iMyanmarAds

နာဂစ် အလှူ မှတ်တမ်း ၂

မြန်မာလူမှုရေးကူညီမှုအသင်း(ဂျာမဏီ)မှ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေ
ကြသော ပြည်သူများကို တတ်နိုင်သော နေရာမှပါဝင်ကူညီပေးကြရန်ရည်ရွယ်ချက်ဖြင့်
Align Centreကိုအောင်နိုင်ထွေး နေအိမ်၌(၁၁.၀၅.၀၈)ရက်နေ့ တွင် လူမှုရေးအစည်းဝေး တခုပြုလုပ်
ခဲ့ပြီ လှူငွေကောက်ခံ ခဲ့ကြရာ ယူရိုငွေစုစုပေါင်း ၄၅၀၀ မြန်မာကျပ်ငွေ ဖြင့် (၇၂သိန်း )
ရရှိခဲ့ပါ သည်။ ၎င်းရရှိထားသောလှူငွေများကို ကိုကျော်သူနာရေးအသင်းကို လှူဒါန်းရန်
အတွက် အဆက်သွယ်ရှာကြရာတွင် လှမြင့်စိုးမှ အင်တာနက် တွင် ကိုကျော်သူ နာ
ရေးအသင်း ကိုကူညီပေးနေသော စင်္ဂပူ အခြေစိုက် ပြည်ပ ရောက် မျိုးချစ် မြန်မာများ၏
လိပ်စာနှင့် ဖုန်းနံပါတ်ရရှိခဲ့သည်။ ၎င်း အဖွဲ့ အစည်း၏အကူညီဖြင့် ကိုကျော်သူ နာရေးအ
သင်း လိပ်စာနှင့် အဆက်သွယ်ရန် ဖုန်း နံပါတ်ရရှိ ခဲ့သည်။ နောက်ထပ်တစ်ကြိမ် ကိုစော
ရှဲ နေအိမ် တွင်လူမှုရေး အစည်းဝေး တစ်ခုပြုလုပ်ပြီ ကိုကျော်သူနာရေးအသင်းကို တိုက်
ရိုက်ဆက်သွယ်ခဲ့ရာ ကိုကျော်သူ၏ ဇနီး မရွှေးဇီးကွက် နှင့်အဆက်သွယ်ရရှိခဲ့၍ အများသ
ဘောတူညီမှုဖြင့် ကိုကျော်သူနာရေးအသင်းကို လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြသည်။ မြန်မာပြည် ကိုကျော်သူနာရေးအသင်း သို့ အလှူငွေရောက်ရှိရေးကို ကိုစိုးခင်မှတာဝန်ယူပြီ ကိုစိုးခင်မိ
သားစုကိုယ်တိုင်(၂၃.၅.၀၈)ရက်နေ့ တွင် ကျပ်ငွေ (၅၃သိန်း ၇သောင်း)သွားရောက်လှူဒါန်း
ခဲ့ပါသည်။ ကိုကျော်သူကိုယ်တိုင် ငွေရရှိကြောင်း မှတ်တမ်းရေး ပေးခဲ့သည်။ ကိုကျော်သူမှ
နာ ဂစ်ဒုက္ခသည်များဆီသို့ အမြန်ဆုံးရောက်ရှိရန် ဆောင်ရွက်ပေးပါမည်ပာု ကိုစိုးခင် မိ
သားစု မှတဆင့် မြန်မာလူမှုရေးအသင်း ကို ကတိပေးခဲ့ပါသည်။ ဂျာမဏီ အလှူရှင်များမှ
ငွေကောက်ခံရသော ကိစ္စ လွယ်ကူသော်လည် မြန်မာပြည်အတွင်းတကယ် လိုအပ် ဒုက္ခ
ရောက်နေသော ပြည်သူ များ နေရာသို့ ရောက်ရှိ ရန် အခက်ခဲများစွာနှင့်အချိန်များစွာ
ကုန်ခဲ့ရပါ သည်။ ကိုကျော်သူ နာရေးအသင်း သို့ လှူဒါန်းလိုက်ရသော ကြောင့်အလှူရှင်
များ လည် များစွာ ပီတိ ဖြစ်ခဲ့ရပါသည် ။ အဘယ်ကြောင့်ဆိုသော် ကိုကျော်သူ နာရေးအ
သင်းသည် ပြည်တွင်း၌ နာဂစ်ဒုက္ခသည် များကိုအမှန်တကယ် ကူ ညီပေးနေသော အဖွဲ့ 
စည်း တခု ဖြစ်သောကြောင့်ဖြစ်ပါသည်။
ဂျာမဏိမှ ယူရိုငွေ (၄၅၀၀) မြန်မာငွေ ဖြစ် ၇၂ သိန်း ရရှိ ၍ ၊ ၎င်းငွေများကို ကိုတင်ထွန်း
မှတဆင့် ကိုစိုးခင်မိသားစု ဆီသို့ ပို့ ခဲ့ပေးပါ သည်။ ကိုတင်ထွန်းမှ မြန်မာကျပ်ငွေ(၁သိန်း)
နှင့် ကိုစိုးခင် မိသားစု မှ မြန်မာ ကျပ် ငွေ (၇ သောင်း)ပါဝင်လှူ ဒါန်းခဲ့သဖြင့် စုစုပေါင်းအ
လှူငွေ (၇၃သိန်း၇သောင်း) ရရှိခဲ့သည်။ ၎င်းရရှိသော လှူ ငွေ မှ သိန်း(၂၀) ကို သာမ
ဏေကျော်ကျောင်းသို့ လှူဒါန်းလိုက်ပြီ ၊ကျန်ငွေ (၅၃သိန်း၇သောင်း) ကို ကိုကျော်သူနာရေး
အသင်း(ရန်ကုန်) သို့ လှူဒါန်း လိုက်ပါသည်။
မိမိပြည်တွင်း မှ ဒုက္ခရောက်အနေသော ပြည်သူလူထုများ၏ ဒုက္ခ ဝေဒနာ ကိုမျှဝေခံစား
လိုစိတ် ရှိကြသောလှူရှင်များ၏ မေတ္တာ နှင့်စေတနာကို လူမှုရေးကူညီမှုအသင်း(ဂျာမဏီ)
မှ အထူး ကျေးဇူးတင်ရှိပါကြောင်း။။။။။။။။။ လူ နတ် ဗြဗ္မာ အပေါင်း သာဓုခေါ်နိုင်ပါစေ။
လူမှုရေးကူညီမှုအသင်း(ဂျာမဏီ)
..............................ကိုစောရှဲနေအိမ်၌ လူမှုရေးအစည်းဝေး..............

..................ကိုအောင်နိုင်ထွေးအိမ်၌ နာဂစ်ဒုက္ခသည်များကိုတတ်နိုင်သည့် ဘက်မှကူညီရန် ဆွေးနွေး......

.........................................................................................................
...........................ကိုစိုးခင်မိသားစုနှင့် ကိုကျော်သူ အမှတ်တရဓါတ်ပုံ။............
........................ကိုစိုးခင် မိသားစုနှင့် ကိုကျော်သူ နာရေးအသင်း(ရန်ကုန်)........
...........ကိုကျော်သူ နာရေးအသင်း မှ နာဂစ်ဒုက္ခသည်များကို ကူညီပေးနေစဉ်....

........................ကိုကျော်သူနာရေးအသင်းမှငွေရရှိကြောင်း မှတ်တမ်းလွှာ...