iMyanmarAds

မြန်မာခလေးများ နှင့် ဂျာမဏီခလေးငယ်များရဲ့ အနာဂါတ်

အနာဂါတ်မဲ့နေကြတဲ့ ကလေးငယ်များရဲ့ ဘ၀ကို တွေးမိတိုင်း စိတ်မကောင်းဖြစ်မိပါတယ်။
စိတ်မကောင်းဖြစ်နေတာနဲ့ မပြီးသေးပါ၊ ဤကလေးတွေရဲ့ အနာဂါတ်သာယာစေဘို့ 
တစုံတခုလုပ်ပေးရန်အတွက် ကျွန်တော်တို့ ပြည်ပရောက်ညီအစ်ကိုများမှာ တာဝန်ရှိပါတယ်၊
ကူညီထောက်ပံ့နိုင်မယ်လို့ လည်း တွေးမိပါတယ်။ ဤကလေးတွေမှာ မရှိမဖြစ် အဓိက
လိုနေတာကတော့ ပညာရေးနှင့် ကျန်းမာရေး ဖြစ်ပါတယ်။ လူမှုရေးအသင်းအဖွဲ့ များသည်
ဤကလေးတွေ အတွက် မြေသြဇာကောင်းသဖွယ် ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါသည်။

လမ်းဘေးရောက်နေကြတဲ့မြန်မာခလေးငယ်များရဲ့ ဘဝ


ဂျာမဏီမှာ ခလေးငယ်များ အတွက် နွေရာသီပျော်ပွဲရွှင်ပွဲတော်တခု။

ဂျာမဏီနိုင်ငံမှာ ခလေးတွေပာာ သူတို့ နိုင်ငံရဲ့ အနာဂါတ်ပန်းပွင့်ကလေးတွေဖြစ်တာ
ကြောင့် ခလေးတွေကို ဂရုတစိုက် ပြုစုပျိုးထောင်ကြပါတယ်။ သူတို့ ခလေးတွေကို ကမ္ဘာ့အဆင့်မှီအောင်ပညာတွေသင်ပေးကြတယ်။ သူတို့ ခလေးတွေပာာ တနေ့ ကြ
လျှင်သူတို့ နိုင်ငံရဲ့ ခေါင်းဆောင်ကောင်းတွေဖြစ်လာကြလိမ့်မယ်လို့ ယုံကြည်ကြတယ် ။
မြန်မာ ခလေးတွေကတော့ ပညာသင်ကြားရမည့်အချိန်မှာ အခုလို လမ်းဘေးမှာ
ရောက်နေကြ တာပာာ လက်ရှိအချိန်မှာလဲ တိုင်းပြည်အတွက် ရှုံးဆုံးမှုဖြစ်ရသလို
အနာဂါတ်မှာလဲ ရှုံးဆုံးမှုတွေများစွာဖြစ် ရပါတယ်။ ပညာမဲ့သည့်တိုင်းပြည်မှာ လူ့ 
အခွင့်ရေးနှင့်ပြည်သူကို ချစ်သော အစိုးရပေါ်ထွန်းရန် တကယ်ကို ခက်ခဲ လှပါတယ်။
ဒါကြောင့်တိုင်းပြည်တစ်ခု မှာ ပညာတတ် ပညာရှင်တွေ များစွာ လိုအပ်သည့်အတွက်
ပညာရေးသည် တိုင်းပြည်၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်မည်ပာုယုံကြည်ပါသည်။