စေလွှတ်ခဲ့မှု၊
ပြန်လည်သတင်းပို့ရန် ပျက်ကွက်ခဲ့မှုများရှိပါက စာရင်းပြုစုတင်ပြရန်
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက
ပြည်ထောင်စုဝန်ကြီးဌာနအားလုံး(ကာကွယ်ရေးဝန်ကြီးဌာနမပါ)သို့
စာထုတ်ပေးပို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၈ရက်က
စာအမှတ် ၁၉၄၃ ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။