iMyanmarAds

ဂျာမဏီနိုင်ငံ၊ ဖရန့်ဖတ်မြို့နှင့် ရန်ကုန်မြို့တို့အကြား တိုက်ရိုက်ပြေးဆွဲခဲ့သော ကွန်တိုလေကြောင်းလိုင်း


၁။       ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် ဂျာမဏီနိုင်ငံ၊ ဖရန့်ဖတ်မြို့နှင့် ရန်ကုန်မြို့တို့အကြား တိုက်ရိုက်ပြေးဆွဲခဲ့သော ကွန်တိုလေကြောင်းလိုင်း လေယာဉ်စတင်ပြေးဆွဲခြင်း အခမ်းအနားတစ်ရပ်ကို ဖရန့်ဖတ်လေဆိပ်တွင် ပြုလုပ်ခဲ့ပါသည်။ ယင်းဖွင့်ပွဲတွင် ရွှေတိဂုံ ဘုရားပုံ ပုံစံတူ ကိတ်မုန့်အား ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် တက်ရောက်လာသူများအား ဧည့်ခံကျွေးမွေးခဲ့ပါသည်။ အဆိုပါ လေကြောင်းလိုင်း ဖွင့်ပွဲသို့ Mr. Frank Franke နှင့် Marie-Luise Thune တို့ဧ။် ဖိတ်ကြားချက်နှင့်အညီ တက်ရောက်ခဲ့ပြီး သံအမတ်ကြီးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား ခဲ့ပါသည်။ ယင်းလေကြောင်းလိုင်းမှာ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က ထောက်ပံ့ ကူညီမှူများစွာ ပေးအပ်ခဲ့သော Mr. Frank Franke နှင့် Marie Luise Thune တို့မှ ကမကထပြုလုပ်ပြီး နိုင်ငံတော်အစိုးရအသစ် လက်ထပ်တွင် မြန်မာနိုင်ငံသို့ ခရီးသွားများ ပိုမိုအဆင်ပြေ တိုက်ရိုက်သွားရောက်နိုင်ရန် ရည်ရွယ်ပြီး ပြေးဆွဲသော လေကြောင်းလိုင်း ဖြစ်ပါသည်။

၂။       အဆိုပါ လေကြောင်းလိုင်းထူထောင်သူ Mr. Franke မှာ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး ဧရာဝတီတိုင်းဒေသကြီးရှိမြို့နယ်များစွာ တို့တွင် ပျက်စီးမှူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တွင်ကျယ်စွာဆောင်ရွက်နိုင်ရန် ယူရိုငွေ ၁ သန်းကျော်ကိုလည်းကောင်း၊ မုန်တိုင်းဒဏ်ကြောင့် ဆုံးရှူံးသွားသော တံငါသည်များဧ။် အသက်မွေးဝမ်းကြောင်းကို ရှေ့ရှူလျက် ငါးဖမ်းလှေအစင်း (၅၀၀) ကျော်ကိုလည်းကောင်း၊ အခြားသော ပညာရေး၊ ကျန်းမာရေး၊ လူမှူရေးကိစ္စများတွင် လည်းကောင်း လှူဒါန်းမှူပြုခဲ့သူဖြစ်ပြီး ဧရာဝတီတိုင်းမှ ခြေထောက်ပြတ် ဒုက္ခိတလူငယ်လေးတစ်ဦးအား ဂျာမဏီနိုင်ငံသို့ ခေါ်ယူကာ ခြေတုတပ် ကူညီပေးခဲ့သူလည်း ဖြစ်ပါသည်။ ၄င်းသည် အခြားလှူဒါန်းမှူများကိုလည်း ယင်းမြို့နယ်များတွင် အခါအားလျှော်စွာ မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်သည့်အခါတိုင်း လှူဒါန်းမှူပြုနေခဲ့သူတစ်ဦး ဖြစ်ပါသည်။ ၄င်းတို့ မြန်မာနိုင်ငံတွင် လှူဒါန်းမှူပြုခဲ့သည့် မှတ်တမ်းဓါတ်ပုံအချို့ကိုလည်း ပူးတွဲတင်ပြပါသည်။

၃။       ထို့အပြင် အဆိုပါပုဂ္ဂိုလ်မှာ မြန်မာနိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားတို့အပေါ်တွင်လည်းကောင်း၊ မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှု အနုပညာတို့အပေါ် အထူးအလေးထား သူတစ်ဦးဖြစ်ပြီး မြန်မာလူမျိုးတို့ဧ။် ခင်မင်ရင်းနှီးသော ပျူငှာမှူနှင့် ဗုဒ္ဓဘာသာအပေါ် အထူးတန်ဖိုးထားကြောင်း မကြာခဏ ပြောဆိုလေ့ရှိသူတစ်ဦး ဖြစ်ပါသည်။

၎။       ယင်းသို့ မြန်မာနိုင်ငံအပေါ်စိတ်ကောင်းစေတနာ ကောင်းရှိသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် အားလျှော်စွာ ၄င်းကမကထ ပြုသော လေကြောင်းလိုင်းဖွင့်ပွဲတွင်တက်ရောက်လာသူအပေါင်း မင်္ဂလာရှိစေရန်နှင့် ယင်းလေကြောင်းဖြင့် လိုက်ပါမည့် ခရီးသည်အပေါင်း ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း ဆုတောင်းရည်ရွယ်လျှက် မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရှိသော ရွှေတိဂုံစေတီတော်ပုံအား ပုံစုံတူကိတ်မုန့်ပြုလုပ်ပြီး ဧည့်ခံခြင်းဖြစ်ကြောင်း ၄င်းကရှင်းလင်းပြောကြားခဲ့ပါသည်။ ပထမဆုံး စီးနင်းလိုက်ပါခဲ့သူများကိုလည်း ကိုယ်စီလက်ဆောင်ပေးအပ်ခဲ့ပါသည်။

၅.      ၂၀၁၂ ခုနှစ် ကွန်ဒိုလေကြောင်းလိုင်းဖွင့်ပွဲမှာ ပထမဆုံးစီးတဲ့ လေယာဉ်ခရီးသည်များကို
၎င်းအနေဖြင့် မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းဖြစ်ပြီးကတည်းက
အခေါက်ခေါက်အခါခါ သွား ရောက်ကူညီလှူဒါန်းခဲ့ကြောင်း၊ မြန်မာနိုင်ငံသည်
ဗုဒ္ဓဘာသာ ကိုးကွယ်ပြီး ရိုးသားချစ်ခင် စရာကောင်းသည့်
လူမျိုးများဖြစ်ကြောင်း၊ ၄င်းသည် မြန်မာနိုင်ငံကို အခေါက်ခေါက်အခါခါ
သွားရောက်သည့်အခါတိုင်း ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမျှော်ကြောင်း၊
မြန်မာနိုင်ငံမှာ ဘုရားပုထိုးစေတီများ အင်မတန်ပေါများကြောင်း၊
၎င်းတို့အနေနဲ့ မြန်မာလူမျိုးများကို ချစ်ခင်ပြီး ဗုဒ္ဓဘာသာကိုလည်း
လေးစားတဲ့အတွက် ခုပထမဆုံးစီးနင်းမည့် ခရီးသည်များအတွက်
လက်ဆောင်ကိုယ်စီနှင့် အန္တရာယ်ကင်းရှင်းပြီး ခရီးလမ်းချောမွေ့ရန်အတွက်
မွန်မြတ်သော ဘုရားပုံတော်ကိတ်မုန့်ဖြင့် ဧည့်ခံကျွေးမွေးတာဖြစ်ကြောင်း မြန်မာနိုင်ငံရောက်ပါကလည်း ယခုမြင်နေရတဲ. ရွှေတိဂုံ ဘုရားကိုလည်းသွားရောက်ဖူးပါရန်ပြောကြားပြီး မြန်မာလူမျိုးများ နဲ.ခရီးသည်များ အတွက်စေတနာနဲ. တိုက်ရိုက်သွားစေလိုတဲ.အတွက်ကြောင်.အရှုံးခံပေးပြီး ခရီးစဉ်ကိုပြေးဆွဲပေးတာဖြစ်ကြောင်း ရှင်းပြပြီး ပထမဦးဆုံး ခရီးစဉ်မှာ လိုက်ပါသောသူများအားလုံးကို လက်ဆောင်နဲ.အတူမွန်မြတ်စွာတန်ဖိုးထားပြီးဧည်.ခံခဲ.တာဖြစ်ပါတယ်...ရိုင်းဆိုင်းစော်ကားခြင်းလုံးဝမဟုတ်ပါ .....တန်ဖိုးထားပြီး လုပ်ခဲ.ခြင်းဖြစ်ပါတယ် ...

ဒီလိုနိုင်ငံရေးဆန်တဲ. ဘာသာရေးတိုက်ကွက်လုပ်သူများအနေနဲ.အပြစ်ကြီးပါတယ်.....အမှန်တရားသိစေချင်ပါတယ်

ဘာသာရေးကို အမြတ်ထုတ်အသုံးချတာမျိုးမဖြစ်စေလိုပါ။