iMyanmarAds

အာဇာနည်ဆိုတာဘာလဲ

အာဇာနည်ဆိုတာဘာလဲ။ ဤမေးခွန်းကိုဖြေရန် မလွယ်ကူလှပေ။ များမကြာမီက ဤစာရေးသူသည် ပညာ ရှိလူကြီး တစ်ဦးနှင့်တွေ့ ၍ ဦးရယ် အာဇာနည်ဆိုတာ ဘာလဲဟုမေးလိုက်ရာ ထိုလူကြီးက စွန့် ရဲသူပေါ့ မောင် ဟုပြန်ဖြေ လိုက် သည်ကိုကြားရပါသည်။ ထိုလူကြီးသည် မေးခွန်းကို ခပ် ပေါ့ပေါ့ ဖြေလိုက်ဟန် တူပါသည်။
စွန့် ရဲသူဟုဆိုလျှင် တစ်ခါတုန်းက စာရေးဆရာကြီး ပီမိုနင်၏သား ကျော်စိုးသည် ရည်းစားလုရာတွင် တစ်ဘက် သားက ဓားမြှောင်နှင့်စောင့်နေသည်ကို အသက်မနှမြောဘဲ အတင်းဝင်လုရာမှ ဓားထိုးခံရ၍ သေသွားသည်။ ဤစွန့် စားသူကို အာဇာနည်ဟုခေါ်ရမည်လော။ မြန်မာသမိုင်းတွင် ထင်ရှားကျော်ကြားခဲ့သော တပင်ရွေထီး၏ နာထွင်းခန်းကို မြန်မာတိုင်းကြားဖူးပေလိမ့်မည်။ ဤ နာထွင်းပွဲကို လိုက်ရန်အတွက် လူစွမ်းကောင်းများကို ဘုရင့် နောင် ကိုယ်တိုင်း ရွှေးချယ်သည်။ လက်မကို အပ်ရိုက်ပြီ သွင်းလိုက်သောအခါ မတွန့် မရွဲ့ သူကိုမှ ရွှေးချယ်
သည်။ ဗလကျော်ထင် ၏ အလှည့်သို့ ရောက်သောအခါ မျက်နှာရှုံ့ လိုက်မိသဖြင့် အပယ်ခံရ၏။ ဗလကျော်ထင် သည် အလွန်ရှက်သွားပြီ သူ့ ခါးထဲမှ ဓားမြှောင်နှင့်သူ့  ဗိုက်ကိုခွဲလိုက်၍ ထွက်လာသောအူစ ကို ဘုရင့်နောင်အား ကိုင်ခိုင်းပြီလျှင် ဘုရင့်နောင်ကို တပတ်ပတ်၏။ အူဆုံးသည့်နေ၇ာတွင် လဲ၍သေလေသည်။ ဤသူကိုလည်း အာဇာနည်းဟုခေါ်မည်လော။ ထိုင်း ကိုတိုက်နိုင်ခဲ့သော ဆင်ဖြူမျာ့ရှင်ကိုပင် ထိုင်းကိုအနိုင်တိုက်ခိုက်နိုင်သည့် အတွက် သူအား အာဇာနည်ဟုခေါ်မည်လော။
ကျော်စိုးတို့ ကဲ့သို့ သော သူကို အာဇာနည်ဟုခေါ်ရမည်ဆိုင်လျှင် ဤကမ္ဘာတွင် မှာရည်စားလု ရင်း သေကြသော အာဇာနည်တွေ ဒုနဲ့ ဒေးဖြစ်၍ နေလိမ့်မည်။
ဗလကျော်ထင်တို့ လို ရှက်ရမ်းရမ်းကာသေကြသူပေါင်းလည် မရေတွက်နိုင်အောင်ပေါများကြပါမည်။ ကိုယ့်ထက် အားနည်းသေးသည့် ထိုင်းနိုင်ငံလိုနိုင်ငံကို နိုင်အောင်တိုက်ခိုက်နိုင်ခဲ့သည့် ဆင်ဖြူမျာ့ရှင် ကို အာဇာနည်ဟုခေါ်ရ မည်ဆိုလျှင် အင်္ဂလိပ်တွေထဲမှာလည်း အာဇာနည်တွေ လက်ညှိုးထိုး၍ လွဲနိုင်မည် မဟုတ်တော့ပေ။သူများ၏နိုင် ငံကို လိုချင်သော လောဘ ဇောက တို့ ကြောင့် ထွက်ပေါ်လာသော သူ၏ သတ္တိ၊စွန့် ရဲသောစိတ် ဓါတ်တို့ မှာအာ ဇာနည်စာရင်းတွင်မ၀င်နိုင်ချေ။ သူတဖက်သား၏ ပစ္စည်းဥစ္စာကို အာသာငမ်းငမ်း တက် လိုချင်ကြသောကြောင့် ထွက်ပေါ်လာသော စွန့် စားကြသည့် စိတ်ဓါတ်နှင့်သတ္တိတို့ ကို သူခိုးဓားပြတွေထဲမှာမကြာခဏ တွေ နိုင်ပေ သည်။ စစ်အနိုင်ရ ကာ လုယက်ရသည်ကို သဘောကျ၍ စစ်ဝင်တိုက်ခိုက်ကြသော အောက်တန်းကျ စစ်သား မျိုးထဲမှာလည်း အဆိုပါ သတ္တိနှင့်စိတ်ဓါတ်မျိုးကို မကြာခဏတွေ့ နိုင်ကြလေသည်။
အာဇာနည်ဖြစ်ချင်လျှင် ဤလိုစွန့် ရဲသော သတ္တိကလေးနှင့် မပြီသေး။ အခြားလက်ရုံးရည်
နှလုံးရည်တို့ လည်းရှိရဦးမည်။ ထိုလက်ရုံးရည် နှလုံးရည်တို့ ထဲတွင် တစ်ခုပါဝင်မှာ အခြား
မပာုတ်။ တာဝန်ကျေပြွန်ခြင်းပင်ဖြစ်လေသည်။ တာဝန်ကျေပြွန်ခြင်း၏ သက်သေ သာဓက
ကလေးကို အနည်းငယ်ထုတ်ဖေါ်ပြပါအံ့။

အိန္ဒယစစ်သူပုန် ဖြစ်ပွားစဉ်က ဗာရာဏသီတွင် အာဇာနည် ထိုက်သည့် အဖြစ်တစ်ခု ပေါ်ပေါက်
ခဲ့ဖူးသည်ထိုအခါ ကုလာသူပုန်များသည် အင်္ဂလိပ်မှန်သမျှကို တွေ့ ရာသင်္ချိုင်း ဓားမဆိုင်းဘဲ ခုတ်ပိုင်းသတ်ဖြတ်လျှက်ရှိရာ အင်္ဂလိပ်မှန်သမျှသည် လွတ်ရာ ကျွတ်ရာသို့  အရအမိ ကသောက
မျှော ထွက်ပြေးတိမ်းရှောင်၍ နေကြရသည်။ သို့ ရာတွင် ဒေါက်တာပေားဆိုသူ အင်္ဂလိပ် ဆရာဝန်
တစ်ဦးမှာကား သူ၏ဆေးရုံး မှတစ်ပါး အခြားကိုမသွား။ သူ၏ မိတ်ဆွေ အင်္ဂလိပ်များက ထွက်ပြေး
ရန် အတင်းလာ၍ ခေါ်သောအခါ ကျုပ်လူမမာတွေ ကျုပ်မရှိရင် သေ ကုန်လိမ့်မယ် ၊သူတို့ ကို
ကျုပ် ပစ်မပြေးနိုင်ဘူး ပာုပြန်ပြော လိုက်လေသည်။ အလွန်ကြည်ညိုဖွယ်ကောင်းသော
အာဇာနည်ကြီးပေတကား။

ငါ ငါ ငါ နှင့် အစွဲကြီး ကြီးနေသော ဤလောကကြီးတွင် အများအတွက် ငါ့တိုင်းပြည်နှင့်လူမျိုးအတွက် အသက်
ကို စွန့် ရဲသည်မှာ သာမည သတ္တိမပာုတ်ပေ။ အာဇာနည်တို့ မှာသာ ရှိနိုင်သော သတ္တိထူး ဖြစ်သည်။ တိုင်းပြည်တစ် ပြည်သည် အခြားအဘက်ဘက်၌ မည်မျှတောင့်တင်း ခိုင်လုံသည် ဆိုစေကာ ဤအာဇာနည် သတ္တိ နှင့် စိတ်ဓါတ်တို့ ချို့ ယွင်းခေါင်းပါးနေမည်ဆိုလျှင် လွှတ်လပ်စွာကြာရှည် တည်မြဲနိုင်မည်မပာုတ်ချေ။
သို့ ဖြစ်သောကြောင့် ကိုယ့်လူမျိုး နှင့်ကိုယ့် တိုင်းပြည်၏ လွှတ်လပ်ရေးကို ချစ်မြတ်နိုးကြကုန်သော တိုင်း သူပြည်သားများသည် သူတို့ ကိုယ်တိုင်က အာဇာနည်တို့ ကဲ့သို့  မစွန့် စားသည့်တိုင်အောင် စွန့် စားရဲသော အာဇာနည်တို့ ကို ထိုက်သည့် အာလျော်စွာ ချီးကျူးကြရန်ကား လက်မနှေးကြပေ။
သူ့ တိုင်းသူ့ ပြည်သား တွေ အသက်ဘေးမှ ချမ်းသာ ရာရအောင် သူ့ အသက်ကို စွန့် သွားရှာသော အသီးနီ
ယန်ဘုရင်ကြီး ကိုဒရပ် ကို သူ့ တိုင်းသူပြည်သားများသည် ယနေ့ တိုင် ချီးကျူး ပူဇော်လျှက်ရှိကြသည်။
ဆက်လက်ဖေါ်ပြပါဦးမည်။------စာပေလောကစာအုပ်မှ