iMyanmarAds

ပိတောက်ရွှေဝါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း




ပိတောက်ရွှေဝါဘက်စုံပြုပြင်ရန်နှင့် စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ရန်ရည်ရွှယ်၍ လူမှုရေး
အသင်းကိုယ်းစား၊ အမှုဆောင် ကိုချမ်းကိုယ်တိုင် ဤကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။
ဆရာတော်ကြီးမှာ၊ မထင်မှတ်ဘဲ ရုတ်တရက် လာရောက်လှူဒါန်းသော လူမှုရေးအသင်းသူအသင်း
သားများကို များစွာကျေးဇူးတင်ပါကြောင်း ကိုချမ်းအားပြောကြားခဲ့ ပါသည်။ နောင်လဲဘဲ ဒီထက်တိုး
၍အများအကျိုးကို၊ သယ်ပိုး ၊ လှူဒါန်းနိုင်ပါစေလို့ ဆရာတော်ကြီးကဆုတောင်းပေးပါသည်။ဆင်းရဲ
သား ပြည်သူများသည်၊ စားဝတ်နေရေးမပြေလည် သောကြောင့် မိမိတို့ ၏ သားသမီးများကို နီးစပ်
ရာ ဘုန်းတော် ကြီးသင်ပညာရေးကျောင်းကိုသာ အားကိုးနေရသော အချိန်အခါဖြစ်ပါသည်၊ ထို့ 
ကြောင့် ဤနေ ရာတွေကို ထောက်ပံ့လှူးဒါန်းခြင်းသည်၊ မိမိနိုင်ငံ၏အကျိုးကို သယ်ပိုးနေတာနှင့်
တူပါသည်။ လူမှုရေးအသင်းမှ လှူဒါန်းရန်နေရာအသစ်များကို ၊ အမြဲတမ်း ရှာဖွေနေပါသည် ။
မည်သူမဆို မိမိနှင့်နီးစပ်ရာ၊ ပတ်သက်ရာ၊ အကူညီလိုအပ်နေသောနေရာများတွေ့ ရှိထားလျှင်
ကျေးဇူးပြု၍ ဆက်သွယ်ကြောင်းကြားနိုင်ပါသည်။Contact