iMyanmarAds

သုခ ကုသိုလ်ဖြစ်ဆေးခန်း(ကျော်သူဆေးပေးခန်း)

မိမိကိုယ်ကျိုးစွန့် ပြီး အများအကျိုးကိုသယ်ပိုးနေတဲ့ ကိုကျော်သူဦးစီးပြီးဖွင့်လှစ်ထားသော
သုခကုသိုလ်ဖြစ် ဆေးပေးခန်းဖြစ်ပါသည်။ မိမိနာမည်ကျော်ကြားခဲ့ တဲ့အနုပညာ ရုပ်ရှင်
လောက ကို စွန့် လွှတ်ပြီး အခုလို အများအကျိုးကို ဦးစားပေးပြီး လုပ်ဆောင်နေ တဲ့  ကို
ကျော်သူ ကို လေးစားဂုဏ်ယူမိပါသည်။ မြန်မာလူမှုရေးအသင်း(ဂျာမဏီ)မှ ပထမအကြိမ်
ကိုကျော်သူ နာရေးအသင်း (ရန်ကုန်) သို့  (၅၃)သိန်းကျော် လှူးဒါန်း ခဲ့ပြီး၊ အခု ဒုတိယ
အကြိမ် သုခ ကုသိုလ်ဖြစ်ဆေးပေးခန်း သို့  (၁၇.၁၂.၀၉) မှာ (၁၀)သိန်းကျော် လှူဒါန်းခဲ့ပါ
သည်။ ဂျာမဏီနိုင်ငံရောက်ညီအကိုမောင်နှများ သီးသန့် လှူဒါန်း လိုသော အလှူရှင်များရှိ
လျှင် မြန်မာလူမှုရေး အသင်းမှ ကူညီဆောင်ရွှက်ပေးနေပါသည်။ အကြောင်းအမျိုမျိုးကြောင့်
ဒုက္ခရောက်နေကြတဲ့ အမိမြေမှ ဆင်းရဲသားပြည်သူများကို ညီကိုမောင်နှမစိတ်ဓါတ်တို့ ဖြစ်
ဝိုင်းဝန်းကူညီကြပါရန်လဲ မြန်မာလူမှုရေးအသင်းမှ တိုက်တွန်းပါရစေ....