iMyanmarAds

အသင်း၏ တိုးတက်ရေး ဆွေးနွေးပွဲ

ဒီနေ့ (၇.၆.၀၉) လူမှုရေးအစည်းဝေးကို၊ ကို အောင်နိုင်ထွေး၏ နေအိမ်တွင် ပြုလုပ်ကျင်းပခဲ့ ပါသည်။
အဓိကဆွေးနွေးသည့် အကြောင်းအရာကတော့ အသင်း၏ အနာဂါတ်တိုးတက်ရေးအတွက် မရှိ မဖြစ်လိုအပ်နေသော Verein တင်သည့် ကိစ္စကို ဆွေးနွေးခဲ့ကြပါသည်။ Verein တင် ဖြစ်ရန်အတွက် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပါ သည်။ ဒီနေ့ မှာ Verein တင်ရန်အတွက် အားလုံး သဘောတူ ညီမှုရ ရှိခဲ့ကြပါသည်။
အသင်း၏အနာဂါတ် တိုးတက်ရေး၊ အသင်းသားများနှင့် အလှူရှင်အသစ်များရရှိရေး၊ ဒုက္ခရောက်နေ
သော ပြည်တွင်း မှနေရာများကို ပို၍ ထောက်ပံ့နိုင်ရေး နှင့် နေရာသစ် များရှာဖွေရေး၊ စသည့်တို့ ကို
ိလဲ ဆွေးနွေးခဲ့ကြပါသည်။အသင်း၏ အဓိက ဖြစ်သော အသင်း၏ စည်းကမ်းလိုက်နာရေး၊ အစည်း ဝေးအချိန်ကို လေးစားရေး နှင့် မိမိတာဝန်ကို ကျေပြွန်ရေး၊ တို့ ကိုလဲ အဓိကထား၍ ဆွေးနွေးခဲ့ကြပါ
သည်။
နောင်လာမည့် အနာဂါတ်အစည်းဝေးများမှာ၊ အသင်းသားများနှင့် အလှူရှင်များ တက်ရောက် ဆွေး
နွေးအကြံပြု နိုင်ရန်လဲ ကြိုးစားသွားကြပါမည်။ ဤအသင်းသည်၊ အသင်းသားများနှင့် အလှူရှင်များ၏ အလှူဒါနများဖြင့် ရပ်တည်နေသော အသင်းတစ်ခု ဖြစ်ပါသောကြောင့်၊ အသင်းသူအသင်းသားများနှင့် အလှူရှင်များကို အထူးကျေးဇူးတင်ပါသည်။