iMyanmarAds

အမျိုးသားများ အတွက် ဆီးလမ်းကြောင်း ရောဂါကနေ ကာကွယ်ဖို့ အလိုအပ်ဆုံး အစာငါးမျိုး


အမျိုးသမီးငါးဦးမှာ တစ်ဦးဟာ ဆီးလမ်းကြောင်း ရောဂါရလေ့ရှိတယ်။ တကယ်တမ်းမှာ တစ်ကိုယ်ရေ သန့်ရှင်းရေးနည်း မမှန်လို့ ဖြစ်တာပါ။ ဆီးဖျော်ရည် သောက်ပေးရင် ဆီးကျင်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

ဒီလိုပဲ အမျိုးသားတွေအတွက်လည်း ဆီးလမ်းကြောင်း ရောဂါကနေ ကာကွယ်ဖို့ အစားအစာငါးမျိုး ရှိပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီး ဖျော်ရည် သို့မဟုတ် ခရမ်းချဉ်သီး ဆော့နှစ်ထားတဲ့ ပီဇာမုန့်တွေ များများစားရင် ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်ပါတယ်။ ခရမ်းချဉ်သီး ဆော့မှာ ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့ အဆီတစ်မျိုးပါဝင်တယ်။ ဒါကြောင့် ပီဇာနဲ့ တွဲဖက်စားလို့ အကောင်းဆုံးဖြစ်နေတာပါ။

ကနုကမာကောင်

ကနုကမာကောင်ဟာ ကာမသုခဆေး တစ်မျိုးလို့ ဒဏ္ဍာရီမှာ ဆိုထားပါတယ်။ ကနုကမာကောင် နှစ်ကောင်၊ သုံးကောင်စားရင် တစ်နေ့တာ လိုအပ်တဲ့ သုတ်အပြည့်အဝ ရတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂ်ါဖီစိမ်းဟာ အမျိုးသားများ အဖြစ်များတဲ့ ဆီးအိမ်ကင်ဆာကို ကာကွယ်နိုင်ပါတယ်။ သိပ္ပံပညာရှင်များဟာ လူ ၅ဝဝဝဝ နီးပါး နေ့စဉ်စားသုံးမှုကို စစ်ဆေးရာ ဆယ်နှစ်အတွင်း မစားသုံးသူတို့ထက် ဆီးအိမ်ကင်ဆာဖြစ်ဖို့ လျော့နည်းကြောင်း တွေ့ရတယ်။ ဆီးအိမ်ကင်ဆာ အတွက်ဆိုရင် ပန်းဂေါ်ဖီစိမ်းနဲ့ဂေါ်ဖီထုပ်ဟာ အကာအကွယ် ပေးနိုင်ဆုံး ဖြစ်ပါတယ်။

မြေပဲနဲ့ထောပတ်

ကျန်းမာကြံ့ခိုင်တဲ့ နှလုံးကို အလိုရှိရင် နံနက်ပိုင်းမှာ ပေါင်မုန့်မီးကင်နဲ့ မြေပဲထောပတ် စားရင် အမျိုးသားများ နှလုံးရောဂါ ဖြစ်ခြင်းမှ ကင်းဝေးနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန် ပင်ဆယ်ဗီးနီးယား တက္ကသိုလ် သုတေသီများက အမေရိကန် နှလုံးအဖွဲ့အစည်းက ပြဋ္ဌာန်းတဲ့ အမျိုးအစား(၁) အစာရဲ့ ကိုလတ်စထရော လျှော့ချနိုင်စွမ်းကို တွေ့ရှိခဲ့ရာ မြေပဲစားသုံးခြင်းမှာ အဆီ ၃၅ ရာခိုင်နှုန်းရှိပြီး ၂၄ ရက်ကျော်ရင် ဆိုးရွားတဲ့ ကိုလတ်စထရောများ မလျော့ပါးနိုင်ပါ။ မြေပဲဟာ အဆီဓာတ် အနည်းငယ်မြင့်ပေမဲ့ အများအတွက် သင့်လျော်ပါတယ်။ နှလုံးရောဂါကို လျော့ပါးစေတယ်လို့ ဆိုပါတယ်။

ဖရဲသီး

အသက် ၅၅ နှစ်အရွယ်မှာ အမျိုးသမီးများထက် အမျိုးသားများမှာ သွေးတိုးရောဂါ ဖြစ်ကြတယ်။ ပိုတက်ဆီယမ် ပါတဲ့အစာတွေ က သွေးတိုးနဲ့ လေငန်းဖြစ်နှုန်းကို လျော့ကျစေနိုင်တယ်လို့ သုတေသီများက ဆိုပါတယ်။ (FDA) က ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အစာဟာ သွေးတိုးရောဂါလျော့စေတယ်လို့ အတိအလင်း ကြေညာထားပါတယ်။ တစ်နေ့မှာ ပိုတက်ဆီယမ် ၂ဝဝဝ မီလီဂရမ် သို့မဟုတ် ဖရဲသီးတစ်လုံး မှီဝဲသင့်ပါတယ်။