iMyanmarAds

သာမာန်အလှူထက် သာလွန်တဲ့ မပာာဒါန(ဒေါက်တာ မင်းတင်မွန်)
ငါးပါးသီလဆိုတာ သီလတင်မကဘူး၊ သာမာန်အလှူဒါန တို့ ထက် အဆသိန်းသန်းမက
မြင့်မြတ်သော မပာာ ဒါန အလှူဖြစ်ပါသည်၊ ဘာဖြစ်လို့ လဲ။
ငါးပါးသီလစောင့်ထိန်းခြင်းပာာ၊ အတိုင်းမသိ ရှိရှိသမျှ သတ္တ၀ါတို့ ကို ဘေးမရှိခြင်း၊ ရန်မရှိ
ခြင်း၊ ကြောင့်ကြစိုးရိမ်မှုမရှိခြင်းတို့ ကို ပေးလှူသည် မည်တယ်၊ ဒါကြောင့် မပာာဒါန
လို့ မည်ပါတယ်။ ကမ္ဘာလူသား အာလုံးတို့ ကသာ ငါးပါးသီလစောင့်ထိန်းကြမည်ဆိုလျှင်၊
ဘယ်မြို့ ဘယ်အရပ် ဘယ်ဌာနသို့ ဘယ်အချိန်မှာဘဲ သွားသွား ကိုယ့်ကို အန္တာရယ်ပြုမည့်
သူ၊ ကိုယ့်ပစ္စည်းကိုခိုးမည့်သူ၊ ကိုယ့်ဇနီးသာသမီးကိုဇော်ကားမည့်သူ၊ ကိုယ့်ကိုလိမ်ညာမည့်
သူ၊ မရှိတော့သည့်အတွက် ဘာစိုးရိမ်ကြောင့်ကြစရာမလိုတော့ဘူး၊ ကမ္ဘာငြိမ်းချမ်းရေးဆိုတာ
လည်း ချက်ချင်းအကောင်အထည်ပေါ်လာလိမ့်မယ်။ ဒါနပြုတယ်ဆိုတာ သူတစ်ပါးတို့ ရဲ့ နေ
ထိုင်မှု အဆင်ပြေအောင် အနည်းအကျဉ်း အကျိုးပြုခြင်းသာဖြစ်ပါတယ်၊ ငါးပါးသီလစောင့်
ထိန်ခြင်းသည်၊ သူတစ်ပါးတို့ ရဲ့ အသက် စည်းစိမ်း၊ ဘေးကင်းမှု စိုးရိမ်းကြောင့်ကြကင်းမှု
တို့ ကို ပေးလှူခြင်းဖြစ်လို့  သာမာန် အလှူဒါန ထက်အဆများစွာ သာလွန်မြင့်မြတ်ပါတယ်။
မြတ်စွာဘုရားက ခဲလုံးတစ်လုံးကောက်ယူပြီး လေးကျွန်းလုံးကို အစိုးရတဲ့ စကြာမင်းရဲ့ စည်း
စိမ်းဆိုတာ ပောာဒီ ခဲလောက်ပဲရှိတယ်၊ ငါးပါးသီလဆိုတဲ့ မပာာဒါနပြုတဲ့သူ ခံစားရမယ့် စည်း
စိမ်းကတော့ ပိာမ၀န္တာတောလောက် ကြီးကျယ်ပေတယ် လို့ ရှင်းပြတော်မူပါတယ်။
ကျွန်တော်ရဲ့ အမြင်
မြန်မာဗုဒ္ဓဘာသာဝင်အများစုသည် သီလစောင့်ထိန်းခြင်း နည်းပါးပြီး၊ လွယ်ကူသော အလှူကို
တာဦးစားပေးပြုလုပ်တာများစွာတွေ့ ရပါတယ်၊ တချို့ သောသူများဆိုလျှင်၊ အတုကို အစစ်၊
အဆိုးကိုအကောင်းပာု ဆို၍ လိမ်ပြီးညာပြီးရောင်းဝယ်တွေပြုလုပ်ကြသည်၊ ဒီထက်ဆိုးလှသည်မှာ
လူညွန့် တုံးစေသော မူးယစ်ဆေးဝါးများကိုရောင်းဝယ်ပြုလုပ်ပြီးငွေရှာကြသေးသည်၊ ဤသို့ ရ
လာသော မသန့် ရှင်းသော ငွေများဖြင့် အလှူဒါနပြုကြပါသည်၊ မပာာသီလကုသိုလ်ကို ဖျက်
ဆီးခံပြီး၊ သာမာန်ကုသိုလ်ကိုပြုကြပါသည်၊ တန်ဖိုးနည်းတာကိုယူပြီး၊ တန်ဖိုးများတာကို ပစ်
လိုက်တာပာာ တကယ်ကိုဝမ်းနည်းစရာကောင်းလှပါတယ်၊ သံသရာခရီးမှာလည်း သုခ(ချမ်းသာ
မှု)တွေ နည်းပါးပြီး၊ ဒုဂ္ဂတိ(ဆင်းရဲမှု)ကအကျိုးပေးများပါလိမ့်မည်။ ရှေးလူကြီးပညာရှိတို့ ပြော
သော စကားတစ် ခွန်းကြားဖူးပါသည်၊ သေးငယ်သော အပ်ဝင်ပြီး ကြီးမားသောပေါက်ဆိန်ထွက်
ဆိုတာပါ။
ကျွန်တော်ရဲ့ အမြင်မှာ ရေးသားမှုများ မှားပါခဲ့လျှင် စာရေးသူ၏အပြစ်သာဖြစ်ပါသည်။