မြန်မာ့လူမှုရေးအသင်းမှဦးစီးကျင်းပသည့် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့်မိဘမဲ့ခလေးရံပုံငွေ ပွဲတော်မှ ရရှိလာသောအမြတ်ငွေများမှ မြန်မာငွေ ၁၂၅၀၀၀၀ (ကျပ်ငွေ ဆယ့်နှစ်သိန်းငါးသောင်း)ကို သုခရိပ်မြုံ ( AIDS ရောဂါဝေဒနာခံစားရနေသော မိဘမဲ့ခလေး) ဂေဟာသို့ လှုဒါန်း လိုက်ပါသည်။
မိမိတို့ ၏ အမိနိုင်ငံအတွင်းမှာ ဒုက္ခရောက်ရှိနေကြသောရောဂါဝေတနာရှင်များ၊ ပညာသင်ကြားရန် အတွက်ငွေကြေးမတတ်နိုင်သောခလေးငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့်ဒုက္ခရောက်နေကြ
သော ပြည်သူလူထုများစွာတို့ ကို၊ စေတနာရှင်များ တို့ ၏ စိတ်နှလုံးတွင်းမှပေါ်ပေါက်လာသော
ကိုယ်ချင်းစာနာစိတ်၊ ၀ိုင်းဝန်ကူညီလှူဒါန်းလိုသောစိတ်တို့ သည် အတိုင်းမသိအကျိုးကျေးဇူး ကြီးမားပါကြောင်း၊ ဘာသာအသီးသီးတို့ ၏သွန်သင်ဆုံးမထားသောစာအုပ်စာပေများမှာဖေါ်ပြထား
သည်ဖြစ်သောကြောင့် ဤကဲ့သို့ သောအလှူဒါနသည် လူမျိုးဘာသာမရွှေးပါဝင်လှူဒါန်းနိုင်ပါကြောင်း
မိမိတို့ မြန်မာလူမှုရေးအသင်းမှ တိုက်တွန်းနှိုးဆော်အပ်ပါသည်...