iMyanmarAds

အလောင်းမင်းတရား၏ ရွှေသဝဏ်လွှာ ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ တွင်ရှိ

ဂျော့ဘုရင်ထံပေးပို့ခဲ့သောအလောင်းမင်းတရား၏
ရွှေသဝဏ်လွှာပုံစံတူအမျိုးသားပြတိုက်သို့ပြန်လှူမည်
 ကုန်းဘောင်မင်းဆက်ကိုတည်ထောင်ခဲ့သည့် အလောင်းမင်း တရားထံမှ ဗြိတိန်အင်ပါယာဘုရင်ဂျော့(၂)ထံသို့ပေးပို့ခဲ့သည့် ရွှေဖြင့်ပြုလုပ်ထားသောသဝဏ်လွှာကို ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ တော်ဝင်စာကြည့်တိုက်တွင်ထိန်းသိမ်းထားရာ ပုံတူပြုလုပ်ပြီး မြန်မာနိုင်ငံအမျိုးသားပြတိုက်
သို့လှူဒါန်းသွားမည်ဟု ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနက
အတည်ပြုခဲ့သည်ဟု Deutchland ဝက်ဘ်ဆိုက်တွင် ယနေ့ဖော်ပြသည်။

အဆိုပါ ရွှေဖြင့်ပြုလုပ်ထားသောသဝဏ်လွှာ(ဝဲပုံ)ကို အလောင်း မင်းတရားက ဂျော့ဘုရင်(၂)ထံ ၁၇၅၆ ခုနှစ်က ပေးပို့ခဲ့ခြင်းဖြစ်သည်။ သဝဏ်လွှာကို ရွှေသားအစစ်ဖြင့် ပြုလုပ်ထားပြီး အရည်
အသွေးမြင့်မား သော ပတ္တမြား ၂၄ လုံးလည်းပါဝင်သည်ဟု
သိရသည်။ သဝဏ်လွှာ အတွင်း၌ အလောင်းမင်းတရားက
နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ချက်များပြုလုပ်
ရန်တိုက်တွန်းသောစာသားများ ရေးသားထားသည်ဟုဆိုသည်။

ရွှေသဝဏ်လွှာပုံတူပြုလုပ်ပြီး မြန်မာ အမျိုးသားပြတိုက်သို့ လှူဒါန်းမည့်
စီအစဉ်အသေးစိတ်ကို အတည်ပြု ခြင်းမရှိသေးသော်လည်း အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ကြိုးစားသွားမည်ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောသည်။