iMyanmarAds

အင်ဒိုနီးရှားမှ အန္တရာယ်အကြီးဆုံး မီးတောင်












ကမ္ဘာပေါ်တွင် အန္တရာယ်အကြီးဆုံး မီးတောင်တစ်လုံးအဖြစ် တည်ရှိနေသည့်
အင်ဒိုနီးရှားနိုင်ငံမှ ကရာကာတိုဝါမီးတောင်တစ်ကျော့ပြန်လှုပ်ရှားပြီးလိမ္မော်
ရောင်မီးချော်ရည်များ စီးကျနေသည်ကို အဝေးမှ တွေ့မြင်ရပုံ။












မီးခိုးအူထွက်နေသည့် ချိန်ကိုက်ဗုံးဟု တင်စားခေါ်ဝေါ်ကြသည့်အဆိုပါမီးတောင်
သည် အမြင့်ပေ (၁၂၀၀)ကျော်မြင့်ပြီး လွန်ခဲ့သော(၁၂၆)နှစ်ကကဲ့သို့ ကမ္ဘာတစ်
ခုလုံး တုန်လှုပ်ခြောက်ခြားစေလောက်သည့်ပေါက်ကွဲမှုကြီးမျိုး နောက်တစ်ကြိမ် ဖြစ်လာမည်ကိုပညာရှင်များကစိုးရိမ်နေသည်။
ထိုမီးတောင်သည် (၁၈၈၃)ခုနှစ်၊ မေလ(၂၀)ရက်နေ့က နောက်ဆုံးအကြိမ်ပေါက်
ကွဲခဲ့ရာ မြို့ရွာ(၁၆၅)ခု ပျက်စီးပြီး လူပေါင်း(၃၆၀၀၀)ကျော်အသက်ဆုံးရှုံးကာ
မီးတောင်ပေါက်ကွဲမှုကြောင့်ရာသီဥတု ဖောက်ပြန်မှုကို(၅)နှစ်မျှ ကြုံတွေ့ခဲ့ရသည်။
ကျွမ်းကျင်သူများက ထိုစဉ်က ပေါက်ကွဲခဲ့သည့် ပြင်းအားသည် ဒုတိယကမ္ဘာစစ်အ
တွင်း ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ပေါ်သို့ အမေရိကန်တို့ ကြဲချခဲ့သည့် နျူကလီးယားဗုံး
ထက် အဆ(၁၃၀၀၀)ထိ ပိုပြင်းကြောင်း တွက်ချက်ဖော်ပြထားသည်။
ထိုမီးတောင် ပေါက်ကွဲမှုကို ကရာကာတိုဝါကျွန်းနှင့် (၇)မိုင်အကွာမှဂျာမန်သင်္ဘော
အဲလိဇဘက်က တွေ့ရှိခဲ့ပြီး ချော်ရည်နှင့်ပြာများသည် ကောင်းကင်သို့ (၂)မိုင်မျှအ
ထိ မြင့်မားစွာ ထိုးတက်သွားကြောင်း ကမ္ဘာသို့အစီရင်ခံခဲ့သည်။ မီးတောင်ပေါက်ကွဲ
သည့် အသံကို မိုင်(၁၉၀၀)ဝေးသည့်ဩစတြေးလျနိုင်ငံ ပါ့သ်မြို့နှင့် မိုင်ပေါင်း(၄၅၀၀)
ကျော်ဝေးသည့် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တို့မှ ကြားခဲ့ရသည်။
(၁၉)ရာစု၏ အဆိုးရွားဆုံး ပေါက်ကွဲခဲ့သော မီးတောင်တစ်ခုဖြစ်သည့်ကရာကာတိုဝါ
သည် ရာစုနှစ် (၂)ခုကို ကြုံဆုံခဲ့ပြီးနောက် ယခုအခါ ပြန်လည်အသက်ဝင်ကာ ချော်
ရည်များ စီးထွက်လျက်ရှိပြီး လိမ္မော်ရောင်တောက်ပသည့် မီးရဲရဲ ကျောက်ရည်ပူများ
အား အဝေးမှပင် မြင်နိုင်သည်။
မီးတောင်သည် (၂၀၀၇)ခုနှစ်က တစ်ကြိမ်လှုပ်ရှားခဲ့သော်လည်း နောက်ပိုင်းတွင်ပြန်
လည်ငြိမ်သက်ခဲ့သဖြင့် ကျွန်းသားများက စိုးရိမ်စိတ်လျော့နည်းနေသော်လည်း ယခု
အခါ ပြန်လည် အသက်ဝင်လာခဲ့ပြီဖြစ်သည်။
ထိုမီးတောင်သည် မူလက (၂၆၆၇)ပေ မြင့်သော်လည်း မီးတောင်ပေါက်ကွဲစဉ်ပင်လယ်ရေမျက်နှာပြင်အောက်သို့ ပေပေါင်း(၈၂၀) ကျွံဝင်သွား
ခဲ့သည်။ မှတ်တမ်းများအရ မီးတောင်ပေါက်ကွဲမှုကြောင့် ပေ(၁၃၀)မြင့်သည့် ဆူနာမီ
ရေလှိုင်းကြီးများလည်း ပေါ်ပေါက်ခဲ့သေးကြောင်း သိရှိရသည်။