iMyanmarAds

German New Technology..Voice Command နဲ့ ဇာတ်လမ်းတစ်ခုကို ပြောင်းလဲပစ်နိုင်ပါတယ်

လူသတ်ကားထဲမှာ မင်းသမီးနောက် လူသတ်သမားလိုက်လာတုန်း မင်းသမီးလမ်းပျောက်သွားလို့ ရုပ်ရှင်ကြည့်တဲ့သူတွေထဲက တစ်ယောက်ဆီဖုန်းဆက်ပြီး ဘယ်ကိုသွားရမလဲဆိုတာ ကြည့်ရှုသူပရိသတ်က ဆုံးဖြတ်ပေးရတဲ့ဗီဒီယိုပါ.... ရုပ်ရှင်လက်မှတ်နဲ့ ဖုန်းနံပါတ်နဲ့ချိတ်ဆက်ပြီး softwareသုံးပြီး voice command နဲ့ ဇာတ်လမ်းတစ်ခုကို ပြောင်းလဲပစ်နိုင်ပါတယ်... ဖုန်းဆက်ခံရတဲ့ရုပ်ရှင်ကြည့်သူ ဆုံးဖြတ်ချက်ကိုမူတည်ပြီး မင်းသမီးသေမလား...လွတ်မြောက်သွားမလားဆိုတာ ဆုံးဖြတ်သူအပေါ်မှာမူတည်ပါတယ်.... အဆုံးသတ်မျိုးစုံကို ကြိုတင်ရိုက်ကူးထားပြီး ဆုံးဖြတ်သူရွေးတဲ့လမ်းပေါ်မူတည်ပြီး ဇာတ်လမ်းကွဲပြားသွားပုံကို ဒီဗီဒီယိုမှာကြည့်ရှုနိုင်ပါတယ်.... (ဒီနိုင်ငံမှာသာအဲလိုလုပ်ပေးလိုက်လို့ကတော့ ကြည့်ပြီးသူတောင်ခနခနလာကြည့်မလားမသိပါဘူး... ဇာတ်လမ်းအဆုံးသတ်တွေပြောင်းလဲသွားနိုင်လို့လေ...