iMyanmarAds

ဒုတိယဖြူးဆရာတော် ဒေါက်တာအဂ္ဂဝရ၏ ဓမ္မသဘင်

Germany နိုင်ငံသို့ သာသနာပြူ့ခရီးစဉ် ကြွရောက်နေသော ဒုတိယဖြူးဆရာတော် ဒေါက်တာအဂ္ဂဝရ၏ ၂၅.၀၅.၂၀၁၄ ရက်နေ့ တွင်ကျင်းပပြုလုပ်သော ဓမ္မသဘင်ပူဇော်ပွဲ

 

ပထမဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ၏ ဩဝါဒ သာသနာပြု လမ်းစဉ်အရ,,,ဒုတိယ ဖြူးဆရာတော် (ရန်ကုန်မြို့,လှိုင်မြို့နယ် ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် , မရမ်းကုန်းမြို့နယ် ကျောက်ရေတွင်းမြောက်ပိုင်း ရတနာစိန်စည်ပရိယတ္တိစာသင်တိုက် , ဖြူးမြို့ ဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်) တို့၏ ပဓာန နာယကဆရာတော် ဒေါက်တာအဂ္ဂဝရ (ဓမ္မာစရိယ၊M.A.,Ph.D) အရှင်သူမြတ်သည် ၉ ရက်၊မေလ မှ ၆ရက်၊ဇွန်လထိ ဂျာမနီ နှင့် ဥရောပနိုင်ငံများသို့ သာသနာပြူ့ခရီးစဉ် ကြွရောက်လျှက်ရှိပါသည်။ ယခု ဆရာတော်ဘုရားသည် ဂျာမနီနိုင်ငံတွင်းခရီးစဉ်ကြွရောက်နေပြီး ၂၃ ရက်၊မေလ Freitag ညနေပိုင်း၌ Frankfurt သို့ပြန်လည်ရောက်ရှိ၍ ဦးသိန်းယု - ဒေါ်ချစ် မိသားစုနေအိမ်၌ ခေတ္တတည်းခို သီတင်းသုံးလျှက်ရှိနေ ပါသည်။ဆရာတော်သည် ၀၆.၀၆.၂၀၁၄ ရက်နေ့ တွင်၊ မြန်မာနိုင်ငံသို့ ပြန်ကြွမည်ဖြစ်ပါကြောင်း ဒကာဒကာမများကို ၊ အသိပေးအပ်ပါသည်။