iMyanmarAds

စစ်တွေတွင် သားမိ သားဖ ၃ ဦး အဆိပ်သောက်၍ အဆုံးစီရင်

သတင်း - နိရဉ္စရာ
ကြာသပတေးနေ့၊ မေလ 28 ရက် 2009 ခုနှစ်

စစ်တွေမြို့ ဘောက်သီးစု ရပ်ကွက်မှ သားမိ သားဖ သုံးဦးမှာ ယနေ့နံနက်က အဆိပ်သောက်ပြီး မိမိကိုယ်ကို အဆုံးစီရင် သွားခဲ့ကြသည်။

အဆုံးစီရင်သွားသူများမှာ ဖခင် ဖြစ်သူ ဦးအောင်လှစိန် (၃၃ နှစ်)၊ သားဖြစ်သူ စောဝင်း (၁၁ နှစ်)နှင့် သမီးဖြစ်သူ အေးစန္ဒာခိုင် (၁ဝ နှစ်) တို့ ဖြစ်သည်။

သူတို့ ဆွေမျိုး တဦးက “တော်တော့ကို ကြေကွဲစရာ ကောင်းတဲ့ အဖြစ်ဆိုးပါ။ အဓိကတော့ ဆင်းရဲမွဲတည်မူရဲ့ ဂယက်ကြောင့် ခုလို အဖဖြစ်သူကို သားနဲ့ သမီးနှစ်ဦးကို အဆိပ်တိုက်တယ်၊ နောက်ပိုင်းမှာ မိမိကိုယ်တိုင်ပါ အဆိပ်သောက်ပြီး သေပွဲဝင်သွားခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယနေ့နံနက် ၁ဝ နာရီခွဲတွင် သားမိ သားဖ သုံးဦးစလုံးကို အဆိပ်သောက်ပြီး ဘောက်သီးစု ရပ်ကွက်တွင် သေဆုံးနေသည်ကို ရပ်ကွက်နေလူထုက တွေ့ရှိခဲ့ကြရသည်။

“ ကလေးတွေရဲ့ မိခင်က ထိုင်းနယ်စပ်မှာ အလုပ် လုပ်နေတယ်။ တနှစ်နေလည်း ပြန်မလာနိုင်၊ နောက်တနှစ် နေလည်း ပြန်မလာနိုင်ဆိုတော့ ကျန်နေခဲ့တဲ့ မိသားစုက စားဝတ်နေရေး အဆင်မပြေတဲ့ အပြင် မိသားစုနဲ့ပါ မတွေ့ဆုံနိုင်တော့ နောက်ဆုံး ခုလို အဆုံးစီရင်သွားကြတာပါ။”

ယခုအခါ အလောင်း သုံးလောင်းစလုံးမှာ စစ်တွေ ဆေးရုံကြီး ရင်ခွဲရုံးသို့ ရောက်ရှိနေပြီး သနားဂရု ဏာသက်သဖြင့် စစ်တွေမြို့သူ မြို့သား အများ အပြား သွားရောက်ကြည့် ရှု့နေကြသည်ဟု သိရသည်။

ဆင်းရဲသားပြည်သူလူထု ရပ်တည်နေရတဲ့ ဘ၀ပာာ တကယ့်ကို သနာစရာကောင်းပါတယ် ။ အခုလို စားဝတ်နေရေး မပြေလည် တာရယ် ၊ တချို့ ကြတော့ မိသားစု နှင့်ရေရှည် ကွဲကွာနေတာတွေ
ကြောင့်မိမိကိုယ်ကို ယခုလို ရွှေးစရာ လမ်းမရှိတော့လို့ လောကကြီးကို အရှုံးပေးသွားကြတဲ့ လူတွေ
ပြည်တွင်းမှာ များစွာတွေ့ နေရပါ တယ်။ ဒါကြောင့် (Social Team) လူမှုရေးလုပ်ငန်းတွေ ပြည်
တွင်းနေရာ အနှံ့ မှာရှိနေကြ မယ်ဆိုရင် ဒီလို လောကကြီးကို အရှုံးပေးနေတဲ့ လူတွေကို ကယ်
တင်နိုင်မှာပါလိမ့်မယ်။