iMyanmarAds

အထူးတိုက်တွန်းနှိုးဆော်ချက်

မြန်မာမိသားစုဝင်အားလုံးတို့အား မေတ္တာဖြင့်တိုက်တွန်းအပ်ပါသည်....
ယခုအခါ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် မြန်မာတိုင်းရင်းသား မဟုတ် သော အကြမ်းဖက်သမားများက ဒေသခံတိုင်းရင်းသားတို့အား အကြမ်း ဖက်တိုက်ခိုက်ခြင်း၊ ရပ်ရွာမီးရှို့  ခြင်း၊ ပစ္စည်းလုယူခြင်း၊ လူသတ်ခြင်းများ
ကြောင့် ဒေသခံတိုင်းရင်းသားများမှာ သေဆုံးသူများရှိသလို ဒဏ်ရာရသူ များလည်း အများအပြားရှိကြောင်း သိရပါသည်။ နေအိမ်ကိုစွန့်၍ အသက် လုထွက်ပြေးရသူများလည်း အများအပြားရှိပြီး ထောင်နှင့်ချီကာ 
ဒုက္ခရောက်နေကြပါသည်။ 

ဒုက္ခရောက်နေသော ညီနောင်တိုင်းရင်းသားများအား ဂျာမဏီရောက် မြန်မာများလည်း စိတ်ဓာတ်ရေးရာအရ ထောက်ခံအားပေးလျက်ရှိ ပါကြောင်း ဒေသခံတိုင်းရင်းသားဒုက္ခသည်များကို ပြသလိုပါသည်။ သို့ဖြစ် ပါ၍ ညီနောင်ရခိုင်တိုင်းရင်းသား ဒုက္ခသည်များ၏ လတ်တလော စားဝတ်
နေရေး ကျန်းမာရေးတို့အတွက် ဂျာမဏီရောက်မြန်မာများမှ စေတနာ အလျောက် နည်းများမဆိုကုသိုလ်ပါဝင်လှူဒါန်းနိုင်ကြပါရန် မေတ္တာဖြင့် နှိုးဆော် တိုက်တွန်းအပ်ပါသည်။ 

ကုသိုလ်ပါဝင် လှူဒါန်းလိုသူများအနေဖြင့် ဘုန်းကြီးကျောင်းသို့ဆက် သွယ်၍ ဆရာတော်များအားလျှောက်ထား စာရင်းပေးသွင်းနိုင်ပါသည်။ 
0 comments