iMyanmarAds

မွေးသာမွေး၍ မကျွေးနိုင်ရှာသူ မိခင် လေးမြွှာပူး ရင်းသွေးလေးများအတွက် နို့မှုန့် အလှူခံ

ကိုအောင်ကျော်စိုးမိသားစုမှ ၄င်းမိသားစုအတွက်လှူဒါန်းလိုက်သော အလှူငွေ မြန်မာကျပ် ၁၅၀၀၀၀ကို
မြန်မာလူမှုရေးအသင်းမှ ကျနော်(စိုးခင်)ကိုယ်တိုင် ၄င်းမိသားစုထံသို့ သွားရောက်လှူဒါန်းကူညီခဲ့ ပါတယ်။
၎င်းမိသားစုတွင် အရင်ကတော့ သားသမီး၂ယောက်ရှိပါတယ်၊ အခုလေးမြွားပူးထပ်မွေးတော့စုစုပေါင်း သားသမီးငယ်ပေါင်း (၆)ယောက်ဖြစ်သွားတော့ မိဘနှစ်ပါးစလုံးအလုပ်မလုပ်ရတော့ဘဲ၊ ကလေးထိန်း
အလုပ်ကိုသာလုပ်ရပါသဖြင့်၊ အလှူရှင်များပေးကမ်းမှုအပေါ်မှာသာမှီခိုနေရပါတော့တယ်။




................................................................................................................
'ကျွန်မတို့လင်မယား မစား ရရင်နေပါစေ ကလေးတွေ အတွက် နို့မှုန့်ဘူးလေး လှူပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်'' အထက်ပါ စကား ကို ညှိုးငယ်သောမျက်လုံး တုန်ယင်သော အသံနဲ့ ပြောလာသူကတော့ မွန်ပြည် နယ် ပေါင်မြို့နယ် ဝတ်ကြီးကျေးရွာ မှ မသီတာဖြစ်သည်။ သူမသည် လွန်ခဲ့သော ခုနစ်လ ခန့်က ထူးထူးခြားခြား လေးမြွှာပူး ကို မွေးဖွားခဲ့သော (တိုးတိုး၊ နှင်းနှင်း၊ ထွန်း ထွန်းနဲ့ နွေးနွေး) လေးမြွှာ ပူးမောင်နှမ တို့ ၏ မွေးသမိခင်ဖြစ်သည်။ ---
Thit Htoo Lwin သတင်းမှကူးယူဖေါ်ပြပါသည်။
မိမိတို့ ၏ရင်သွေးခလေးငယ်များကို၊ ပြုစုနေကြရသော ဂျာမနီရောက် မြန်မာမိခင်များမှ မသီတာတို့ 
မိသားစု၏ဘ၀ဒုက္ခအခြေအနေကို ၊ မပြောပြသော်လည်း၊ သိရှိနာလည်ခံစားနိုင်ကြပါလိမ့်မည်။ 
ဂျာမနီရောက်ညီအစ်ကိုမောင်နှမမျာ၊ စေတနာရှင်များမှ ကူညီထောက်ပံ့မည်ဆိုလျှင် ၊ လူမှုရေး
အသင်းမှ ၄င်းမိသားစုဆီသို့ ရောက်ရှိစေရန်တာဝန်ယူကူညီပေးပါမည်။