iMyanmarAds

မျှော်လင့်ချက်နှင့်အလိုဆန္ဒ

မျှော်လင့်ချက်တွေ၊ အလိုဆန္ဒတွေဆိုတာ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကြောင့်
ဦးနှောက်ထဲက ဖြစ်ပေါ်လာရတာ။ အများစုက ကိုယ့်ရဲ့ရင်ထဲက အစစ်အမှန်
လိုလားတောင့်တမှုကိုတော့ ကြည့်မြင်ဖို့ မေ့လျော့နေတတ်ကြတယ်။ အဲဒီ
တော့ ကိုယ့်လိုချင်တာတွေကိုရဖို့အတွက် သူတို့ရဲ့လွတ်လပ်ပျော်ရွှင်မှုတွေကို
စတေးပစ်ကြရတယ်။ လိုချင်တာတွေ ရတော့ကော စိတ်ချမ်းသာမှုရှိရဲ့လား။
ပိုင်ဆိုင်မှုတွေ များလာရင် ဆုံးရှုံးရမှာကို ကြောက်ရွံ့လာတယ်။ ပူပင်သော
ကတွေ ကြီးမားလာတယ်။ လူတွေဟာ ဘ၀အတွက် ပြည့်စုံမှုတွေ တောင့်တ
ကြတယ်၊ တောင်းဆိုကြတယ်။ ကိုယ်လိုချင်တာတွေရပြီး ပြည့်စုံမှုတွေရှိသွား
ရင်ပျော်ရွှင်သွားကြလိမ့်မယ်လို့ထင်တယ်။ ဒါပေမဲ့ လူအများစုဟာ ကိုယ်
ဘာ ဖြစ်ချင်တာလဲ၊ ဘာကို လိုချင်တာလဲဆိုတဲ့ ကိုယ့်ရဲ့ ခံစားမှုအစစ်အမှန်
ကို နားလည်အောင် မကြိုးစားကြဘဲ လမ်းလွဲလိုက်ရင်း သူတို့ရဲ့ တန်ဖိုး နှင့်
ရှိတဲ့အချိန်တွေကို အလဟဿ ကုန်ဆုံးသွားခဲ့တယ်။ နားလည်ပါ ကြိုးစား
တဲ့သူတိုင်းအတွက် နေရာတစ်နေရာ အမြဲရှိနေမှာပါ။ နေတတ်အောင် နေဖို့
လိုသလို နေချင်တဲ့နေရာ ဖြစ်ဖို့လည်း လိုတယ်လေ။