မိမိတွင် HIV ပိုးရှိနေမှန်း သိလျက်နှင့် အမျိုးသားများအား အသိမပေးဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံ ခဲ့သော No Angels အဆိုတော်မလေး Nadja Benaissa ထောင်ဒဏ် မှ ကင်းလွတ်ခွင့် ရရှိသွားပြီဖြစ်သည်။
အသက် ၂၈ နှစ် ရှိ သူမသည် အကယ်၍ တစ်စုံတစ်ဦးအား ရောဂါပိုးကူးဆက်ရန် ရည်ရွယ်ချက် ရှိရှိ ပြုလုပ်ခဲ့ကြောင်း ပြစ်မှုထင်ရှားသော်ရှားသော်လည်း အများဆုံး ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံရနိုင်ခြင်းကို ရှောင်လွှဲကာ ဆိုင်းငံ ထောင်ဒဏ် ၂ နှစ်နှင့်
ပြည်သူ့အကျိုးပြု လုပ်ငန်း နာရီ ၃၀၀ ဆောင်ရွက်ရန်သာ ပြစ်ဒဏ်ချမှတ်ခံရသည်။
Darmstadt တရားရုံးမှ အစိုးရရှေ့နေ ပီတာလီဆန်ဖီး က သူမသည် အပြစ်ရှိကြောင်း ၀င်ခံခဲ့သလို သူမ အမှားကိုလည်း သိမြင်နားလည်
ခဲ့ကြောင်း ပြောကြားသွားသည်။
Nadja သည် HIV ပိုးရှိမှန်း သိလျှက်နှင့် အနဲဆုံး အမျိုးသား ၃ ဦးနှင့် လိင် ဆက်ဆံခဲ့ပြီး ထိုအထဲမှ တစ်ဦးကို ရောဂါကူးစက်စေမှု အတွက် စွဲချက်တင်ခံရခြင်း ဖြစ်သည်။ထိုသူသည် ၂၀၀၄ ခု တွင် ၃ လ တာ ကာလ အတွင်း ၇ ကြိမ် အတူအိပ် ခဲ့ပြီး ယခု ၃၄ နှစ်ရှိ ပြီ
ဖြစ်သည်။
Nadja သည် Frankfurt တွင် မွေးဖွားခဲ့ ပြီး Dreieich နှင့် Langen တွင် ကြီးပျင်းလာသူဖြစ်သည်။သူမ ဘ၀ သည် ခက်ခဲ ကြမ်းတမ်းပြီး
သူမ အသက် ၁၇ နှစ် အရွယ် တွင် သမီး တစ်ယောက် ရရှိခဲ့သည်။
စဉ်းစားစရာ ကောင်းတာ ကတော့ ဒီခောတ် ကြီးမှာ အမျိုးသားကကော ဘာကြောင့် ကိုယ့်ကိုကိုယ် ကာကွယ် ဖို့ အဆောင် မသုံးစွဲသလဲ။
ဒီအမှုကကော တရား မျှ တမှု ကော ရှိရဲ့လား၊ တွေးစရာ ကောင်းတယ်။