iMyanmarAds

မိဘမဲ့လေးဘ၀ မှ ၀န်ကြီးဖြစ်လာသူ

Dr PHILIPP RÖSLER


ဘ၀အစမလှခဲ့သူလေး
၁၉၇၃ ဗီယက်နမ် စစ်ပွဲကာလအတွင်းမွေးဖွားခဲ့သူ။မိဘနှစ်ပါးစလုံး စစ်ပွဲကာလအတွင်းသေဆုံးသွား ပြီး သူ့ကို တစ်စုံတစ်ယောက်က
Catholic မိဘမဲ့ဂေဟာတို့ပို့ဆောင်ခဲ့သည်။

ကံကောင်းခြင်းကစမယ်ရှိသေး မပြည့်စုံမှုကစ
( ၉ ) လသားအရွယ် ဂျာမနီကမွေးစားမိဘကခေါ်ဆောင်လာ၍ Niedersachsen
ပြည်နယ်သို့ရောက်လာပြီး လူရယ်လို့စသိစ မိဘ နှစ်ပါးနှင့်စပျော်မယ်ရှိသေး
အနောက်တိုင်း တို့ရဲ့ထုံးစံအတိုင်း သူ ( ၄ )နှစ်အရွယ် မှာကွဲပြန်ကော
သူ့ဘ၀ဟာ မိဘမဲ့ဘ၀ ကစပြီး တစ်ခါ ဒုတိယအကြိမ် မိဘမစုံလင်တဲ့ဘ၀ရောက်ခဲ့ရ
ပြန်တယ်၊

မွေးစားဖခင်လက်ထဲတွင်ကြီးပျင်းလာကာ ဖခင်၏ ကြင်နာယုယမှု ဖခင်၏သွန်သင်ဆုံးမမှု
အောက်မှာ ကြီးပြင်းလာသူ
သူရဲ့ပညာရေးနဲ့ သင်ယူ လုပ်ကိုင်ခဲ့တာသိချင်ရင် http://www.philipp-roesler.de/
မှာကြည့်

မွေးသည့်နှစ်တာ အတိအကျသိပြီး မွေးရက် မသိလို့ Feb 25 လား 27 လား အတိမကျမသိ၍
Feb 24 1973 လို့ မှတ်ပုံတင်ခဲ့ရသူ ခုတော့ ကျွန်တော်တို့နေထိုင်ရာ ဂျာမနီ ရဲ့ ကျန်းမာရေး
ဝန်ကြီး ရာထူးကို ၂၈.၁၀.၂၀၀၉ မှစတင်တာဝန်ယူဆောင်ရွက်နေပြီဖြစ်သည်၊သူအတွက်ဂုဏ်ယူ
မိသလို၊သူ့ဘ၀လေးဟာ သနားစရာကောင်းသလောက် ကြိုးစားမှုကိုအားကျအတုယူသင့်ကြောင်း
ထို့အတူ အမိ တိုင်းပြည် မှမိဘမဲ့ဒုက္ခရောက်နေသောခလေးများအားလဲ ကျွန်တော်တို့တွေ တတ်နိုင်သမျှ ပိုမို ကူညီကျရအောင်လို့ တိုက်တွန်းရင်း

ဗိုလ်ဒေး